Professional Authors

ဥစ္စာစောင့်

အလွမ်းတွေကို
ကြိုးကျစ်သီ
အဲသည် ဒန်းလေးမှာပဲ…
အထီးကျန်ခြင်းတွေ ခိုစီး
ကျိန်စာတွေနဲ့  အစွဲအလန်းကြီးလို့ 
သည်ပန်းလေး…
ပေးမခူး
ခူးမရ
ဘယ်ရက်…ဝဋ်ကျွတ်ဖို့  မက်မှားမိသလား
မရှိကို အရှိထင်မှားမိသလား

သြော်
အချစ်တဲ့လား
“သိုက်” နဲ့ တူပါတယ်
ဒါပေမယ့်…
……………
ငါက ဥ…စ္စာ…စောင့်…

In: ကဗျာ Posted By: Date: Feb 17, 2011
Comment #1

Ha ha ha cool man

commentinfo By: Kolatt at Feb 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment