Professional Authors

ချစ်သူ….. (၄)

သူမအိမ်ကို သိပြီးနောက်ပိုင်း သူ ကျောင်းဖွင့်ရက်တွေဆို ညနေပိုင်း ကျောင်းပိတ်ရက်တွေဆို မနက်တစ်ခေါက် ညနေတစ်ခေါက် သူမဆီသို့ေ၇ာက်ခဲ့သည်။ကြာလာတော့ သူမလဲလည်းရိပ်မိ စပြုလာသည်သူမ သူငယ်ချင်း တွေကလဲတွေ့တိုင်းစ နောက်နေကြသည်။သူလည်း သူမကိုဖွင့်ပြောချင်သည်။သူငယ်ချင်းများ ကလဲဖွင့်ပြောရန် တိုက်တွန်းကြသည်။သူကလဲမိန်းကလေးသူငယ်ချင်းများစွာရှိသော်လည်းသူမရှေ့ရောက်လျှင်ဘာမှမပြောရဲ

တော့ပေ။သူဖွင့်ပြောမည်ဟုဆုံးဖြတ်လိုက်သည်။သူ၏ပထမဆုံးရည်းစားစကားပြောပုံသည်မည်သူနှင့်မျှမတူပေ။

“ မိုး”

“ရှင်”

”ကိုယ်ပြောစရာရှိလို့”

သူငယ်ချင်းများ၏ကောင်းမှုကြောင့် ၂ယောက်ထဲတွေ့ခွင့်ရသည်။သူ ရင်တွေ အရမ်းခုန်နေသည်။သူမ ဆိုဘယ်လိုနေမလဲ မသိ။

“ဟုတ်ကဲ့”

“ဟိုလေ ဘယ်ကနေစပြောရမလဲ မသိဘူး”

“ရှင်”

“အော် ပြောစရာတွေကများလွန်းလို့ ဘယ်ကစပြောရမလဲမသိဘူးလို့ပြောတာပါ”

“ရပါတယ်ပြောပါ ဘာပြောမှာလဲ”

သူမ ကစိတ်မရှည်စွာနဲ့ပြောလေတော့သည်။

“မိုး….. ဆံပင်တွေက အရှည်ကြီးပဲနော် သူများတွေနဲ့မတူဘူးနော် အရမ်းလှတယ် မိုး..ကို ကိုယ်ချစ်တယ်”

“ရှင်”

ဆိုင်လား မဆိုင်လားတော့ မသိပေ။သူကတော့ ပြောချင်ရာပြောလိုက်လေသည်။သူမ ပထမတော့ကြောင် သွားသည်။နောက်ကျတော့ တဖြည်းဖြည်းပြုံးစိစိဖြစ်လာသည်။ဘာမှတော့မပြောပေ။

“မိုး…ကိုယ်ပြောတာကြားတယ်နော်”

“ဟုတ်ကဲ့”

“မိုး..ကအ၇မ်းအေးချမ်းတယ် မိန်းမဆန်တယ် ရိုးရိုးအေးအေးလေး ကိုယ့်ကိုဘယ်တော့ အဖြေပေးမလဲဟင်”

“ရှင်”

သူမ အံ့သြသွားသည်။သူကတော့ ဘာမှမသိပေ။သူမပုံစံလေးကရယ်ချစ်စိတ်ကိုမနည်းထိန်းထားရတဲ့ပုံပင်။ဒါပေမယ့် မရယ်ပေ။

“မိုး..ကိုယ်မေးနေတယ်လေ”

“အင်း..အော်..မိုး..စဉ်းစားပါရစေဦးနော်”

“မကြာစေနဲ့နော် မိုး..မျက်လုံးလေးက အရမ်းအသက်ဝင်တာပဲကွာ”

“မိုး…. သွားတော့မယ်နော်”

သူ့စကားမဆုံးခင် သူမ ပြေးထွက်သွားသည်။သူ ကိုစိတ်ဆိုးသွားတာလား။ စိတ်ဆိုးတဲ့ပုံတော့မပေါက်ပေ။ ဒါဆိုဘာဖြစ်သွားလဲ သူပြောတဲ့စကားထဲမှာ အမှားပါသွားလို့လား။သူကတော့ ပြောတက်သလိုပြောလိုက်တာပဲ ဘာပဲဖြစ်ဖြစ်သူမကိုတော့ တကယ်ချစ်တာပါ။ဒါကိုသူမယုံပါစေလို့ပဲဆုတောင်းရတော့မည်။နောက်နေ့ကျတော့ သူ့ သူငယ်ချင်းများက သူကိုဝိုင်းဟားလေသည်။သူကဘာဖြစ်တာလဲမေးတော့လဲ မပြောပဲရယ်ပဲရယ်နေကြ သည်။နောက်မှ သူအတင်းမေးတော့မှပြောပြသည်။မနေ့ကသူမကို ဖွင့်ပြောတော့ သူမ ပြေးထွက်သွားခဲ့သည် အဲဒါဘာလို့လဲဆိုတော့ ရယ်ချင်လို့တဲ့ သူပြောတဲ့ ရည်းစားစကားက ရယ်စရာကောင်းလို့တဲ့ ဒါပေမယ့် သူမ မရယ်ရက်ပါဘူး သူမကို သူတကယ်ချစ်တာ သူမ သိသည်ပဲ ဒါပေမယ့် သူရည်းစားစကားပြောတာက ဘယ်လို မှန်းကိုမသိတာ သူများတွေလိုဘယ်လိုချစ်တာ ဘယ်လောက်ချစ်တာ ဘယ်တုန်းကချစ်တာအဲဒီလိုလဲမဟုတ်ပေ ရယ်ချင်စိတ်ကိုထိန်းကာ နားထောင်ပြီးနောက်ဆုံးပြေးထွက်လာခဲ့သည်တဲ့ အခန်းထဲရောက်တော့ သူမ အားရ ပါးရရယ်လေသည် သူငယ်ချင်းများကမေးသောအခါ သူမကသူ့ရည်းစားစကားပြောပုံ ကိုပြန်ပြောပြလေသည်။ သူ၏သူငယ်ချင်းများလဲ ရယ်ကြလေသည်တဲ့။သွားပါပြီး အဲဒီလောက်တောင် သူ ရည်းစားစကားပြောတာ ရယ်စရာကောင်းနေသလား။သူလဲ အဲဒီတော့မှ သူပြောခဲ့တာတွေကို ပြန်တွေးမိပြီးရယ်မိလေသည်။ ဟုတ်သားပဲနော်။ရည်းစားစကားတော့ ပြောလိုက်ပါတယ် ဒါပေမယ့် စကားတွေကသူတောင်စဉ်းစားရင် ရယ်ချင်လာသည်။သူအဖြစ်ကလဲ စတွေ့တုန်းကလဲ အလွဲလွဲ အချော်ချော် အခုရည်းစားစကားပြောတော့လဲ အထူးအဆန်း ဘာတွေမှန်းကိုမသိဘူးအင်း….အဖြေပေးတဲ့နေ့ကျရင်တော့ အဆင်ပြေပါစေလို့ ဆုတောင်းရမည်။

In: ဝတ္ထု Posted By: Date: Dec 31, 2010
Comment #1

he,,he,,

commentinfo By: ei lay at Sep 18, 2011
Comment #2

🙂

commentinfo By: ei lay at Feb 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment