Professional Authors

ဟန်ဆောင်အကောင်းဆုံး ပြိုင်ပွဲ

ပြိုင်ပွဲ တစ်ခုတဲ့ ခေါင်းစဉ်မှာ တွေ့လား…… ၊
ပြိုင်ပွဲ ဆိုတာ
တစ်ယောက်နဲ့တစ်ယောက် ၊ နှစ်ယောက် နဲ့ တစ်ယောက်
အများနဲ့တစ်ယောက် စသဖြင့် ၀င်ရောက်ယှဉ်ပြိုင်ကြ…
ပြိုင်ပွဲမှာ အမှတ်ပေးမဲ့ လူ ၊ အဆုံးအဖြတ်ပေးမဲ့ သူ
ယှဉ်ပြိုင်ချိန်မှာ စည်းမျဉ်းစည်းကမ်း ၊ အချိန်အကန့်အသတ်…..စသဖြင့်
ပြိုင်ပွဲ တစ်ခု ……….

ဒါပေမယ့်
အခုရေးချင်တဲ့ ပြိုင်ပွဲ ဆိုတာလေးက
အများနဲ့မတူ တမူထူးခြားပေါ့ ..။

ပြိုင်ပွဲမှာ သူ နဲ့ ငါ
အသေအလဲ ယှဉ်ပြိုင်တာ
အများ အမြင်မှာ……….

ပြိုင်ပွဲမှာ ဘယ်သူ အနိုင် (သို့) အရှုံး
ဝေဖန် အကဲဖြတ် အမှတ်ပေးကြပေတော့…။

ပြိုင်ပွဲက စိတ်ဝင်စား စရာတော့ မကောင်းလှပေ
ဘယ်သူ “ဟန်ဆောင်ကောင်း”တဲ့
လူသွား လူလာ ရှင်းတဲ့ လမ်းကြားထဲ ဆာဗူသီး ဆိုင်လေး တစ်ခုက
တိတ်ဆိတ်လှ၏
သူ နဲ့ ငါ တို့ကြားမှာ
ဘယ်သူမှ မသိနိုင်သည့်
ပြိုင်ပွဲ တစ်ခု တိတ်တဆိတ် ကျင်းပခြင်း ဖြစ်၏ ။

တစ်ယောက် နဲ့ တစ်ယောက် ခွဲရတော့မယ်
တွေ့ဆုံခြင်းက ဒါနောက်ဆုံးမို့
နောက်ဆုံးတွေ့ဆုံခြင်းမှာ တစ်ယောက် တစ်မျက်နှာ
ဝအောင်ကြည့်သွားချင်သက်သက်နဲ့
ရင်မှာ ဘယ်လောက် ၀မ်းနည်း ၀မ်းနည်း
ပြုံးပြုံးလေးနဲ့သာ ခွဲကြေးတဲ့….။

ဒီအချိန်မှာ မျက်ဝန်းအကြည့်တွေ
“မျှား” သာဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲ
ရင်ခွင်နှလုံးသားထိ စိုက်ဝင်သွားပြီး
နှစ်ယောက် အတူ နောက်ဘ၀ တစ်ခု ကူး…..။
ဒါပေမယ့် …..
နောက်ဆုံး တိတ်ဆိတ်ခြင်းကို
သူက စဖြိုခွဲ ဘာပြောတယ် မှတ်လဲ ( အပြုံးလေးလုပ်ယူပြီးပြောခြင်း)
“ ငါသွားတော့မယ် ဒီပွဲ ကျသင့်တာ နင်ပဲ ရှင်းလိုက်တော့နော် ..”
 ( အပြုံးလေးလုပ်ယူပြီးပြောခြင်း)
“နေဦး… ဒီကိစ္စက ငါ့ အတွက် အသေးအဖွဲလေးပါ ၊ နင်သာ ကိုယ့်ကိုယ်ကို
ဂရုစိုက်နေပါ ကွယ်ရာမှာ အလဲအကွဲ ရူးနေဦးမယ် ”
တဒင်္ဂ တိတ်ဆိတ်သွားသည်…
သူ တစ်ချက် ပြုံးလိုက်ပြီး ထသွားပြီး
သူ့ နောက်မှာ တတွင်တွင်နဲ့ ခေါင်းခါ ကျန်တဲ့
ငါကပဲ ကျသင့်တာ ရှင်း ။

အသဲအသန် စကားတွေ မပြောဖြစ်ခဲ့ကြပေမယ့်
အပြင်းအထန် ရင်မှာ ဒဏ်ရာ ကိုယ်စီ
ရခဲ့ကြတယ်……။

ပြုံးပြုံးလေးနဲ့ ထွက်သွားတဲ့ သူကပဲ
ဟန်ဆောင်ကောင်းတာလား
ခေါင်းခါရင်း ကျန်ရစ်တဲ့ ငါကပဲ
ဟန်ဆောင်ကောင်းတာလား

တကယ်ဆို …သူများအတွဲတွေလို
ခွဲခွါခါနီး အလွမ်းခန်းမှာ ဖက်နမ်း
မခွဲနိုင် မခွါရက် တစ်ယောက်နဲ့ တစ်ယောက် ပွေ့ဖက်
အသဲယားစရာ အက်ရှင်တွေနဲ့ ……ဖြစ်သင့်တယ်
ဒါပေမယ့် အဲဒီနေ့ ခွဲခွါခြင်းမှာ
အများနဲ့မတူ
တမူထူးခြား ဟန်ဆောင်ကောင်းသူ
နောက်ဆုံးမှာ ဘယ်သူ………….
တကယ်ဆို နှစ်ယောက်သား တကယ်ချစ်လျှက်သားနဲ့
တအား ပွေ့ဖက်ချင်လျှက်သားနဲ့
——————————-
——————————-

အခုတော့ ငါတို့ ရင်မှာ ဒဏ်ရာ ဗလပွရပြီးတော့
ဒီလို ဟန်ဆောင်အပြုံးလေးနဲ့သာ ခွဲရပြီပေါ့………

In: ကဗျာ Posted By: Date: Feb 12, 2011
Comment #1

အရမ်းမိုက်တယ်
ကြိုက်ပါတယ်
ပြီးတော့ ………..အားကျတယ်

commentinfo By: စုနိုင် at Feb 13, 2011
Comment #2

အားကျရင်လိုက်လုပ်ပါ….ဟိဟိ…း)

commentinfo By: chitsoelinnn at Feb 13, 2011
Comment #3

စောက်ရမ်းမိုက်တယ် . .
ဖတ်ရင်နဲ့တောင် ကျက်သီးထတယ် . .

commentinfo By: nanpyisoke at Feb 13, 2011
Comment #4

တအားမိုက်သွားလား။။

commentinfo By: gadounlay at Feb 14, 2011
Comment #5

ဒီအချိန်မှာ မျက်ဝန်းအကြည့်တွေ
“မျှား” သာဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲ
ရင်ခွင်နှလုံးသားထိ စိုက်ဝင်သွားပြီး
နှစ်ယောက် အတူ နောက်ဘ၀ တစ်ခု ကူး…..။
…………….
အားပေးသွားတယ်…

commentinfo By: အသဲကွဲမိုး at Feb 14, 2011
Comment #6

အားပေးသွားတဲ့ စုနိုင် ၊ chitsoelinnn ၊ nanpyisoke ၊ အသဲကွဲမိုး အားလုံးကို ကျေးဇူး ….. အထူး……..

commentinfo By: gadounlay at Feb 15, 2011
Comment #7

ရင်နှင့်အမျှ ခံစားရပါတယ်ဗျာ အားပေးနေပါတယ်ဗျာ

commentinfo By: Demon at Feb 26, 2011
Comment #8

he,,he,,
hman like lay chin

commentinfo By: ei lay at Feb 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment