Professional Authors

ချစ်သူ….. (၅)

သူငယ်ချင်းများ၏ ၀ိုင်းဝန်းပြောမှုကြောင့် မကြာခင်မှာပဲ သူမ ဆီကအဖြေပေးမည် ဟူသော

စကားပြောလာသည်။အဲဒီနေ့က သူ ဘယ်လိုဖြစ်နေလဲမသိပေ ထိုင်ရမလိုလို ထရမလိုလိုစိတ်တွေကလဲ ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ အ၇မ်းလှုပ်ရှားနေသည်။သူမ ချိန်းသော အချိန်ရောက်ခါနီးလေ သူမှာရင်မောရလေပဲဖြစ်သည်။သူငယ်ချင်းများက စိတ်မပူရန် အခြေအနေကောင်းကြောင်း ပြောသော်လည်း သူ ကတော့ စိတ်ပူတာကတော့ ပူတာပါပဲ အဖြေအတွက်ကတမျိုး နောက်ပြီး ဘာတွေအဆင်မပြေတာ ဖြစ်မလဲ ဆိုပြီး စိတ်ပူတာကတမျိုးသူမှာကတော့ သူ့ကိစ္စနဲ့သူလေ သူမနှင့် ပက်သက်တိုင်းအရာရာလွဲချော်ပြီး တခုခုတော့ဖြစ်တက်လွန်းတာကြောင့်ပါ။နောက်ပြီး မနက်ဖြန်က ချစ်သူများနေ့ ဖေဖော်ဝါရီလ ၁၄ ရက်။

သူမကလဲ ဒီနေ့မှ အဖြေပေးမည်တဲ့။သူအရမ်းပျော်သည်။အမှတ်တရနေ့မဟုတ်လား။ဒီနေ့ လူတိုင်း ပျော်ရွင်နေကြသလို သူလဲပျော်သည်။ဒီနေ့အဆင်ပြေပါစေလို့သာဆုတောင်း နေရသည်။မနက်ဖြန်ဆို ချစ်သူများနေ့။သူမ ချိန်းထားသောနေရာသို့ရောက်သောအခါအချိန်ကတော့ စောနေသေးသည်။မကြာမီ သူမ ရောက်လာသည်။ခေါင်းငုံ့ပြီး လျှောက်လာပုံလေးက ချစ်စရာကောင်းနေသည်။ ရှည်လျားသော ဆံနွယ်များက သူမ မျက်နှာလေးကို မခို့တရို့လေး ကွယ်ဝှက်ထားသည်။သူရှေ့သို့ရောက်လာသည်။နောက်ပြီး တိုးတိုးလေး သူ့ကိုပြောသည်။

“ရော့ စာအုပ် မနေ့က ယူထားတာ လာပြန်ပေးတာ သွားတော့မယ်”

“ဟင်”

သူ အံ့သြသွားသည်။ပြောတော့ အဖြေပေးမလို့ချိန်းတာဆို။မနေ့က သူမက သူဆီကကျောင်း စာအုပ်တအုပ် တောင်းလို့ ပေးလိုက်ရသည်.အခု အဲဒီစာအုပ်ကိုလာပေးတာတဲ့။ဘာလဲ ။သူကို သက်သက်ပညာပေးတာလား။ သူမကိုကြည့်နေလိုက်သည်.

“ဘာကြည့်တာလဲ”

“အဖြေပေးမယ်ဆို”

“အင်းလေ အဖြေပေးပြီးပြီးလေ”

“ဟင် ဘယ်မှာလဲ ဘာမှလဲမပြောရသေးဘူးလေ”

“ဟာကွာ..ပြောရမှာရှက်လို့ စာအုပ်ထဲထည့်ပေးလိုက်တာ သွားတော့မယ်”

ပြောပြောဆိုဆို သူရှေ့ကပြေးထွက်သွားသည်။သူမကို ငေးကြည့်နေမိပြီး ကြောင်နေမိသည်။

နောက်မှ သတိရကာ စာအုပ်ကိုဖွင့်မည်လုပ်တော့…

“ဟာ..ကောင်းကြီး အတော်ပဲ မင်းကိုတွေ့တာနဲ့ ငါ့ကို တခုလောက်ကုညီပါကွာ”

ဘယ်ကနေဘယ်လို သူ့သူငယ်ချင်း၁ယောက်က ပေါ်လာလဲမသိ သူ့လက်ထဲကစာအုပ်ကိုကြည့်ကာပြောလေသည်။

“အဲဒီစာအုပ် ခဏလောက်ငှားပါကွာ”

“ဟင်..ဘာလို့ငှားရမှာလဲ မငှားပါဘူး”

“ခဏလေးပါကွာ..နောက်ပြီးပြန်ပေးမယ် ဒီနေ့ပြန်ပေးမှာပါကွာ”

သူ့ လက်ထဲက စာအုပ်ကိုအတင်းဆွဲယူတော့သည်။သူကလဲ မလွတ်တမ်းဆွဲထားသည်။သူကလဲ မပေးပေ ပေးလို့ရမလား ဒီအထဲမှာ သူ့အတွက်အရေးကြီးသော အဖြေရှိတယ်လေ။ဟို၁ယောက်ကတော့ မသိပဲ စာအုပ်ကိုအတင်းတောင်းနေတော့သည်။

“မင်းက ဘာလုပ်ဖို့လဲ စာအုပ်ကို”

“အရေးကြီးလို့ပါကွာ မင်းကလဲ ဒါလေးငှားတာ ဘာဖြစ်လို့လဲ”

“အေးပါကွာ..ငှားပါ့မယ် ခဏလေးပါ ခဏလေးပါ”

သူ မြန်မြန်ဆန်ဆန် စာအုပ်ကိုဖွင့်ကြည့်လိုက်ရသည်။အထဲမှာ ပန်းရောင်စာအိတ်လေးတခု။

သူပျော်သွားသည်။စာအိတ်ကိုယူလိုက်ပြီး နမ်းလိုက်သည်။သူငယ်ချင်းက သူ့ကိုကြည့်ကာကြောင်နေသည်။

“ရော့ ဒီမှာ မင်းယူချင်တဲ့စာအုပ် မပေးလဲရတယ် ယူသွားတော့”

သူ စာအိတ်ကို ဖောက်လိုက်သည်။စာအိတ်ထဲမှာ ပို့စကဒ်လေးတခု အထဲမှာကတော့ I LOVE YOU လို့ရေးထားသော စာတန်းလေးတခု သူပျော်သွားသည်။အဲဒီတော့မှ သူငယ်ချင်းလဲသဘောပေါက်သွားသည်။

“၀မ်းသာပါတယ် ကောင်းကြီးရာ ငါလဲ အရေးကြီးလို့ ဘာမှန်းမသိပဲ အတင်းတောင်းမိတာပါ”

“ရပါတယ်ကွာ ယူသွားလေ ရပြီး”

“အေး ကျေးဇူးပဲကွာ သွားပြီး”

“အေး အေး”

အဲဒီတော့မှ သူ သက်ပြင်းချမိသည်။တော်ပါသေးရဲ့။စာအိတ်လေး ရလိုက်လို့ တခုမဟုတ် တခုကတော့ ဖြစ်သေးတယ်။တော်သေးတယ် ပြသာနာကြီးကြီးမားမားမဖြစ်လို့။ချစ်သူရဲ့ အဖြေလွာကို ရင်ခုန်ကြည်နှူးစွာ ဖွင့်ကြည့်ခွင့်မရရပဲ အလျင်အမြန်ဖွင့်ကြည့်ရသော သူရဲ့ အဖြစ်ပါပဲ။ဘာပဲဖြစ်ဖြစ် မနက်ဖြန်ကိုမျှော်လင့်ရင်း ပျော်နေမိသည်။

In: ဝတ္ထု Posted By: Date: Dec 31, 2010
Comment #1

he,,he,,,

commentinfo By: ei lay at Sep 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment