Professional Authors

… (သို့) ရှုံးနိမ့်ခြင်း

မျောလွင့်နေတဲ့စိတ်ကူးတွေကို
ဆုပ်ကိုင်ထားနိုင်ဖို့
သန်မာတဲ့လက်ချောင်းတွေမရှိဘူး …
ချည့်နဲ့နေတဲ့ စိတ်ကူးအိပ်မက်တွေဟာလည်း
ပျက်ပြယ်သွားတတ်တဲ့
ဆောင်းအိပ်မက်လိုပါပဲ …
တစ်စုံတစ်ရာကိုပိုင်ဆိုင်နိုင်ဖို့ဆိုပြီး
သက်ပြင်းတွေကို အလျော်အစားလုပ်
ဆုံးဖြတ်ချက်တစ်ခုကိုငါချခဲ့တရ် …
ရေရာနေတဲ့ ပစ္စုပန်အတွက်တော့
ငါ့ကြိုးစားမှုတွေက ဟားတိုက်ချင်စရာ
ဖြစ်နေခဲ့တရ် …
အတိတ်အရိပ်က ရုန်းမထွက်နိုင်တဲ့
ငါ့ကိုယ်ငါလည်း
တခါတခါ ရွံ့မုန်းတရ် …
ခက်ပြန်တာက မဝေးတော့တဲ့အနာဂတ်အတွက်
အစီအစဉ်တကျ စိတ်ကူးမရှိခဲ့တာပဲ …
တခါတလေတော့
လောကကြီးကို ကိုယ်ကဦးအောင်
ဟားတိုက်ပစ်ချင်ခဲ့တရ် …
ဘယ်လိုပဲဖြစ်ဖြစ်ပါ
ပိုင်ဆိုင်မှုတစ်စုံတစ်ရာမရှိလည်းပဲ
ကမ္ဘာမြေကြီးက နင်းလျှောက်ခွင့်ပေးမှာပါပဲ …
အဲဒီလို … ယုံကြည်ချက်တစ်ခုတည်းနဲ့
အဆုံးအစမဲ့ မိုးကုပ်စက်ဝန်းထဲ
ငါပျော်ဝင်ခဲ့တရ် …

In: ကဗျာ Posted By: Date: Feb 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment