Professional Authors

အမေဖွတ်ထားတဲ့ ပုံပြင်

ရေချိန်လွန်နေတဲ့ မြို့ပေါ်
ရထားတစ်စီး ဖြတ်လျှောက်သွားတယ်
အဆိပ်သင့်နေတယ့် ငှက်ကလေး
တစ်ယောက်တည်း ငိုနေရဲ့
ဘာတွေလဲ———-
ကမ္ဘာကြီး သူတောင်းစားဖြစ်နေလို့လား
ဘာတွေလဲ———–
ငါ့ခေါင်းပေါ် ချိုပေါက်နေလိုကလား
ဘာတွေလဲ————
လူ့အခွင့်ရေးဆိုတာ နောက်ဆုံးပေါ် နည်းပညာလား
သွားစမ်းပါ——
ကျေးဇူးပြု၍ သတိပြုရန်တွေ
ငါ့ကိုယ်ငါ မိတ်ဆတ်ပြီး
ပြတင်းပေါက်ပဲ ဖွင့်ရသေးတယ်
တနေ့ခင်းလုံး လင်းလျက်နဲ့
ဘုရားဆီက ဖယောင်းတိုင် ထွန်းရ
ဟောဒီမှာ
ရောင်းရန်မဟုတ်တဲ့ ရောင်းကုန်တွေ
တရားမ၀င်ဈေးနဲ့ ဘရာစီယာတွေ
ငွေနံသင်းနေတဲ့ ချစ်ခြင်းတွေ
အမေဖွတ်ထားတဲ့ ပုံပြင်တစ်ပုဒ်
ကျွန်တော်တွေ့ခဲ့ပါတယ်။။။။။။။။။ 
                                            လူစိမ်း

In: ကဗျာ Posted By: Date: Feb 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment