Professional Authors

ယုံကြည်မှုဘာသာ

ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျောင်းမှာဆို ဘာသာတရားတွေနဲ့ ပတ်သက်ပြီး သူငယ်ချင်းအချင်းချင်း အနိုင်ယူ ငြင်းခုံလေ့ရှိကြတယ်။ အပြစ်ကင်းစင်တဲ့ကလေးဘ၀ဆိုတော့ နာရမယ်ဆိုတာလည်း မသိဘူး ရင်ထဲမှာ စကားနိုင်လုချင်တဲ့ စိတ်ကလေးပဲ ရှိတယ်။ အပြောခံရတဲ့သူရော ပြောတဲ့သူရော ဘာကိုမှ ခံစားမနေဘူး။ ဘာဘဲပြောပြော ငြင်းခုံရင်း ပျော်ရွှင်စရာကောင်းတာကတော့ အမှတ်တရပါဘဲ။
ကျွန်တော်တို့ အရွယ်ရောက်လာတဲ့အခါမှာ မိမိတို့နဲ့ဆိုင်ရာ ဘာသာတရားတွေကို လူများစုကတော့ ပိုမိုသက်ဝင်ခဲ့တယ်ဆိုရင် မှားမယ်မထင်ဘူး။ ဒါပေမယ့် ရင်ထဲမှာ အခြေမခိုင်မှုတွေနဲ့ မိမိတို့ မသက်ဆိုင်တဲ့ ဘာသာတွေကို အထင်မကြီး မလေးစားတာတွေလည်း ရင်ထဲမှာ အလိုအလျှောက်မွေးဖွားလာစမြဲပါ။
ဒီမှာ ကျွန်တော်ပြောချင်တာက ဘယ်ဘာသာမှာဘဲ ဖြစ်ဖြစ်ကောင်းတာတွေ ဆိုးတာတွေ ရှိပါတယ်။ ဘာသာတိုင်းကတော့ မကောင်းမှုကို အများအားဖြင့် ပယ်ကြတာချည်းပါဘဲ။ သူ့အချက်နဲ့သူ၊ သူ့ယုံကြည်မှု့နဲ့သူတော့ ကောင်းတာတွေချည်းပါဘဲ။
သမိုင်းသက်သေတွေ မရှိဘဲ လူတွေကိုးကွယ်တဲ့ ဘာသာတရားဆိုတာ မရှိပါဘူး။ ခိုင်မာမူ့ တည်တံ့မှုတွေ ရှိလို့သာ ဒီနေ့ ဒီအချိန်ကာလအထိ ရပ်တည်နေကြတာချည်းပါဘဲ။
ကျွန်တော် ငယ်ငယ်ကတည်းက ဘာသာတရားတွေကို သိပ်စိတ်ဝင်စားတယ် ပထမတော့ ဘာသာရေးဆိုင်ရာ ပုံပြင်၊ ရာဇ၀င်၊ ဇာတ်နိပါတ်တွေ၊ ပြီးတော့ လက်လှမ်းမှီရာ တရားစာအုပ်တော်တော်များများကိုလည်း ဖတ်တယ်၊ ရှိသမျှဘာသာတွေအားလုံးကို လေ့လာခဲ့တယ်။ ဥာဏ်မှီသလောက်ပေါ့။ ဥာဏ်မမှီတာတွေက များပါတယ်လေ။
ဒီမှာ ကျွန်တော်ပြောချင်တာကတော့ လူတိုင်းမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာ ရှိတယ်။ သူများကိုးကွယ်လို့ လိုက်ကိုးကွယ်တာမျိုးတွေ မရှိစေချင်ဘူး တစ်ခုခုကို သေသေချာချာနက်နက်နဲနဲ ယုံကြည်မှသာလျှင် ကိုယ့်ရင်တွင်းသာသနာဟာ ဘယ်သူဖျောက်ဖျောက် မပျောက်နိုင်မှာပါ။ ဘာမှ မသိဘူး သူများကိုးကွယ်လို့ လိုက်ကိုးကွယ်တယ်ဆိုရင် ဒီလူတစ်ယောက်က အချိန်မရွေး အကြောင်းအမျိုးမျိုးကြောင့် ဘာသာပြောင်းသွားနိုင်တယ်။ ဘာလို့လဲ သူ့မှာ ယုံကြည်သက်ဝင်မှု မရှိလို့ပါဘဲ။ ဘယ်ဘုရားမှ လူလိမ်ကို ထောက်ခံအားပေးနှစ်သက်တာ မရှိပါဘူး။
ကျွန်တော်က ဗုဒ္ဒဘာသာဝင်တစ်ယောက်ပါ။ ဒါကြောင့် ကျွန်တော့်ခံယူချက်နဲ့ ထင်မြင်ယူဆချက်ကိုပဲ ချပြမှာပါ။ လက်ခံတာ လက်မခံတာကတော့ စာဖတ်သူတွေ ကိုယ်တိုင်ပါဘဲ။
ကျွန်တော်ဟာ လွတ်လပ်မှုကို မြတ်နိုးတယ်။ လူတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်တွေကို တန်ဖိုးလည်းထားတယ်၊ လေးလည်း လေးစားတယ်။ လူသားဆန်တာကို ကြိုက်တယ် ဆိုပါတော့။
ကျွန်တော် ဗုဒ္ဒဘာသာကို ယုံကြည်သက်ဝင်ရတဲ့ အကြောင်းအရာတွေရှိတယ်။ ဘာလို့လဲ ကျွန်တော်တို့ ကိုးကွယ်အားထားရာ မြတ်စွာဘုရားဟာ လူသားတစ်ယောက်ဖြစ်လို့ပါဘဲ။ လူတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်တွေ ရပိုင်ခွင့်တွေအားလုံးကို အပြည့်အ၀ အသုံးချသွားတာပါ။ ကျွန်တော်တို့ နေ့စဉ်ရင်ဆိုင်ရတဲ့ ဒုက္ခတွေ သောကဗျာပါဒတွေကို မြတ်စွာဘုရားကိုယ်တိုင် ခံစားသွားခဲ့တာပါ။ လူသားတွေ လုပ်နိုင်တဲ့ လမ်းစဉ်တွေကိုပဲ ချပြသွားတာပါ။ ဒါကြောင့် လူသားတွေနဲ့ အနီးစပ်ဆုံးသော ဘုရားတစ်ဆူပါဘဲ။
ကျွန်တော်က မမြင်နိုင်တဲ့ တန်ခိုးရှင်ကို အယုံအကြည်ရှိတဲ့သူတစ်ယောက်မဟုတ်ပါဘူး။ မရှိဘူးလို့ မဆိုလိုဘူး။ ရှိချင်လည်း ရှိလိမ့်မယ် ဒါပေမယ့် ကျွန်တော် အားကိုးလို့ မရတာပါ။ ကျွန်တော် လုပ်နိုင်တဲ့ လမ်းကိုပဲ ကျွန်တော်ရွေးချယ်တယ်။ မမြင်ရတဲ့ေ၀၀ါးနေတဲ့ လမ်းကိုတော့ ရွေးချယ်ဖို့ရန် ယုံကြည်မှုနဲ့ သတ္တိအင်အားမရှိဘူးခင်ဗျ။
ကျွန်တော်တို့ မြတ်စွာဘုရားဟာ ဘယ်သူ့ကိုမှလဲ ငါ့ကို ကိုးကွယ်ပါလို့ မပြောဘူး။ ငါ့နောက်လိုက်မှ မင်းချမ်းသာမယ်လို့လည်း မပြောဘူး။ မင်း လိုက်ချင်လိုက် မလိုက်ချင်နေ၊ ဒါကတော့ ဒီလိုရှိတယ်။ ငါလည်း ဒီလို ဖြတ်ကျော်သွားတယ်။ မင်း ငါ့လို ဖြတ်ကျော် ချင်ရင် ဒီလမ်းတွေ ရှိတယ်။ မင်းလုပ်တာ မလုပ်တာ မင်းအပိုင်း၊ မင်းလုပ်ရင် မင်းရမယ်၊ ငါလုပ်လို့ ငါရတယ်၊ ကျန်တာ ငါနဲ့မဆိုင်ဘူးဆိုတဲ့ လွတ်လပ်တဲ့ အတွေးအခေါ်တွေရှိတဲ့ လူသားဘုရားပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ခုလိုချင်နေတဲ့ ဒီမိုကရေစီနဲ့ ခပ်ဆင်ဆင်ပါဘဲ။
မြတ်စွာဘုရား ဟောခဲ့တဲ့ နောက်ထပ်စကားတစ်ခွန်းကို ကြိုက်သေးတယ် “လောကမှာ မရှိတာ မရှိဘူး၊ မဖြစ်သေးတာနဲ့ ဥာဏ်မမှီ သေးတာနဲ့ပဲ ရှိတယ်” ဆိုတဲ့ စကားပါဘဲ။ ရိုးရှင်းပြီး ယနေ့ထက်တိုင် မှန်နေတဲ့ စကားတစ်ခွန်းပါဘဲ။
ကျွန်တော်က သူများအားကိုးရတာကို မကြိုက်ပါဘူး။ ကိုကိုယ်တိုင်ကိုပဲ အားကိုးချင်တယ်၊ ကိုယ့်ကိုကိုဘဲ ယုံကြည်တယ်။ ကိုယ်လုပ်ရင် ကိုယ်ရမယ်ဆိုတာကိုလည်း ယုံကြည်တယ်။
တကယ်လို့သာ တန်ခိုးရှင်တွေက လူသားတွေကို ဖန်တီးတာလို့ ပြောရင် မေးစရာရှိတယ် ဘာလို့ ဖန်တီးတာလဲလို့ အေးအေးချမ်းချမ်းဖြစ်နေတာကို ဒုက္ခရောက်အောင် တမင်သက်သက်လူဖန်ဆင်းပြီး ဒုက္ခပေးတာလားလို့ပေါ့။ လူဖြစ်တာတောင်မှ
ကွဲပြားမှုပေါင်းများစွာနဲ့ တစ်ယောက်နဲ့တစ်ယောက်မတူကြဘူး။ ဖြူဖြူကျော်သိန်းဆိုသလိုဘဲ ဇာတ်ဆရာအလိုကျ ကျွန်တော်တို့ လူသားတွေကို ကြိုးဆွဲကစားနေတာလား? သူများအသက်စတေးမှ ကိုယ်က ကောင်းရာမွန်ရာရောက်မယ်ဆိုရင် ဒီကမ္ဘာမှာ တိရိစ္ဆာန် တွေကြီးစိုးပြီး လူတွေကို သတ်ရင် ဘယ်လိုလုပ်မလဲ? ရေငုံနှုတ်ပိတ် အသေခံကြမလား? ကပ်သီး ကတ်သတ် မေးစရာ မေးခွန်းတွေ အများကြီး ရှိတယ်။ ဒီလိုဘဲ ကျွန်တော်တို့ ဗုဒ္ဒဘာသာကိုလဲ ဘာသာခြားတွေက မေးစရာတွေ အများကြီးရှိမယ်လို့ ထင်တယ်။
ဘယ်လို ပြောပြော ဘာသာတစ်ခုကို ကိုးကွယ်ပြီဆိုမှတော့ ယုံကြည်သက်ဝင်မှုရှိအောင် ကြိုးစားကြပါလို့ ပြောချင်တယ်။ သူများပြောတိုင်း လက်မခံဘဲ ကိုယ်တိုင် စဉ်းစားတွေးခေါ်နိုင်ပြီး မှန်ကန်သော လမ်းကို ရွေးချယ်နိုင်ပါစေလို့။

(၁၉-၁၁-၂၀၁၀)
လိပ်ပြာ

Comment #1

အလို ….ကောင်းလိုက်တာရော။ ကိုလိပ်ပြာကစာပေတော်တော်လိုက်စားတယ်နော်။ အရေးအသားတွေကတော့ ရှယ်မိုက်တယ်ဗျာ။ ။ ပြောထားတဲ့စကားတွေက ကျွန်တော်သိတာထက်ကိုအများကြီး ကိုပိုတယ်။ ကောင်းပါတယ်ဗျာ။ ။ ကျွန်တော်တို့ကတော့ အများကြီးကိုသင်ယူရဦးမယ်ဗျ။ ။
နောက်လည်းအများကြီးရေးနိုင်ပါစေဗျာ။ ။
အားပေးလျက်ရှိသော……………မိုးသီး

commentinfo By: မိုးသီး at Dec 16, 2010
Comment #2

ခုလို လာအားပေးလို့ ကျေးဇူးတင်ပါတယ် မိုးသီးရာ . . . ကျွန်တော်လည်း မိုးသီးတို့လိုပဲ လေ့လာ သင်ယူဆဲပါ…

Comment #3

ကိုလိပ်ပြာ လာအားပေးသွားပါတယ် ကိုလိပ်ပြာကို တခုလောက် တောင်းဆိုချင်ပါတယ် buddha ဘာသာဝင်တွေ အတွက် ၀ိဿနာနဲ့ ပက်သက်တာလေးတွေကိုလဲေ၇းစေချင်ပါတယ် စောင့်မျှော်အားပေးနေပါတယ်။

commentinfo By: dan at Dec 28, 2010
Comment #4

ခုလို အားပေးတာ ကျေးဇူးတင်ပါတယ် ကိုဒန်ရယ် ကျွန်တော်လည်း သိပ်သိတဲ့သူတော့ မဟုတ်ပါဘူး။ သိသလောက်လေးတွေတော့ မျှဝေပေးသွားမှာပါဗျာ။ အထူးကျေးဇူးတင်ပါတယ်ဗျာ.. စာရေးဖို့ အားတွေလည်း ရသွားပါတယ်။

Comment #5

hote de naw.
kou loak hma ko ya hmar pop.
koh kou ko yone kyi ya me,
thu myar pyaw tine ma yone ne.
kou lo chin yin kou ko tine kyoe sar,,reasons tway ma pay ya bu,
kou pine sin sar sone phyat ya me

commentinfo By: ei lay at Jan 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment