Professional Authors

အယူခံ

အချိန်တွေ တရွေ့ရွေ့မှာ
ငါ့အချစ်တွေ နင်မေ့ပြီလား…မေ။

နင့်အနားမှာ ငါ့ကိုမထားလဲ
စိတ်အစဉ်မှာတော့
နင့်အရိပ်တွေ ထင်ဆဲပါ…မေ။

ရေးပေးဖူးတဲ့ ခံစားချက်အတိတ်တစ်ခု
ဘာတွေရေးမှန်းမသိဘူးဆိုတဲ့ စကားစုနဲ့
နင် ဥပက္ခာပြုရက်တယ်နော်…မေ။

အချစ်ကို ကိုင်စွဲ ဘ၀ကို တိုက်တဲ့ပွဲမှာ
ဘုရင်မတွေ မိဖုရားတွေ မတမ်းတဘူး
လက်တွဲဖော်ရဖို့ပဲ ငါ့စိတ်တွေ ပြင်းပြခဲ့တာပါ…မေ။

ဘ၀ကို စီးချင်းထိုးတဲ့ငါ့အတွက်
နင့်အပြုံး၊ စကားလုံးတွေက
အားဆေးတစ်ခွက်ဆိုတာရော သိရဲ့လား…မေ။

ငါ့အနာဂါတ်ရယ်လို့ စာကပ်ခဲ့တဲ့နင့်ကို
တစ်ခုလောက် တောင်းဆို ငါနည်းနည်း ငိုပါရစေ
မနက်ဖြန်ဆိုတဲ့ ခရီးရှည်တွေမှာ
နင့်အတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့
ရှင်သန်ခြင်းတွေ အသက်ဆက်ချင်ရဲ့…မေ။

In: ကဗျာ Posted By: Date: Feb 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment