Professional Authors

ခရမ်းပြာဝိုင် (၄)‎

နွေပန်းချီ၊
လေပွေသီ ဖြေရာမဲ့လို့၊
ဝေဒနာဖွဲ့တေး။
နှုတ်အပြောချို၊
ဥသြပျို လွမ်းတေးသံက၊
နွမ်းဆွေးဟန်ပေး။

ပိတောက်ဝါ၊
တယောက်သာ တေးကဗျာဖွဲ့၊
ဝေးကွာခဲ့လေး။
စဉ်အမြဲသာ၊
ရင်ထဲမှာ သူသာရှိလို့၊
ပူပါဘိသေး။

ဖွင့်မပြောသာ၊
တင့်မောစွာ နေလေတော့ကွယ်၊
မေကျော့ငယ်ထွေး။
မလှမ်းသာ၊
လွမ်းကဗျာသီရဆွေးပေါ့၊
ခရမ်းပြာညီမလေးရယ် ..‎
ဒီဘဝဝေး။ ။

အဟောင်းလေးတွေပဲ ပြန်တင်ပါရစေဦး …

ကျေးဇူးပါ

ဟယ်ရီ

In: ကဗျာ Posted By: Date: Jun 6, 2009
Comment #1

ကောင်းတယ်ဗျာ..။

commentinfo By: kyagee13 at Jan 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment