Professional Authors

ဖရီး၏ ဂန္ထ၀င်အခမဲ့မှတ်စုများ (တစ်)

(၁) ပြည်ချစ်ပုဂ္ဂိုလ် ( who love Pyi? )

မိတ်ဆွေတစ်ဦးက ပြည် သူများကို ချစ်သည်တဲ့ ။ သို့သော် ပြည်သားများကိုမချစ်ပါတဲ့ ။ ပြည်သူ..အများစုမှာ လှသောကြောင့်ဟု ဆိုပါသည်။ (မှတ်ချက်၊ ပြည်သူ=ပြည်မှမိန်းကလေးများ)

(၂) အာသွက်သူများ (fast speakers)

ကမ္ဘာပေါ်တွင် စကားအမြန်ဆုံးပြောသူများမှာ ရက်ပါများဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြပါသည်။

(၃) ခွဲတမ်း (quota)

ရယ်သောသူ အသက်ရှည်သည်ဟု အများစုက ဆိုပေမယ့် ကျွန်တော်ကတော့ မရယ်ရဲတော့ပါ။ အဘယ်ကြောင့်ဆိုသော် အသက်ရှည်နေပါက နတ်ပြည်ရောက်ရန် ကြာနေကာ သိကြားမင်း၏ GSM ဖုန်း ခွဲတမ်းကိုမမှီမှာစိုးလို့ဖြစ်သည်။

(၄) ထောင်ထွက်များ (jail out)

ကျွန်တော့်တွင် မိတ်ဆွေအများအပြားရှိရာ အများစုမှာ ထောင်ထွက်များဖြစ်ပါသည်။ မိတ်ဆွေတစ်ဦးနှင့်တွေ့ရာ သူက မနက်ကမှ ထောင်ကထွက်လာကြောင်းပြောပါသည်။ ထောင်ထွက်များနှင့်ပေါင်း၍ကျွန်တော့်ကို လူဆိုး တစ်ယောက်ဟုမထင်ပါနှင့်။ ကျွန်တော်တို့အားလုံးက ခြင်ထောင်နှင့် အိပ်၍ ဖြစ်ပါသည်။

(၅) မှုခင်းအတိုအထွာ ( short crime news)

သူမရေချိုးနေစဉ် တိတ်တဆိတ် ချောင်းမြောင်း ကြည့်ရှုမှုဖြင့် မိန်းကလေးတစ်ယောက်က အိမ်မြှောင် တစ်ကောင်အားတရား စွဲဆိုထားပါသည်။

ကွဲကွာနေသော ချစ်သူဟောင်းအား နောက်မှ သားရေကွင်းဖြင့် လုပ်ကြံပစ်ခတ်မှုဖြင့် အမျိုးသားတစ်ဦး အား တရားရုံးမှ ထောင်ဒဏ် ၁၅ မိနစ် ချမှတ်လိုက်ပါသည်။ ( သတင်းထောက်အာဖျံရွှီး၊ လေဖမ်းရမ်းတုတ် ဂျာနယ် ပေးပို့သည်။)

(၆) သမိုင်းတွင်သူ (historic person)

သင်သည် သမိုင်းတွင်ရစ်သူ တစ်ဦး ဖြစ်လိုပါက သမိုင်းတွင် ရစ်ဘီးဖြင့် စွန်သွားလွှတ်ရန် အမည်မဖော်လိုသူ ဦးတုတ်ကြီးမှပြောကြားပါသည်။ သတင်းထောက်အာပလာ(မဟုတ်တရုတ် ဂျာနယ်) ပေးပို့သည်။

(၇) သန့်လေးသန့် ( 4 ways project)

သန့်လေးသ န့် စီမံချက် အရ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ကျန်းမာရေးအတွက် အီး မေး ဖွင့်ဖတ်ပြီးတိုင်းလက် ကို စင်အောင်ဆေးကြရန် တာဝန်ရှိသူများက ပြောကြားကြပါသည်။

( ပြောမဆုံးပေါင်တောသုံးတောင် http://asnstar.blogspot.com တွင်နောက်ထပ်များစွာဖတ်ရှုနိုင်ပါသေးသည်)

ရယ်မောပျော်ရွှင်နိုင်ကြပါစေ (မေတ္တာဖြင့် ကိုကိုဖရီး)

In: ဝတ္ထု Posted By: Date: Nov 17, 2010
Comment #1

rofl,,
😛
million ths

commentinfo By: ei lay at Jun 20, 2012
Comment #2

read & feel again

commentinfo By: ei lay at Oct 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment