Professional Authors

နှလုံးသားတနေရာမှာ…… (ငါး)

သူကကျောင်းဆင်းလျှင် သူမတို့လာတော့မှ ပြန်သည် သူမကလဲ ကျောင်းသို့စောစောသွားချင်သည် အတန်းတခုနှင့်တခုက ၁နာရီလောက်ခြားသည် သူအတန်းလွတ်ချိန်နှင့် သူမကျောင်းသို့ရောက်သောအချိန်တူညီလာသည် ပထမတော့ သူမ သူငယ်ချင်းများကိုအကြောင်းပြကာ စောစောလာတာလို့ပြောခဲ့သည်  သူကလဲ သူ့သူငယ်ချင်းကိုစောင့်နေတာဟုပြောတာ အတူတူစကားပြောဖြစ်ခဲံကြသည် သူနှင့်စကားပြောဖြစ်တော့မှ သူရဲ့ ဖြူစင်ရိုးသားမှုတွေကို မြင်တွေ့ခဲ့ရသည် စကားပြောလျှင် အေးဆေးစွာပြောတက်သောသူ သူမ စကားပြောလျှုင် ငေးကြည့်ပြီးပြူံးကာ နားထောင်တက်သောသူ ..သူမ ဘာပြောပြော အဆိုးဘက်ကမမြင်ပဲအကောင်းဘက်ကသာမြင်တက်သူ သူမရယ်စရာပြောလျှင် သဘောကျစွာရယ်တက်သည့် သူရဲ့ရယ်သံလေးက ချိုသာလှသည်သူဘေးနားမှာပဲ အမြဲနေချင်မိတာ ဘာကြောင့်ပါလဲ သူမကိုယ် သူမလဲနားမလည်တော့ပေ သူကတော့သူမကို မရိုးသားသောအကြည့်လေးတောင် မကြည့်ခဲ့ပေ သူမကတော့ သူမျက်လုံးကို မကြည့်ရဲပေ တခုခု တွေ့သွားမှာစိုးတယ်လေ
ယုယ
ရှင်
သူမ သူ့ကိုလှမ်းကြည့်ကာ ထူးလိုက်လေသည်
ပြောစရာရှိလို့
ဘာပြောမလို့လဲ ပြောလေ
သူမကို စိုက်ကြည့်လေသည် သူ့အကြည့်က တမျိုးတော့ တမျိုးပါပဲဒါပေမယ့် သူမ မထင်ရဲပေ
ဘာ… ဘာမှမဟုတ်ပါဘူး ဒီနေ့ စာတွေကအရမ်းခက်တာပဲနော် ယုယလိုက်နိုင်ရဲ့လား
သူရဲ့ စကားကြောင့် သူမ ကြောင်သွားသည်
အော်..အင်း..အင်း ဟုတ်တယ်နော် တဖြည်းဖြည်းခက်လာပြီး
သူမတို့ ၂ယောက်ကြား တခဏ တိတ်ဆိတိသွားသည်
ယုယ လူ ၁ယောက်ကိုချစ်ဖူးလား
ရှင်
သူမ လန့်သွားသည် သူ တခုခုသိနေသလား သူမနဲ့ပတ်သတ်ပြီးတော့ပေါ့
စိတ်မဆိုးနဲ့နော် ယုယ ကျွန်တော်ကမေးကြည့်တာပါ မဖြေချင်လဲရတယ်
စိတ်မဆိုးပါဘူး ဘယ်လိုဖြေရမလဲ မသိလို့ပါ
ဒါဆိုလဲ မဖြေနဲ့တော့နော်
သူရဲ့စကားကြောင့် သူမ ဆက်ပြီးဘာပြောရမလဲ မသိတော့ သူမက သူနဲ့ပက်သကိတဲ့ခံစားချကိအနည်းငယ်ကိုတော့ပြောပြချင်သည်
ဒါပေမယ့် သူကမဖြေနဲ့တော့တဲ့ ….
နောက်နေ့ကျတော့ ယုယ နေမကောင်းဖြစ်တော့သည် အအေးမိသွားသည် ကျောင်းသို့မသွားနိုင်တော့ပေ အိမ်ကနေပြီးသူ့ကို သတိရနေမိသည် ဒီအချိန်ဆို သူ့အတန်းဆင်းနေပြီး သူမကိုလိုက်ရှာနေမလား စိတ်ပူနေမလား ဒါမှမဟုတ် မတွေ့ဘူးဆိုပြီးပြန်သွားမလား သူမစဉ်းစားနေမိသည် သူမအိပ်ပျော်သွားသည်
အိပ်နေတယ်နဲ့တူတယ် ကြည့်လိုက်ဦးမယ်
သူမရဲ့မေမေ အသံကြားတော့ သူမနိုးလာခဲ့သည် ဘယ်သူတွေလာလို့ပါလိမ့် သူမရဲ့သူငယ်ချင်းတွေလားမသိဘူး သူမမျက်လုံးလေးကိုဖွင့်ကြည့်လိုက်သည်
သမီးရေ သမီးသူငယ်ချင်းတွေလာနေတယ်
သူမကြည့်လိုက်သည် သူမ သူငယ်ချင်းတွေရဲ့နောက်မှာ သူ့ကိုတွေ့လိုက်ရတော့ အရမ်းပျော်သွားသည် သူ..သူ ..သူမဆီကိုလာသည်
ကျေးဇူးတင်ပါတယ် နောက်မို့ဆို သူမ တနေ့လုံး….
ယုယရေ ကောင်းကင်က လိုက်ချင်တယ်ဆိုလို့ခေါ်လာတာ နင် ကျောင်းမတက်တာဘာဖြစ်လို့လဲဆိုပြီး လာမေးတော့မှငါတို့လဲသိတာအဲဒါအတန်းပြီးရင်နင်ဆီသွားမယ်လို့ပြောတော့ သူလဲလိုက်မယ်ဆိုပြီး စောင့်နေတာ
သက်သာရဲ့လားယုယ ဆေးခန်းသွားလားဆရာဝန်ကဘာပြောလဲ
သူ က တိုးညှင်းစွာမေးလေသည် မျက်နှာကလဲမကောင်းပေ
သက်သာပါတယ် ကောင်းကင် ရိုးရိုးဖျားတာပါ ၁ ရက် ၂ ရက်နေရင် ကောင်းသွားမှာပါ
တော်သေးတာပေါ့
အဲဒီအချိန်မှာ သူမ ထင်မိတာလေ လောကကြီးတခုလုံးသူမတို့ ၂ယောက်ထဲရှိသလိုခံစားမိသည် သူရဲ့ မျက်ဝန်းထဲကို ပထမဆုံးအကြိမ် သူမကြည့်လိုက်သည် အရည်ကြည်များလဲ့ကာ တောက်ပနေသောမျက်ဝန်းက တခုခုပြောနေသလိုပင်…
နောက် ၂ ရက်လောက်ကျတော့ သူမကျောင်းတက်နိုင်ခဲ့သည် သူကစိုးရိမ်နေသည် နေကောင်းရဲ့လားဆိုပြီး သူမ အတန်းလွတ်ချိန်ထိစောင့်ကာ လိုက်ပို့သည် သူမကရပါတယ်လို့ပြောလဲ မရပေ သူမရဲ့စိတ်ထဲမှာလဲ လိုက်ပို့စေချင်သည် ဒီလိုနဲ့သူမရဲ့ ညနေခင်းတွေက ပိုမို အသက်ဝင်လှပလာခဲ့သည် သူ ကိုတွေ့ရချိန်ပိုများလာခဲံသည်
ယုယ
ရှင်
သူနဲ့လမ်းလျောက်ရင် သူကခေါ်သည်
အမှန်တိုင်းပြောရမယ်ဆိုရင် ယုယနေမကောင်းဖြစ်တုန်းက ယုယအစား ကိုယ်ပဲဖြစ်လိုက်ချင်တော့တယ် နေမကောင်းနေတဲ့ ယုယကိုသနားလိုက်တာ ကိုယ့်ကိုကိုယ်လဲ အပြစ်တင်မိတယ် ယုယကိုဂရုမစိုက်မိလို့လေ
သူမ အံ့သြသွားသည် သူ ဘာတွေပြောနေတာလဲ သူမကို ဂရုစိုက်နေတာလား သူမကို……. သူမ သူ့ကိုကြည့်နေမိသည် သူကလဲသူမကိုပြန်ကြည့်သည် သူ့ရဲံမျက်ဝန်းထဲမှာ တောက်ပတေသာအလင်းရောင်တခုကိုဖျက်ခနဲတွေ့လိုက်သည် …. သူပြုံးပြကာ ဘာမှဆက်မပြောတော့ပေ….သူမထင်သည် ဒီညနေခင်းလေးကတော့ အပြာရောင်နည်းနည်းစွန်းထင်ခဲ့တယ်လို့…..
ဒီလိုနဲ့စာမေးပွဲဖြေဖို့ ကျောင်းတွေပိတ်တော့မည် သူနဲ့သူမကတော့ဒီအတိုင်းပါပဲ သူငယ်ချင်းတွေကတောင်မေးကုန်ပြီး ချစ်သူတွေလားဆိုပြီး သူမကတော့ မဟုတ်ပါဘူး လို့ပြောခဲ့ပေမယ့် ဘယ်သူကမှမယုံပေ သူမဘာမှမတက်နိုင်ပေ…. သူငယ်ချင်းများ
ကပြောသည် ကောင်းကင်ကိုမေးတော့လဲ ပြုံးပဲနေတယ် ဘာတွေမှန်းလဲမသိဘူး သူငယ်ချင်းတွေကိုကြည့်ပြီး သူမရယ်ချင်သွားသည်…. နောက်ဆုံးကျောင်းတက်ရသောနေ့…ကျောင်းဆင်းတော့ ကျောင်းသားတွေကိုယ့်အဖွဲ့နဲ့ကိုယ်စုကာ ပြန်ကျသည် နောက်ဆုံးနေ့ဆိုတော့ သွားကြ လာကြ စားကြ သောက်ကြသည် သူမတို့လဲ အဲဒီလိုသွားပြီး လမ်းခွဲခဲ့ကြသည် သူက သူမကိုပြန်ပို့ပေးသည် သူမတို့အိမ်နားရောက်တော့ သူကပြောသည်….
ယုယ
သူမကြည့်လိုက်သည်
နောက်ဆုံးနေ့ကျရင် ပြောစရာရှိတယ် စာမေးပွဲပြီးရင် စောင့်နေနော်
သူမ အနည်းငယ်အံ့ကြသွားသည် သူမအတွက်စကားတွေ သူမှာရှိနေပြီးပေါ့.. သူမပြုံးပြကာခေါင်းညိမ့်လိုက်လေသည် သူကလဲပြန်ပြုံးပြလေသည် အဲဒီနေ့က သူ့အပြုံးကသူမတသက်တာအတွက်အချိုမြဆုံးအပြုံးလို့ ထင်တယ်…….
စာကျက်ချိန်ပေးထားတဲ့ရက်တွေမှာလဲ စာကျက်ရင်းသတိရနေမိတယ် ဒါပေမယ့် သူ့ပြောထားတဲ့စကားကို သတိရတော့ပျော်ရွင်မိတယ် ဒီလိုနဲ့စာမေးပွဲတွေဖြေခဲံကြတယ် သူနဲ့သူမကတော့ စာမေးပွဲဖြေချိန်မတူခဲံဘူး …..
သူကအရင် သူပြီးမှ သူမတို့ကဖြေရသည် တချိန်နှင့်တချိန်ကလဲ ၂နာရီလောက်ခြားတော့မတွေ့ဖြစ်ပေ… သူမကတော့
နောက်ဆုံးနေ့ကို မျော်နေမိသည်….. မနက်ဖြန်ဆို စာမေးပွဲနောက်ဆုံးနေ့လေ..

In: ဝတ္ထု Posted By: Date: Aug 9, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment