Professional Authors

ချစ်သူ….. (၁)

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:10.0pt;
font-family:”Times New Roman”,”serif”;}

          မနက်ခင်းရွှေဝါရောင် နေရောင်ခြည်အောက်တွင် စိမ်းလန်းခြင်းနှင့်အတူ ကျောင်းတော်ကြီးက တိတ်ဆိတ်ငြိမ်သက်နေသည်။အသိပညာ၊အတက်ပညာ တို့ကို သင်ကြားပေးသော ကျောင်းတော်ကြီးက တည်ကြည်ခန့်ထည်နေသည်။မကြာမီ အချိန်အတောအတွင်းတွင် ရောက်ရှိလာတော့မည့် ရောင်စုံပန်းပွင့် လေးများကို ဥယျာဉ်ကြီးကဲ့သို့ ကျောင်းတော်ကြီးက ကြိုဆိုလျှက်ရှိသည်။ဒီနေရာ ဒီဌာနသည်  အဖြူရောင် နယ်မြေလည်းဖြစ်သည်။ဖြူစင်သောကျောင်းသူ ကျောင်းသားများ၏ ရယ်မောပျော်ရွင်သံစာပေများကို လေ့လာ လိုက်စားနေသော စာသင်သံများနှင့် လွမ်းမိုးနေပြီး အေးချမ်းလျှက်ရှိသည်။ပထမအရွယ်တွင် တက်ရသော နောက်ဆုံး ကျောင်းကြီးဖြစ်သလို နောက်ဆုံးကျောင်းသားဘ၀လည်းဖြစ်သည်။ဘ၀၏ ပူခြင်း ခါးခြင်း ချိုမြိန်ခြင်း အေးချမ်းခြင်းတို့ကို မသိနားမလည်သော ကျောင်းသားဘ၀။ထိုကျောင်းသားဘ၀တွင် ပျော်ရွင်ခြင်းများစွာ ရှိခဲ့ဖူးသည်။အမှတ်တရများစွာလည်းရှိခဲ့ဖူးကြမည်။လွမ်းမောဖွယ်ရာများလည်ကျန်ရစ်ခဲ့ဖူးကြမည်။တဖြည်းဖြည်းနှင့် ကျောင်းတော်ကြီးအတွင်းသို့ ကိုယ်စီရောက်လာကြသည်။မည့်သို့သောနေရာကပင်လာပါစေနောက်ဆုံးတွင် “ ဒဂုံတက္ကသိုလ် ” ဟူသော ကျောင်းတော်ကြီး၏ ရင်ခွင်တွင် ပျော်ရွင်ချမ်းမြေ့စွာ အဆုံးသတ်ဆုံတွေ့ကြရစမြဲပင် ဖြစ်သည်။

“ဟေ့….coffee mix plain  တစ်ခွက်”

“မုန့်ဟင်းခါး အကြော်နဲ့တစ်ပွဲ အလွတ်တစ်ပွဲ နံနံပင်မထည့်နဲ့နော်”

“ဟဲ့..မြန်မြန်လုပ် pratical ရှိတယ်၊ ၀င်းမာ မြန်မြန် သောက်လေဟာ နောက်ကျရင် အခန်းစောင့်ဆရာမ အော်နေဦးမယ် ဆရာမ က အပြောကြမ်းတာ သိတယ်မဟုတ်လား”

“ဟေ့ကောင်…အတန်းသွားတက်မယ်လေ”

“အဟား..ပျော်စရာကြီး ဒီနေ့တနေကုန် ၂ ချိန်ပဲရှိတယ်”

ကျောင်းကင်းတင်းဟုခေါ်သော စားသောက်ဆိုင်များမှာ ဆူညံသောအသံများနှင့်လွမ်းမိုးနေသည်။ဒါသည်လည်း ကျောင်းတော်ကြီး၏ ပျော်ရွင်ဖွယ်ရာ နံနက်ခင်းမြင်ကွင်းဖြစ်သည်။အလူအပင်ကင်းမဲ့ပြီးလွတ်လပ်ကြည်နှူးသော လှုပ်ရှားမှုများဖြစ်သည်။ကျောင်းထဲတွင် အစည်ကားဆုံးနေရာကိုပြပါဆိုလျင် ကျောင်းကင်းတင်ကိုသာ ပြရလိမ့်မည်။  မနက်ကျောင်းတက်ချိန်မှ စတင်ကာ ညနေကျောင်းဆင်းချိန်အထိ လူပြတ်သည်မရှိပေ။ အမြဲတမ်းစည်ကားလျှက်ရှိသည်။

“ ကောင်းကြီး မင်း ဒီနေ့ မိုး ဆီမသွားသေးဘူးလား”

“သွားမှာပေါ့ကွ ဒီနေ့မနက်ပိုင်း သူတို့ pratical ရှိတယ်ကွ ဒါကြောင့် ငါ အေးဆေးနေတာပေါ့ ”

“အေး ဒါဆိုလဲပြီးတာပဲ မင်း ဘယ်အခြေအနေ ရောက်နေပြီးလဲ အခြေအနေရော ကောင်းရဲ့လား”

“ဘယ်လိုပြောရမလဲ မသိပါဘူးကွာ အရမ်းအဆိုးကြီးလဲ မဟုတ်သလို အကောင်းကြီးလဲမဟုတ်ဘူး”

“ ဘာပဲဖြစ်ဖြစ်ကွာ မရ ရအောင်လိုက် အကူအညီလိုရင် ငါ့ကိုပြော”

“အေးပါကွာ ဒါနဲ့ မင်းရော ကောင်မလေးနဲ့အဆင်ပြေရဲ့လား”

“ငါတို့ကပြေပါတယ် ဟိုနေ့ကတောင် သူကမင်းကို မေးနေသေးတယ် အတွဲမရသေးဘူးလားတဲ့ ”

“ငါလည်းကြိုးစားနေပါတယ်လို့ ပြောလိုက်ကွာ”

“အေးပါ ငါပြောလိုက်မယ် ကဲ ငါ့မဒီလေးဆီ လစ်လိုက်ဦးမယ် နေ့ခင်းမှတွေ့မယ်ကွာ သြော် ဒါနဲ့ မင်းအတန်းတက်ဦးမှာလား ”

“ဒီနေ့ တော့တက်မယ်ကွာ”

“မင်းတက်ရင် ငါ့အတွက် rollcall ထိုးခဲ့နော် ငါ မတက်တာများနေပြီး ”

“အေးပါကွာ မင်းဘာသာ စိတ်ချလက်ချသွား”

“ဒါဆို ငါ သွားပြီး ”

ထင်ကျော်စကားအဆုံးကင်းတင်းမှထွက်သွားသည်။ကောင်းဇေဦးတယောက်ထဲကင်းတင်းတွင်ကျန်ရစ်ခဲ့သည်။သူငယ်ချင်းအားလုံးအလျှိုလျှိုထွက်သွားကြသည်။သူတို့အားလုံး၏ဦးတည်ရာကသူတို့၏ရည်းစားများဆီသို့။

ရည်းစားမရှိသောသူတယောက်သာအမြဲတမ်းကျန်ခဲ့သည်။သူတွင်ရည်းစားမရှိသည်မဟုတ်။အခုမှကြိုးစားနေဆဲ

              သူနှင့်သူ့ကောင်မလေးဆုံတွေ့ပုံကရယ်စရာကောင်းလှသလိုစိတ်တိုစရာလဲကောင်းလှသည်။ အဖေ နှင့် သားနာမည်ကို မှားခေါ်ခြင်းဖြစ်သည်။သူမ က အရင်က သူတို့ဖယ်ရီကားကို စီးသည်မဟုတ် ၊အခြားကားကို စီးသည်။အခုမှ သူတို့ဖယ်ရီကားကို လာစီးခြင်းဖြစ်သည် ။ဒါကြောင့် ကားပေါ်ကလူတွေကို သူမ မသိပေ။နာမည်နှင့် လူကိုလည်းမတွဲမိပေ။ကျောင်းကားဆိုတော့ သိသည့်အတိုင်းပဲ အသံများနှင့် ဆူညံနေတက်သည်။ တက္ကသိုလ်၏ လွတ်လပ်ခွင့်ကိုအပြည့်အ၀ ခံစားကြသည်။

“သားကြီး လာဦး မင်းကိုပြောစရာရှိလို့ ”

“ အေး လာပြီး ”

“ဟေ့ကောင် ငကြောင် မင်းဘာပေါက်ကရတွေ ပြောမလို့လဲ”

“အံမယ် လောရှည် မင်းအခုမှ ဘာကြောက်နေတာလဲ လုပ်တုန်းကလုပ်ပြီး ”

“ဟိုကောင် လဒ မင်းစတဲ့ ဇာတ်လမ်း မင်းဘာသာသွားရှင်း ”

စသော အသံများနှင့်ဆူညံနေသည်။နာမည်ရင်းများ မခေါ်ပဲ နာမည်ပြောင်များခေါ်ခြင်းသည် တက္ကသိုလ်၏ ချစ်စရာအလေ့အထတခုပင်ဖြစ်သည်။နာမည်ပြောင်ခေါ်ခြင်းသည် တစ်ယောက်နှင့်တစ်ယောက် မှတ်မိလွယ် သည်။ ရင်းနှီးလွယ်သည်။သူ ကိုကျတော့ နာမည်ပြောင်မခေါ်ပေ။ဒါကြောင့်လဲသူမနှင့်ရင်းနှီးခင်မင်ခွင့်ရခဲ့သည်။ သူနာမည်က ကောင်းဇေဦး သူ့အဖေနာမည်က ကောင်းဇံလင်း။ဒါကြောင့် သူ့ကိုကောင်းဇံလင်း ဟုနောက်ပြောင် ခေါ်သည်။ အဖေနှင့်သား နာမည်ကဆင်တူနေသည်။တခါတလေ ကောင်းကြီး ဟုခေါ်သော်လည်း ကောင်းဇံလင်း  ဟုလည်းခေါ်သည်။သူမက ဒါကိုမှတ်ထားပုံရသည်။

In: ဝတ္ထု Posted By: Date: Dec 31, 2010
Comment #1

ကိုယ်တွေ့ဝတ္ထု လေးဖြစ်မလား…..။

commentinfo By: အောင်ရဲသူ at Jul 7, 2011
Comment #2

ဖြစ်နိုင်ပါတယ်…… ကိုယ့်ေ၇ှ့မှာဖြစ်တဲ့ အဖြစ်ဆိုတော့ ကိုယ်တွေ့လို့ ပြောလို့ရပါတယ်….

commentinfo By: thaeswezin at Jul 7, 2011
Comment #3

ကောင်းပါတယ်…..။ ကျန်တာတွေကို ဆက်ဖတ်ချင်ပေမယ့် …။ မျက်စေ့ညောင်းသွားလို့ မဖတ်ဖြစ်တော့ဘူးးးး….။

commentinfo By: အောင်ရဲသူ at Jul 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment