Professional Authors

အသဲကွဲ valentine

valentine’s day…တဲ့
အသိအမှတ်ပြုချစ်ချင်းရဲ့…နေ့မြတ်
နင်…ပျော်နေပါစေ
ငါ….ရင်ထဲက ဆုတောင်းမိတယ်
ချစ်တယ်..ပြောခဲ့တဲ့နင်စကားတွေ
မုသားတွေများခဲ့ပေမယ့်
ငါတသက်လုံးစာ……
ယုံပေးပါတယ်…။

အတွေးတွေ…ဆွေး..
အဆွေးတွေ…တွေး…
နင့်ဓာတ်ပုံလေးကို…ငေး
ဓာတ်ပုံလေးက ငါ့ကိုငေး……လွမ်းတယ်။

ချောကလက်….နဲ့..
အခြားသောလက်ဆောင်တွေ…မလိုချင်ခဲ့ဘူးလို့
ငါပြောရင်…နင်ယုံကြည်ပါ….
ငါ့နား နီးနီးလေး…..ရှိစေချင်တယ်
နင့်..ရင်ခုန်သံလေး….ကြားချင်လို့။

အရင့်အရင်ကတည်းက
ငါကနင့်ရဲ့…အစားထိုးခံ
အခုချိန်မှ……
မရှိမဖြစ်လိုအပ်စေဖို့…
ဆုတောင်းမနေတော့ဘူး…
မပြည့်နိုင်တဲ့ လိုအင်အတွက်
နတ်တွေလည်း….စိတ်ညစ်ရမယ်။

ငါ့အတွက်..
ဒီနေ့အလွမ်းပိုနက်တယ်ချစ်သူ…
မနေ့ညက……
အိပ်ရေး….မရခဲ့ဘူး…
အချစ်ရဲ့မနာလိုခြင်းဆိုတာ
“အားငယ်ခြင်း”ကအခြေခံတယ်
အမုန်းနဲ့အချစ်မှာ
တူညီတဲ့အမြစ်
“သံယောဇဉ်”နဲ့…အခြေခံတယ်
ငါ့ရဲ့သံယောဇဉ်…..
နင့်အတွက်…တန်ဖိုးမဲ့မှတော့
ဒီတဘ၀အတွက်..
ထာဝရ
လှဲလျောင်းလောင်ကျွမ်းခွင့်အတွက်
နင့်နှုတ်ဖျားမှ….မီးစ
တစ်ပွင့်နှစ်ပွင့်လောက်
စွန့်ကျဲပါ
ရွက်ခြောက်ပင်အတွက်..လုံလောက်စေတယ်။

တဒင်္ဂနဲ့တဘ၀စာ..
ချစ်တတ်ခဲ့လို့…
အလွမ်းတောနက်ထဲမှာသာ
ချာချာလည်ခွင့်…..
valentine မှ..ပေးသနားပါ။

ဒီလိုနဲ့……….
ဒီလိုနဲ့ပဲ………….
အသဲကွဲသူအတွက်..နေရာမဲ့တဲ့
ဒီနေ့ရက်ထဲ…….ငါ့ကို….အစဉ်မေ့ဖျောက်ကြပါ…။

In: ကဗျာ Posted By: Date: Feb 14, 2011
Comment #1

အသည်းကွဲ Valentine……..
အရမ်းကောင်းပါတယ်

commentinfo By: moehtetaung18 at Feb 14, 2011
Comment #2

တဒင်္ဂနဲ့တဘ၀စာ..
ချစ်တတ်ခဲ့လို့…
အလွမ်းတောနက်ထဲမှာသာ
ချာချာလည်ခွင့်…..
valentine မှ..ပေးသနားပါ။

ဒီလိုနဲ့……….
ဒီလိုနဲ့ပဲ………….
အသဲကွဲသူအတွက်..နေရာမဲ့တဲ့
ဒီနေ့ရက်ထဲ…….ငါ့ကို….အစဉ်မေ့ဖျောက်ကြပါ…။
အားပေးသွားပါတယ် မမိုး.

commentinfo By: genius.jinx28 at Feb 14, 2011
Comment #3

ငါ့အတွက်..
ဒီနေ့အလွမ်းပိုနက်တယ်ချစ်သူ…
မနေ့ညက……
အိပ်ရေး….မရခဲ့ဘူး…
အချစ်ရဲ့မနာလိုခြင်းဆိုတာ
“အားငယ်ခြင်း”ကအခြေခံတယ်
အမုန်းနဲ့အချစ်မှာ
တူညီတဲ့အမြစ်
“သံယောဇဉ်”နဲ့…အခြေခံတယ်
ငါ့ရဲ့သံယောဇဉ်…..
နင့်အတွက်…တန်ဖိုးမဲ့မှတော့
ဒီတဘ၀အတွက်..
ထာဝရ
လှဲလျောင်းလောင်ကျွမ်းခွင့်အတွက်
နင့်နှုတ်ဖျားမှ….မီးစ
တစ်ပွင့်နှစ်ပွင့်လောက်
စွန့်ကျဲပါ
ရွက်ခြောက်ပင်အတွက်..လုံလောက်စေတယ်။

ခံစားရပါသည် ၊၊ 🙁

commentinfo By: လမင်းဇော် at Feb 14, 2011
Comment #4

အမုန်းနဲ့အချစ်မှာ
တူညီတဲ့အမြစ်
“သံယောဇဉ်”နဲ့…အခြေခံတယ်

ကြွေတယ်ဗျာ

commentinfo By: nanpyisoke at Feb 14, 2011
Comment #5

နင့်ဓာတ်ပုံလေးကို…ငေး
ဓာတ်ပုံလေးက ငါ့ကိုငေး……လွမ်းတယ်။ ဆိုပဲ …. ။

commentinfo By: ထူးဝေ at Feb 14, 2011
Comment #6

အတွေးတွေ…ဆွေး..
အဆွေးတွေ…တွေး…
နင့်ဓာတ်ပုံလေးကို…ငေး
ဓာတ်ပုံလေးက ငါ့ကိုငေး……လွမ်းတယ်။

ကောင်းတယ်ဗျာ
ကြိုက်တယ်
🙂

commentinfo By: anatyong at Feb 14, 2011
Comment #7

အသဲကွဲ ဗာလင်းတိုင်း တဲ့လား လား

commentinfo By: gadounlay at Feb 14, 2011
Comment #8

ကျေးဇူးအများကြီးတင်ပါတယ်….အားပေးတဲ့မောင်နှမများအားလုံး

commentinfo By: အသဲကွဲမိုး at Feb 15, 2011
Comment #9

ငါ့အတွက်..
ဒီနေ့အလွမ်းပိုနက်တယ်ချစ်သူ…
မနေ့ညက……
အိပ်ရေး….မရခဲ့ဘူး…
အချစ်ရဲ့မနာလိုခြင်းဆိုတာ
“အားငယ်ခြင်း”ကအခြေခံတယ်
အမုန်းနဲ့အချစ်မှာ
တူညီတဲ့အမြစ်
“သံယောဇဉ်”နဲ့…အခြေခံတယ်။…….စာသားတွေကလေးနက်ပြီး တွဲလုံးတွေအရမ်းမိုက်လာတယ်…..
အားပေးနေပါတယ်……။

commentinfo By: terry at Feb 15, 2011
Comment #10

terry ပြောသလိုပဲ စာသားတွေက လေးနက်ပြီး တွဲလုံးတွေ အရမ်းမိုက်တယ်…
အဖြည် အထုပ်လေးတွေ ကြိုက်တယ်…

Comment #11

ကြိုက်တယ် … သိလား

commentinfo By: eintmyat at Apr 13, 2011
Comment #12

ကောင်းပါတယ်

commentinfo By: yewintthu at Apr 25, 2011
Comment #13

မမ အသဲကွဲမိုး အားပေးပါတယ် …။နောက်နှစ် Valentine ကျရင် အသဲမကွဲဘဲ ပျော်ရွှင်နိုင်ပါစေ…..။ဆုတောင်းပေးလျက်……။

Comment #14

Goodddddddddddddddddddddddddddddddd.

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011
Comment #15

မမမိုး
တကယ်ကောင်းတယ်ဗျာ…။လေးစားပါတယ်..။

commentinfo By: ဇင်မင်း at Jul 29, 2011
Comment #16

အသဲကွဲ valentine တဲ့လား ကြားရတာနဲ့တင် စိတ်မကောင်းဘူး ။ ကဗျာလေး အားပေးသွားတယ်ဗျာ ။

commentinfo By: X - ray at Aug 6, 2011
Comment #17

မိုးကိုအမြဲ..အားပေးတဲ့မောင်နှမများအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်

commentinfo By: အသဲကွဲမိုး at Aug 7, 2011
Comment #18

အချစ်ရဲ့မနာလိုခြင်းဆိုတာ
“အားငယ်ခြင်း”ကအခြေခံတယ်

commentinfo By: nwenyeinaye at Aug 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment