Professional Authors

ဆူး

မသွားပါနဲ့တစ်ခြားတစ်ယောက်ဆီ

မင်းရဲ့ပြောင်းလဲမှုတွေ ငါသိနေတယ်

မင်းရဲ့ အကြောင်းပြချက်တွေ မခိုင်လုံတာ ငါသိတယ်

မင်းက တစ်ခြားတစ်ယောက်အတွက် လိမ်တတ်နေပြီ

သိသိနဲ့ အညာခံရတာ သိပ်မွန်းကြပ်တယ်

ငါ့ရှေ့မှာ မင်းစိတ်တွေသူ့ဆီမှာ……..

ငါမသိဘူးလို့မင်းထင်နေခဲ့

လုစားသွားတဲ့ မုန့်တစ်ခု ပြန်လုဖို့ ငါ့စိတ်က မရဲဘူး

အလှကြည့်ဖို့သိမ်းထားတာ

 နှစ်ဦးကတိပြုခဲ့တယ်လေ

တကယ်ဆို မင်းကတောင် တားရမှာ……..

အခုတော့ ၀ိုင်တစ်ခွက်နဲ့ မျှောချလိုက်ပြီ

မသွားပါနဲ့…………………….

တစ်ခြားတစ်ယောက်ဆီ။

In: ကဗျာ Posted By: Date: Feb 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment