Professional Authors

    3257 masterpieces     Follow us     FAQ     Guidelines
Follow us on Facebook Follow us on Twitter Subscribe RSS Feed
Birthday

Total Masterpieces3257 masterpieces

Total Comments 4192 comments

Total Members1345 members

Total Authors391 pc authors

Total Authors989 feed subscribers

PoemsCorner Authors

PoemsCorner Choices

Archives

Advertisement

သတိရနေတယ် သူငယ်ချင်း Share 

ဒီနေ့ သူငယ်ချင်းလေး မွေးနေ့ပါ…. အများကို ကူညီတတ်ပြီး ခါးတို့ရင် (ကြွက်) လို့ယောင်တတ်တဲ့ သူငယ်ချင်းလေးပါ.. ဒါကြောင့်ကျွန်မတို့က သူ့ကို ကြွက် လို့ခေါ်တယ်… သူ့ကို ကျွန်မ ကျောင်းစတက်တဲ့နေ့က သိခဲ့တယ်.. နယ်ကနေ(YIE)မှာ ကျောင်းလာတက်တဲ့ ကျွန်မ တယောက်ထဲ ယောင်လည်လည် ဖြစ်နေတုန်း သူက ကူညီခဲ့တယ်လေ.. နောက်နေ့တွေ ကျွန်မ ကျောင်းထဲမ၀င်ရဲမှာစိုးလို့ ကျောင်းအ၀င် မုဒ်ဝမှာစောင့်ပေးခဲ့တာ ကျွန်မတို့ ကျောင်းပြီးတဲ့ထိပါဘဲ..ကျောင်းပြီသွားပေမယ့် ကျွန်မတို့သူငယ်ချင်းတွေ အတွဲမပျက်ခဲ့ပါဘူး.. ကျွန်မတို့ မတွေ့ဖြစ်တာ ကြာရင် သတိတယ ဖုန်းဆက်တတ်သူပါ.. ပြီးခဲ့တဲ့ (3) လပိုင်းတုန်းကသူနေမကောင်းဖြစ်တယ်… ကျွန်မတို့ ကိုစိတ်ပူမှာစိုးလို့ သူနေမကောင်းဖြစ်နေတာ မပြောခဲ့ဘူး…. သူထနိုင်တော့မှ ကျွန်မတို့ကိုဖုန်းဆက်တယ်..ငါ နင်တို့ကိုတွေ့ချင်တယ်တဲ့..အခု ငါအရမ်းပိန်သွားပြီတဲ့..အရင်ကဆို သူက ကျွန်မတို့ထဲမှာ ဖက်တီးလေးပေါ့..ဒါကိုသိတော့ ကျွန်မသူငယ်ချင်း မိုးက ငါ သူ့အတွက် အိုဗာတင်းဝယ်လာတယ်တဲ့.. ဒါသောက်မှသူ အရင်ထက် နှစ်ဆဖြစ်မှာတဲ့..အဲတုန်းက ကျွန်မတောင်ရယ်ခဲ့သေးတယ်.. သူနဲ့တွေ့တော့ ပိန်သွားလိုက်တာ.. ငါဒီနေ့မှ ထမင်းစားနိုင်တာတဲ့..နင်တို့ဆီဖုန်းဆက်ရင် နင်တို့စိတ်ပူမှာစိုးလို့… ပြီးတော့ နင်တို့ကိုတွေ့ရင် ငါငိုမိမှာစိုးလို့တဲ့..အဲဒီတုန်းက သူနဲ့နောက်ဆုံးတွေ့ရတာဆိုတာ ကျွန်မတို့ မသိခဲ့ပါဘူး.. နေကောင်းရင် တွေ့ကြဖို့ပြောထားခဲ့တဲ့ ကျွန်မတို့ရဲ့ သူငယ်ချင်းလေးဟာ ကျွန်မတို့ကို နူတ်မဆက်ဘဲ (24.4.2010) မှာ ဆုံးသွားခဲ့တယ်..သူ့အိမ်ကဖုန်းဆက်လာတော့ မယုံခဲ့ဘူး..အိပ်မက်လို့ဘဲထင်ခဲမိ့တာ..ဒါပေမယ့်…… သူသာရှိရင် ဒီနေ့ သူ့ရဲ့ (28) နှစ်ပြည့် မွေးနေ့မှာ ကျွန်မတို့ ဆုံပြီးပျော်ကြရမှာ….
 

In: ဝတ္ထု Posted By: coffee Date: Jul 23, 2010
Comment #1

အင်း—————ဟုတ်ပနော် အမ ———-အ၇မ်းဝမ်းနည်းစ၇ာကောင်းတယ်နော်——–ကိုယ့်သူငယ်ချင်း၇ဲ့နောက်ဆုံးခ၇ီးလေးမှာ အမ ဘာလုပ်ပေးလိုက်နိုင်လဲဟင်———————
ဒါပေမဲ့ ဘယ်သူမှ ကိုယ်၇ဲ့သေခြင်းကို မသိနိုင်ပါဘူး———–ကိုယ်ဘယ်အချိန်သေမလဲဆိုတာတောင် မသိ၇တာ သူတပါး ဘယ်အချိန်သေမလဲဆိုတာကိုလည်း သိလို့မ၇နိုင်ဘူးမို့လား———— ဘာပဲဖြစ်ဖြစ် သူ့နဲ့ကိုယ် ဆုံခဲ့တဲ့အချိန်လေးမှာ အကောင်းဆုံးဖြစ်အောင် သူငယ်ချင်းပီပီသသ ဆက်ဆံနိုင်ခဲ့တယ်ဆို၇င်လည်း ဒါ က ၀မ်းသာစ၇ာပဲလေ။။။။

ဝေဖန်တာမှားသွား၇င် ခွင့်လွှတ်နော်————-အမ၊

commentinfo By: အချစ် at Jul 24, 2010
Comment #2

ဖြိုး ခင်ရတဲ့ သူငယ်ချင်းတွေထဲက တစ်ယောက်လည်း မရှိတော့ဘူး.. သူလည်း ဟိုးးး အဝေးကြီးရောက်သွားပြီ။
“နင်က ငါ့လောက်ဥာဏ်မကောင်းတော့ ငါပြောတာနားထောင်” လို့ပြောတတ်တဲ့ အဲဒီတစ်ယောက်လည်း အရင်လိုပဲ သူရောက်နေတဲ့နေရာမှာ တစ်နေ့ကို ကော်ဖီ သုံးခွက်လောက်သောက်နေတုန်းပဲလားမသိ..
ခဏ ခဏ စဉ်းစားဖူးပါတယ် သူသာရှိနေသေးရင်ဆိုတာကို..
သေချာတာက သူသာရှိနေသေးရင် graduation ceremony တုန်းက ပေးထားထဲ့ကတိအတိုင်း နှစ်ယောက်တွဲပြီး ဓာတ်ပုံရိုက်ဖြစ်ခဲ့မှာ..

commentinfo By: ဖြိုးဖြိုး at Jul 28, 2010
Comment #3

လူသေသွားပေမယ့် သူ့ကိုချစ်တဲ့ အချစ်ကမှ မသေသေးဘဲ……………အမြဲ အတူတူရှိနေကြမယ့် သဘောမဟုတ်လား…..

commentinfo By: yuki at Jul 28, 2010
Comment #4

ရတုလဲ လာဖတ်တယ်။ ၇တုလဲ ခံစားရပါတယ် ။စိတ်မကောင်းပါဘူးအမရယ် ။
ဒါပေမဲ့လေ ရတုတို့ချစ်ရတဲ့ သူငယ်ချင်းတွေက သူတို့ကို ရတုတို့ ဘယ်လောက်ချစ်လဲဆိုတာ
မခွဲခွာခင် သိသွားကြရင် ပိုကောင်းမှာပေါ့နော်။

commentinfo By: yatu at Jul 29, 2010
Comment #5

အမ ရေးတာကို ဖတ်ပေးကြလို့ ကျေးဇူးတင်ပါတယ် ညီမတို့ရယ်…..
သူငယ်ချင်းကို ဆုံးရူံးရတော့ ၀မ်းနည်းမိတာပေါ့……
အခုချိန် အမတို့သူငယ်ချင်းတွေ ဆုံတိုင်းသူ့ကို သတိရပြီး သူသာရှိရင်ပျော်စရာ ကောင်းမှာလို့ ပြောတတ်ကြတယ်….. အမတို့တွေ ဘယ်လိုမှ မထင်မှတ်တဲ့ အချိန်မှာ ဒီလိုခွဲသွားမယ်လို့ မတွေးထားမိဘူးလေ..
ရတု သူငယ်ချင်းတွေလည်း ရတုသူတို့အပေါ်ထားတဲ့ ခံစားချက်ကိုသိမှာပါ ညီမရယ်…

commentinfo By: coffee at Jul 29, 2010
Comment #6

စိတ်မကောင်းပါဘူး
တကယ်ပါ
အရမ်းခံစားရတယ်
တို့လည်းသူငယ်ချင်းနဲ့ခုလိုခွဲရဖူလို့လေ

commentinfo By: Mie Nge at Jul 31, 2010
Comment #7

ညီမ မှာလည်းအဲ့ဒီလိုမျိုဆုံးသွားတဲ့သူငယ်ချင်းတစ်ယောက်ရှိပါတယ် အမရဲ့ခံစားချက်ကိုလည်းအပြည့်အ၀နားလည်ပါတယ် အ၇မ်းခံစားရတယ်နော်သိပ်ချစ်တဲ့သူငယ်ချင်းကိုသတိရမိနေတဲ့အခါတိုင်းမှာပေါ့

commentinfo By: snow at Aug 1, 2010
Comment #8

တကယ်ကိုယ်ချင်းစာရပါတယ်

တကယ်လဲခံစားမိတယ်

ကောင်းကင်ဘုံမှာပြန်ဆုံနိုင်မှာပါလေ…………….

commentinfo By: milely at Aug 1, 2010
Comment #9

ဆုံးသွားတယ်ဆိုတာ ပြန်မရနိုင်တော့ပေမယ့် ၇င်ထဲမှာအမှတ်တရအမြဲရှိနေပေတာ ဟာ
သူ့အတွက် ကျေနပ်စရာတစ်ခုဖြစ်သွားမှာပါ ခင်တဲ့သူတွေနဲ့ခဏခဏခွဲရဖူးလို့ အမ ခံစားချက်ကိုကိုယ်ချင်းစာပါတယ်

commentinfo By: lucifer at Aug 4, 2010

Leave Comments

Connect with Facebook

Name*

Email*
Website
Email me whenever there is new comment