Professional Authors

ကိုယ်တိုင်ရေး ဒိုင်ယာရီ (၀တ်ထုရှည်)

ဒီဇင်ဘာ ၂၂ ၂၀၀၇

ဒီနေ့ မွန့်ချစ်သူနဲ့ ပြတ်တဲ့နေ့ပေါ့
မွန်ခံစားနေရလားတဲ့ ချစ်သူငယ်ချင်းလေးက မေးလာတယ်..
မွန်ပြန်ဖြေလိုက်ပါတယ် အင်း.. လို့ မွန့်ရင်ထဲမှာနာနေတယ်…လို့။
စိတ်မကောင်းမဖြစ်ပါနဲ့ တဲ့ အချိန်တန်ရင် မေ့သွားမှာပါတဲ့
မွန်လေ.. စိတ်ထဲကပြန်မေးမိတယ်… အဲဒီအချိန်ကဘယ်တော့လဲလို့…………………….

—————————————————————————————

ဇွန် ၁၃ ၂၀၀၅

မွန့်ဘ၀မှာ ရင်အခုန်ရဆုံးနေ့လေးတရက်ပေါ့
“ဟုတ်” လို့ခေါင်းလေးညိတ်ပြီး သူ့ကို အဖြေပေးခဲ့တဲ့နေ့လေးလေ
သေတဲ့အထိတောင် မေ့နိုင်မယ်မထင်ဘူးကွယ်…
မွန့်အဖြေကိုလည်းရပြီးရော သူထအော်ခဲ့တယ်လေ “ရဟူး.. ရည်းစားရပြီကွ” တဲ့
မွန်ဆိုတာလေ ရှက်လွန်းလို့ မျက်နှာတွေရဲ လက်တွေအေးစက်ကုန်တာ…
ညရောက်တဲ့အထိပါပဲ……..

——————————————————————————-

သူဟာ မွန့်ရဲ့ ချစ်ဦးသူ မွန့်ပထမဦးဆုံးချစ်သူ
မွန့်ဘ၀မှာ”မောင်” လို့ မြတ်မြတ်နိုးနိုးနဲ့ ခေါ်ခြင်းခံခဲ့ရတဲ့ ယောကျာ်းတယောက်ပါ
မွန်နဲ့မောင်ကအစကအရမ်းမခင်တဲ့သူငယ်ချင်းတွေ
ဒါပေမယ့် တနေ့တော့ မောင် မွန်နဲ့စကားတွေစပြောလာခဲ့တယ်လေ
စကားပြောကောင်းတဲ့ မောင့်ရဲ့လေကြောင်းတွေထဲ တဖြေးဖြေးနဲ့ မွန်မြောပါမိခဲ့တယ်
ဒါပေမယ့်လည်းလေ ………
မွန့်ကို မောင်ရည်းစားစကားပြောလာလိမ့်မယ်လို့တော့ မထင်မိခဲ့ရိုး အမှန်ပါ…

“ချစ်တယ်” တဲ့
ရိုးရိုးလေးနဲ့ တိုးတိုးလေး
မွန့်နားထဲမှာတော့ ပဲ့တင်တွေထပ်ကုန်တယ်လေ…
မွန်ပဲ နားကြားမှားသလားပဲ ထင်သွားမိတယ်
မောင်က ထပ်ပြောလာတယ်
မွန့်ကို ကိုယ်ချစ်တယ်
ကိုယ့်ကို ချစ်လားဟင် တဲ့

အိုကွယ်………………

မွန်စကားတွေ ဆွံ့အသွားခဲ့တယ်..
ရှက်စိတ်တွေဖို ရင်တွေတုန်သွားတာများ
မွန့် နှလုံးသားကို လှုပ်ကိုင်လိုက်သလိုပါပဲ…

မွန်ဘယ်လိုလုပ်ရမှာလဲ….
မွန်မယုံရဲသေးဘူးကွယ်…

အဲဒီအချိန်မှာ နှလုံးသားထဲကတခုခုကို အော်ခေါ်နေသံလေးကြားလိုက်ရတယ်

“မောင်…..” တဲ့

အို…..
မွန် သူ့ကိုရင်ခုန်သွားခဲ့မိပြီလား…

အို…
မွန် သူ့ကို ချစ်များသွားခဲ့မိပြီလား…..

————————————————————

ဒီလိုနဲ့ပဲ မောင်နဲ့ချစ်သူတွေဖြစ်ခဲ့ကြတယ်လေ….

မောင်နဲ့တွေ့တိုင်း “ချစ်လား” တဲ့မေးတယ်
ဟုတ် လို့ပြန်ဖြေရင် သူ့ကိုတကယ်မချစ်လို့၊ သူကအရမ်းချစ်သလောက် ပြန်မချစ်ဘူးလို့
ပြောပြီး စိတ်ကောက်ချင်တယ်
သိပ်ဆိုးတဲ့ မောင်ပဲနော်…
အဲလိုဆိုးတဲ့ မောင့်ကို မွန်ဆိုတဲ့ ကောင်မလေးက ဘယ်လိုလုပ်ပြီး ရင်ခုန်မိသွားပါလိမ့်…
တွေးမိတိုင်း အခုထိအဖြေမရှိသေးတဲ့ မေးခွန်းလေးတစ်ခုပါပဲလား ….

မောင်ရယ်
မောင့်ကို တကယ်မချစ်ဘူးလို့တော့ အဲလို စကားနာမထိုးပါနဲ့
တစ်သက်မှာ တခါ တစ်ဘ၀မှာ မောင်တစ်ယောက်တည်းကိုပဲ
ချစ်ခဲ့ဖူးတာပါ….
မွန့်တစ်ဘ၀လုံးမောင်နဲ့ပဲ လက်တွဲသွားချင်တယ် မောင်……

တစ်ခုလောက်တော့ မောင်သိအောင်ပြောပရစေရှင်..
မွန်က မိန်းကလေးပါ
ကိုယ်တကယ်မချစ်ပါဘဲနဲ့ ယောကျာ်းတစ်ယောက်တယောက်ကို ချစ်ပါတယ် လို့
အဖြေပေးပါ့မလား ရှင်ရယ်…

ဒါပေမယ့်လည်းလေ …
မွန်နဲ့ မောင်နဲ့က ချစ်သူတွေဖြစ်တာမကြာသေးတော့
“ချစ်တယ်” လို့ နှုတ်ကနေ ဖွင့်ပြောရမှာ မရဲဘူးမောင်ရယ်…
ရှက်နေမိတယ်….
မွန့်နှလုံးသားထဲကပဲ သက်ဆုံးတိုင်ချစ်ပရစေနော် …

ချစ်တယ် လို့ ခဏခဏမပြောရဲတာကို မာနကြီးတယ် မောင့်အချစ်ကို မယုံလို့လားလို့ မစွပ်စွဲချင်ပါနဲ့ မောင်ရယ်…
မောင်နဲ့တွေ့မှ အချစ်ဆိုတာကို သိခဲ့ရတာဆိုတော့
စိတ်လေးက မ၀ံ့မရဲဖြစ်နေသေးလို့ပါ
မွန် မောင်နဲ့မဝေးချင်ဘူးကွယ် …

ဒါကြောင့်မို့ မောင်နဲ့ မွန်တို့ရဲ့ အခြေအနေ အတည်တကျရှိတဲ့ အထိ
အချစ်တွေ ပိုမိုခိုင်မြဲလာတဲ့အထိ
အချိန်အတိုင်းအတာလေးတစ်ခုလောက်ထိတော့ အချိန်ပေးပါနော်….
မွန့်စိတ်တွေ တည်ငြိမ်လာတဲ့အထိပါပဲကွယ်….

ဒီလိုနဲ့ပဲ မွန်နဲ့မောင်ရဲ့ ရည်းစားသက်တမ်းတစ်နှစ်တောင် ရှိခဲ့ပြီပေါ့

ဇွန် ၁၃ ၂၀၀၆

ဒီနေ့ ချစ်သူသက်တမ်းတစ်နှစ်တိတိ ပြည့်တဲ့နေ့ပေါ့
မွန်ရင်တွေခုန်နေမိတယ် … မောင်ဘာနဲ့ surprise လုပ်မလဲဆိုပြီး တွေးလည်းတွေးနေမိခဲ့တယ်…
ဟော.. ကား.. တတီတီနဲ့ အသံကြားတယ် .. မောင်ရောက်လာပြီပဲ…
အို.. မွန့်ရင်ခုန်နှုန်းတွေ မြန်နေတယ် … လက်တွေလည်းအေးစက်လာပြီ…
မိမွန်.. ဘာတွေကို ရင်ခုန်နေတာလဲ မြန်မြန်လုပ်လေ.. မောင်စောင့်နေပြီ…
ဒိုင်ယာရီလေးရေ ပြန်လာမှပဲ ဆက်ရေးတော့မယ်နော်…
မွန်သွားပြီ…….

အဲဒီမောင်ကလေ ချစ်ဖို့ကောင်းသလို သိပ်အသည်းယားဖို့လည်းကောင်းပါတယ် …
အခုအချိန်အထိ တစ်နှစ်ပြည့်ချစ်သူသက်တမ်းအကြောင်းကို ဘာမှမပြောလာသေးဘူး..
တစ်ခြားဟာတွေပဲ လျှောက်ပြောနေတယ်.. သိပ်မုန်းဖို့ကောင်းတာပဲ
မေ့များမေ့နေပြီလားမသိဘူး…
တွေးရင်း တွေးရင်းနဲ့ မွန်ဝမ်းနည်းလာခဲ့တယ်…
မောင်က မွန်တို့ relationship ကို တန်ဖိုးမထားဘူးလား…
အပျော်သဘောပဲလား…
မွန့်နှလုံးသားနဲ့ အပျော်လာဆော့နေတာလား…
အို.. မွန်ဆက်မတွေးချင်တော့ဘူး… မွန့်နှလုံးသားအလယ်တစ်နေရာက နာလာပြီ..
မွန် မျက်ရည်တွေ ၀ဲလာတယ် ….
မွန့်အတွေးတွေ မဟုတ်ပါဘူး လျှောက်တွေးနေတာလို့ပဲ ဖြေသိမ့်နေရင်းနဲ့………

ဟော.. မောင်လှည့်ကြည့်တယ် …
မွန် မျက်ရည်တွေနဲ့ ဆိုတာကိုလည်း တွေ့ရော .. ချက်ချင်းဘေးထိုးရပ်ပြီး… မွန် ဘာဖြစ်လို့လဲ .. ဘာဖြစ်တာလဲ တဲ့ ..
အလန့်တကြားမေးလာတယ်…
မွန်လေ… မျက်ရည်တွေကြားထဲက

—————————————————————————-

မွန်လေ… မျက်ရည်တွေကြားထဲက နဲနဲပျော်သွားတယ်..
မောင် မွန့်ကို စိုးရိမ်တတ်သေးတာပဲလို့ တွေးမိပြီးတော့ပေါ့ …
မောင်က ဆက်မေးနေတယ်..
မွန်လေး.. မောင့်မွန်လေး ဘာလို့ငိုနေတာလဲတဲ့ ဘယ်ကောင်အနိုင်ကျင့်လို့လဲတဲ့ ပြော… i’ll go kick his ass လို့ ပြောလို့ မွန် ရယ်မိတယ်လေ.. မျက်ရည်တွေနဲ့
အဲတော့မှ မောင်လည်း ရယ်ပြီးတော့ တော်သေးတာပေါ့ မောင့်မွန်လေးရယ်သွားပြီ..
ဘာလို့ ငိုရတာလဲ မွန်ရယ်လို့ ပြောလာတယ်….
အဲဒီ အချိန်မှာ မွန့်စိတ်ထဲမှာ ဘာမှ မရှိတော့ပါဘူး.. ဟိုအတွေးတွေလဲ မရှိတော့တဲ့အတွက် မောင့်ကို ရှက်ပြုံးလေးနဲ့ပဲ…
မောင်က ဒီနေ့ ဘာနေ့လဲဆိုတာမေ့နေတာကိုးလို့
မွန်က ၀မ်းနည်းတာပေါ့လို့
ဒါကြောင့် မျက်ရည်လေး သေးသေးလေးကျမိတာပါ
ငိုပါဖူးနော် မွန်က အဲလို မျက်ရည်ခဏခဏကျတတ်တာ ဟုတ်ပါဘူးနော် လို့
စိတ်ဆိုးတဲ့ အသံလေးနဲ့ မျက်နှာလေးလုပ်ရင်း ရှင်းပြခဲ့တယ်လေ

မောင်က ဟောဗျာ မေ့ပါဘူး မောင့် မွန်လေးရယ် မောင့်အသည်းလေးရယ်
ချစ်လေးကို စ ချင်လို့ တမင်သက်သက် မပြောတာ ပြီးတော့ မောင် ခေါ်သွားချင်တဲ့ နေရာလေး မရောက်သေးဘူးလေ သဲလေးရယ်..
အဲလောက်ထိတောင် စိတ်ရှည်တော့ဘူးလားဗျာ.. တဲ့

တော်တော်ဆိုးတဲ့မောင်ပဲနော်…
မွန့်မှာလေ စိတ်ဆိုးရလည်း အခက် ရယ်ရလည်း အခက်နဲ့
ဘာလုပ်ရမှန်းတောင် သိတော့ပါဖူး…
အဲတာနဲ့ပဲ မျက်နှာလေးကို မချိုမချဉ် ခက်တည်တည်လုပ်ရင်းနဲ့
မောင် လူဆိုး လို့ပြောပြီး မောင်ခေါ်ဆောင်တဲ့ နေရာလေးမှာ ဘာရှိနေမှာလဲလို့ တွေးနေမိတော့တာပေါ့…

—————————————————————————

ရောက်ပြီ မောင့်သည်းလေး… တဲ့
မောင်ကပြောလာတော့မှ မွန်အတွေးကဘာထဲမြောပါသွားမိမှန်း သတိထားမိတော့တယ်..
ဒါနဲ့ ဘယ်ရောက်သွားပြီလဲလို့လည်း ကြည့်လိုက်ရော…
အို… သိပ် သတိကောင်းတဲ့မောင်ပဲ…
အို ကြည့်ပါဦး… မောင်နဲ့မွန်တို့ ပထမဦးဆုံးတွေ့တဲ့နေရာလေးကို မွန့်ကိုပြန်ခေါ်လာတာပဲ..
သိပ်ချစ်ဖို့ကောင်းလိုက်တာနော်…
မွန်နဲ့ မောင်နဲ့ စသိတဲ့ အခန်းလေးထဲကို မောင်က ဦးဆောင်ပြီးခေါ်သွားတယ်..
အခန်းတံခါးလည်း ဖွင့်လိုက်ရော…
မွန်လေ……….
ဘာပြောရမှန်းကို မသိတော့ဘူး…
မီးမှိန်မှိန်လေးရဲ့အောက်မှာ အသည်းပုံချောကလက်ကိတ်မုန့်လေး … အသည်းပုံစံလေးနဲ့ထုပ်ထားတဲ့ လက်ဆောင်ထုပ်လေး….
I love you I love you လို့အော်နေတဲ့ ၀က်ဝံရုပ်လေး… ဟော jo jo and KC ရဲ့ all my life ဆိုတဲ့ သီချင်းလေးကိုလည်း တိုးတိုးလေးဖွင့်ထားသေးတယ်…

အို မောင်ရယ်….
သိပ် romantic ဖြစ်တာပဲ..
မွန်ပျော်လိုက်တာလေ.. ရင်တွေကလည်း ခုန်နေလိုက်တာ.. ပျော်လွန်းလို့ မောင့်ကိုချစ်လွန်းလို့ပေါ့…

နေရာလေးကို လုပ်ထားတာ သိပ်ချစ်ဖို့ကောင်းတာပဲ…
မွန်… အခန်းထဲမ၀င်ဘူးလား… လာလေ ဆိုပြီး မွန့်လက်ကိုဆွဲပြီးခေါ်သွားတယ်…

မောင် က ကြိုက်လားဟင် .. မောင့်အသဲတုံးလေး တဲ့..

ဟုတ်.. သူသိပ်တော်တာပဲ လို့.. မွန်ကျေနပ်နေတဲ့မျက်နှာလေးနဲ့ တိုးတိုးလေးဖြေလိုက်တယ်…

မောင့်ရဲ့ကျေနပ်သွားတဲ့ မျက်နှာလေးများ.. မွန်မေ့နိုင်မယ်မထင်ဘူးကွယ်…

အဲဒီအခန်းလေးထဲမှာ ဘယ်သူမှ မပါဘဲ မွန်နဲ့မောင်နှစ်ယောက်ထဲ သီးသန့် မွန်တို့ရဲ့ တစ်နှစ်ပြည့်အထိမ်းအမှတ်လေးကိုကျင်းပကြခဲ့တယ်လေ
အဲဒီနေ့မှာပဲ မွန်မောင့်ကို ချစ်တယ်မောင်.. လို့ မောင်မမေးဘဲနဲ့ ပထမဦးဆုံးအကြိမ်ပြောခဲ့တယ်လေ…
အဲဒီနေ့မှာပဲ… မောင်က မွန့်နှုတ်ခမ်းလေးတွေ အရမ်းလှတယ်ကွာ လို့ပြောပြီး အနမ်းဖွဖွလေးတစ်ခုပေးခဲ့တယ်လေ…
တစ်ခုတည်းသောအနမ်းလေးပေမယ့် တစ်ဘ၀လုံးအထိ မွန်သိမ်းဆည်းထားမိသွားခဲ့တယ်…

—————————————————————————–

မောင်ရယ်…….
မွန့်ဘ၀မှာ တကယ့်ကို ပျော်ရွင်ကြည်နူးခဲ့ရတဲ့နေ့လေးပါပဲ…
မွန့်ရဲ့ အသည်းနှလုံးတွေ ဆွဲယူကိုင်လှုပ်ခံလိုက်ရသလိုပဲ…..
ကျေးဇူးတင်ပါတယ် မောင်…
မွန့်ကို ဒီလိုနေ့လေးမျိုးကို အလေးအနက်ထားပြီး… အထူးပြုလုပ်ပေးခဲ့လို့ပေါ့….
မောင်ဆိုတဲ့မောင်ဟာလေ… မွန်ဆိုတဲ့ကောင်မလေးရဲ့ အသည်းနှလုံးကို ဘယ်လိုနှိုးယူရမလဲဆိုတာကို သိနေခဲ့တာပဲနော်…

——————————————————————————-

ဒီလိုနဲ့ပဲ ရက်တွေလစား လတွေနှစ်စားလို့
မောင်ဆိုတဲ့ကောင်လေးနဲ့ မွန်ဆိုတဲ့ကောင်မလေးတို့လည်း စိတ်ကောက်လိုက် (မောင်က သိပ်အစသန်တာကိုးလို့ ) မောင်ကပြန်ချော့လိုက်.. (မွန်ကလည်း သူ့ကိုပြန်ချော့ရတယ်တော့) ချစ်လိုက်ကြနဲ့ ချစ်သူသက်တမ်းတောင် နှစ်နှစ်ပြည့်တော့မှာပဲ….
ဒီအချိန်တွေအတွင်းမှာ မွန်ဆိုတဲ့ကောင်မလေးက အချစ်ကို ယုံစားမိသွားတယ်လေ..
သူမ မောင့်ကို သိပ်ယုံသွားခဲ့တယ်…
သူမရဲ့ အချစ်ဦးကလည်း အချစ်ဦး… မောင့်ကြောင့်ပဲ အချစ်ကို သိလာသလို စကားပြောကောင်းတဲ့မောင်ရဲ့လေကြောင်းတွေအောက်မှာ မွန်တစ်ယောက်အတွက် အချစ်ကသိပ်အရေးပါသွားခဲ့တယ်လေ..
နောက်ပိုင်း… မွန်သတိရလိုက်တယ်…
မွန် မောင့်ကိုအရမ်းချစ်သွားမိခဲ့ပြီပဲ….
အဲဒီ အတွေးနဲ့အတူ မောင်ပစ်သွားခဲ့ရင်ရော… မောင်မွန့်ကို မချစ်သွားတော့ရင်ရော…
မွန် ဆက်မတွေးချင်တော့ဘူး အတွေးတွေရယ်…
မွန် ဆက်မတွေးဝံ့တော့ဝူး…
မွန် နှလုံးသားနုနုလေး အကွဲမခံချင်ဝူးကွယ်…
ဘာကြောင့်များ အဲလောက်တောင် ချစ်မိသွားခဲ့ပါလိမ့် ………….

——————————————————————————-

ဇွန် ၂၀ ၂၀၀၇

ရေး…… ဒီနေ့ မွန့်ရဲ့ စာမေးပွဲနောက်ဆုံးနေ့…
ရေး ပြီးသွားပြီ .. စာမေးပွဲကြီး…
ကျောင်းတွေပိတ်သွားပြီ… မောင့်ကိုအချိန်ပေးလို့ရပြီပဲ…
အော်.. မောင်နဲ့မတွေ့ရတာတောင် တော်တော်ကြာနေပြီပဲ ဒိုင်ယာရီလေးရယ်..
မွန် နောက်ဆုံးစာမေးပွဲအတွက် စာတွေဖတ်နေလို့ မောင့်ကိုအချိန်မပေးနိုင်ခဲ့ဘူး…
၃ ပတ်လောက်တောင် ရှိနေပြီ…
မောင်နဲ့ sms နဲ့ ဖုန်းပဲပြောလို့ရနိုင်ခဲ့တယ်…
မွန်သိတယ်.. မောင်မကျေမနပ်ဖြစ်နေပြီ မွန်က လာမတွေ့ခိုင်းလို့လေ…
မွန်လည်း သွားမတွေ့နိုင်ခဲ့ဘူး.. ဒိုင်ယာရီလေးရယ်…
မောင့်ကို ပြန်ချော့ရတော့မှာပေါ့…
အချိန်ကို ကြည့်လိုက်တော့ ၁၅၃၀
အင်း.. ဒီအချိန်ဆိုရင်တော့ မောင်တစ်ယောက် သူ့အခန်းလေးထဲမှာ ရှိနေမှာ…
မွန် မောင့်ဆီလိုက်သွားခဲ့တယ်လေ…. စာမေးပွဲပြီးတဲ့ အထိမ်းအမှတ်အပြင်.. မောင့်နဲ့တူတူအချိန်ကုန်ချင်လို့ပေါ့…
ဒါပေမယ့် မောင်အဲဒီမှာ မရှိနေခဲ့ဘူး…

မောင်.. ဘယ်မှာလဲဟင်..

မွန် ဒီမှာရှိနေပြီလေ…

….. မောင်………..

————————–

ခဏနေတော့ မောင်ရောက်လာခဲ့တယ်…

မောင်… ဘယ်သွားတာလဲဟင် လို့မေးတော့
မောင့်သူငယ်ချင်းအိမ်မှာ ခဏအိပ်ပျော်သွားလို့ပါတဲ့…
မွန်ရောက်နေတာ ကြာပြီလားဟင်တဲ့…
စာမေးပွဲ ဖြေနိုင်လား မွန်တဲ့….. မေးပြီး
အနမ်းတစ်ပွင့် လေပြေတွေနဲ့အတူ ကြွေလွင့်လာခဲ့တယ်……

ဟုတ်ကဲ့ ဖြေနိုင်ပါတယ်ရှင်… မောင့်ရဲ့မွန်လေးပဲ.. ဖြေနိုင်တာပေါ့လို့ …
ပြောလည်းပြောပြီးရော… မွန့်အဖြေကြောင့် မွန်ရှက်လို့ မျက်နှာလေးတောင်နီသွားသေးတယ်…

မောင်က .. ဟားဟား လို့ရယ်ပြီး.. ရှက်ပါနဲ့ မွန်လေးကလည်း.. ဘာရှက်စရာရှိလို့လဲ ကြည့်ပါဦး … အဲဒီချစ်စရာမျက်နှာလေးကနီသွားသေးတယ်.. လို့ မွန့်မေးစိလေးကိုဆွဲပြီး ပြောလာခဲ့တယ်လေ

ဘာပဲဖြစ်ဖြစ်ကွာ… မွန်ကရှက်တာကရှက်တာပဲ.. အဲလိုရယ်နဲ့နော် လို့ နှုတ်ခမ်းလေးထော်ပြီး မောင့်ကိုလူမိုက်ရုပ်နဲ့ကြည့်လိုက်တာပေါ့..

အောင်မလေး ကြည့်ပါဦး ကြည့်ပါဦး… လုပ်တာလိုက်တာ.. မောင့်မွန်လေးက.. အော် အဲတာလေးကိုပဲ ချစ်နေရတာပဲနော်…

မောင့်ကိုချစ်လားဟင် မွန်…

ဟော မေးပြန်ပြီ ဒီမေးခွန်း.. တော်တော်ပြောတတ်တဲ့ ကိုတတ်ပဲ…
ဟုတ်.. ချစ်တယ်…. မောင်ကရော မွန့်ကိုတကယ်ချစ်တာဟုတ်လို့လား လို့လည်း မေးလိုက်ရော…

အော်… ချစ်တာပေါ့ မွန်ရယ်… မောင့်အသည်းတုံးလေး မောင့်အချစ်တုံးလေး မောင့်အချစ်ဦးလေးကို……. တဲ့…

မောင်ရယ် ကြည့်ပါဦး.. အဲတာနဲ့ပဲ မွန့်နှလုံးသားထဲမှာ သူနေရာယူထားတာများနေပြီ…
အဲလိုနဲ့ပဲ မွန်နဲ့မောင်နဲ့ အချိန်တွေတူတူကုန်ဆုံးခဲ့ကြတယ်ဆိုပါတော့ …

———————————————————————-

မောင့်ကိုအချိန်တွေ အားလုံးပေးမယ်ဆိုပေမယ့် မွန်အလုပ်အသစ်ရှာနေတာကြောင့် မပေးဖြစ်နိုင်ခဲ့ဘူး….
မောင်ကလည်း တစ်ခါတစ်လေ သိပ်ပြီးတော့ ကလေးလေးနဲ့သိပ်တူတာပဲ..
သိပ်ပြီး ဒေါသထွက် စိတ်ဆိုးချင်တယ်…
မောင်… မွန်အလုပ်ရှာတာကလေ.. မောင့်အတွက် အမှတ်တရပစ်စည်းလေးတွေကို မွန့်ရဲ့လုပ်အားခနဲ့ဝယ်ပေးချင်လို့ပါ…
မွန်လေ.. မောင့်အနားမှာ အချိန်တိုင်းနေပေးချင်တာပေါ့… မောင့်ကိုဘယ်လောက်ချစ်ကြောင်း မောင့်ကိုဘယ်လောက်မြတ်နိုးကြောင်း…. ပြောပြချင်တာပေါ့… အမြဲတမ်းလေ..
ဒါပေမယ့်လည်း မောင်ရယ်.. မွန်အမြဲတမ်းကြီးပြောမထွက်ခဲ့ဘူး….
မွန်လေ.. အရာရာက မသေမချာဖြစ်နေသေးတဲ့ မောင်နဲ့ မွန်တို့ရဲ့ဘ၀တွေကို မယုံရဲဖူး မောင်…
မွန်သေချာပြီဆိုတဲ့တစ်နေ့ .. မွန်တို့ခြေထောက်ပေါ်မွန်တို့ရပ်နိုင်တဲ့တစ်နေ့ …
ဘယ်သူ့ဆီကမှ လက် ၀ါးဖြန့်စရာမလိုတော့တဲ့တစ်နေ့…. ပေါ့…
သိပ်မကြာတော့ပါဘူး မောင်ရယ်… မောင်လည်းသိပါတယ်…
မွန်မျှော်လင့်ပါတယ် မောင်.. မောင်စောင့်နိုင်ပါစေလို့…

——————————————————————

ဇူလိုင် ၁၂ ၂၀၀၇

အိုး .. ဘာလိုလိုနဲ့ မနက်ဖြန်ဆိုရင် မောင်နဲ့ မွန်တို့ရဲ့ နှစ်နှစ်ပြည့်အထိမ်းအမှတ်ပဲ..
ပျော်လိုက်တာ မောင်ရယ်..
မွန်တို့ရဲ့ ချစ်သူသက်တမ်း နှစ် နှစ်တောင်ရှိတော့မှာနော်…
နောင်နှစ်ပေါင်းများစွာ အထိ မောင်နဲ့အတူတူ ဒီလိုအမြဲတမ်းရှိခွင့်ရရင် သိပ်ကောင်းမှာပဲနော်..
ရှိလည်း ရှိချင်တယ် မောင်ရယ်….

——————————————————————————

ဇူလိုင် ၁၃ ၂၀၀၇

မွန်နဲ့မောင်တို့ရဲ့ နှစ်နှစ်ပြည့်………..
မွန်ရင်တွေခုန်နေတယ် ဒီနေ့ Takashimaya ရှေ့မှာ မောင်နဲ့ချိန်းထားတယ်လေ
ဒါပေမယ့် မွန်နောက်ကျနေတယ်…
အဲတော့ မောင်ဖုန်းဆက်လာတော့တာပေါ့.. မွန် ဘယ်မှာလဲ တဲ့..
ဟိဟိ.. ထုံးစံအတိုင်းပဲ မောင့်ကိုချွဲပြီး ချော့ရတော့တာပေါ့…
ရောက်တော့မှာ မောင်.. နောက်ထပ် ၅ မိနစ်လောက်ပါပဲ… ခဏလေးပါပဲနော်လို့…
ဟော မောင့်ကိုတွေ့ပြီ… လက်လေးကိုသွားဆွဲလိုက်တယ်.. မောင်ဒီဘက်ကို ရိုင်သွားတယ်…
ဟိဟိ…
လာခဲ့ မိမွန်… နောက်ကိုကျတယ်… ဆိုပြီး မွန့်ပါးလေးကို လှမ်းဆွဲတယ်..
ဟွန့် .. နာလိုက်တာ… မောင်လူဆိုး
နောက်ပြီးတော့ ဘာမှ မပြောဘဲနဲ့ အောက်ဆုံးထပ်ကိုခေါ်သွားတယ်လေ..
ဟောတော့ အရုပ်လေးတွေ များ …………… ကြီးပဲတော့ ဈေးလျှော့ပြီးတော့ ရောင်းနေတာ..
ချစ်စရာလေးတွေတော့ …. ပျော်လိုက်တာ…….. မောင့်ကိုတောင်မေ့သွားပြီ …..

မွန်လေး.. လာခဲ့.. နောက်ကျနေပြီ … လာ သွားမယ်တဲ့..

ဟင် မောင်ကလည်း.. ဒီမှာ ကြည့်တောင် ကြည့်ရသေးဝူး…

ဆိုးလိုက်တာ…

လာပါ မောင့်ချစ်လေးရယ်… နော်..

မွန်စိတ်မပါတပါနဲ့ ပါသွားတယ် မောင့်လက်ကိုဆွဲပြီးတော့ပေါ့…
ဘာမှတောင် သတိမထားမိတော့ဘူး…
မောင့်မျက်နှာကို မော့ကြည့်မိတော့ ပြုံးနေတယ်.. ဘယ်လိုအပြုံးလေးပါလိမ့်..
အဲဒီအပြုံးလေးပေါ့ သိပ်မုန်းဖို့ကောင်းတာ…
မွန်ဂျစ်ကန်ကန်ရုပ်လေးနဲ့ ပါသွားတယ်

——————————————————

ဆတ်တောက်ဆတ်တောက်လေးနဲ့ပေါ့ ..
မောင်က ပြုံးဖြဲဖြဲလေးနဲ့ စိတ်ကောက်ပါနဲ့ကွာ..
ချစ်လေး စားလို့ကောင်းအောင် မောင်က အကောင်းနဲ့ လမ်းလျှောက်ခိုင်းတာပါတဲ့ ..
အဲဒါနဲ့ .. မွန်တို့ fish & Co. ထဲရောက်သွားရော
မောင်ကနေပြီးတော့ မွန်ကြိုက်တတ်တာလေးတွေမှာလည်းပြီးရော
အိမ်သာခဏသွားချင်လို့ဆိုပြီး သွားရော..

အဲဒီအချိန် မောင့်ကိုထိုင်စောင့်နေတုန်းမှာ လည်ပင်းကအေးခနဲဖြစ်သွားလို့
လှည့်လည်းကြည့်လိုက်ရော မောင်ရယ်ပေါ့ ..
ဆွဲကြိုးလေး ဆွဲပေးတာလေ နှစ်နှစ်ပြည့် အထိန်းအမှတ်မို့လို့တဲ့ ..
မွန်လေ ဘာပြောရမှန်းမသိအောင်ကိုပဲ..
အဲဒီဆွဲကြိုးလေးကလေ .. မွန်တို့တစ်ခါလျှောက်သွားကြတုန်းက ..
မွန်ကြိုက်လိုက်တာလို့ အမှတ်တမဲ့ပြောမိခဲ့တဲ့ဆွဲကြိုးလေးပေါ့..

အို မောင်ရယ်..
မွန့်ရဲ့အချစ်တွေကို ဒီရေအလားတိုးပွားစေနိုင်ခဲ့ပါလား..
မွန်မျက်ရည်လေးတွေတောင် ၀ဲမိတယ်..
မောင်အဲလောက်တောင် အမှတ်ရတယ်လားလို့ …..
အရမ်းချစ်မိပြီ မောင်ရယ်..
မွန်လည်းလေ မောင့်အတွက် သူ့အကြိုက်နာရီလေးတစ်လုံးဝယ်ပေးခဲ့တယ်..
အဲလိုနဲ့ပဲ မွန်တို့ရဲ့ နှစ်နှစ်ပြည့် အမှတ်တရလေးက တကယ်ကို အမှတ်တရလေးနဲ့ပြီးဆုံးခဲ့တယ်လေ …

———————————————————————————

ဒီကြားထဲ မောင်နဲ့မွန်နဲ့ အမြဲမတွေ့ဖြစ်ခဲ့ဘူး
မောင်ကလည်း ကျောင်းပိတ်လို့အလုပ်လုပ်
မွန်ကလည်း မွန့်ရည်ရွယ်ချက်နဲ့ အလုပ်လုပ်တော့
ဖုန်းပြော sms တွေပို့ပြီးတော့ပဲ အဆက်အသွယ်ရှိခဲ့တယ်…

———————————————————————————–

၁၃ စက်တင်ဘာ ၂၀၀၇

ဒီနေ့ မောင့်ကိုဘာလို့လဲသိဝူး အရမ်းလွမ်းနေခဲ့တယ်..
အဲဒါနဲ့ မောင်နဲ့တွေ့ဖို့ချိန်းတော့ မောင်အလုပ်များနေလို့တဲ့
နည်းနည်းတောင်စိတ်ပျက်သွားပြီးတော့ အချစ်ကိုတောင် သံသယ၀င်ခဲ့တယ်
(အိုး…… )
ခက်တာပဲ အဲဒါတွေ

————————————————————————————–

၇ အောက်တိုဘာ ၂၀၀၇

အခုတလော မောင်အရမ်းငြိမ်နေတယ်.. စကားလည်းသေချာမပြောဝူး
မောင်ဘာဖြစ်နေတာလဲသိဝူး… စိတ်လည်းတို စိတ်လည်းပူနဲ့ မွန်တော့ ရူးတော့မှာပဲ..
မောင့်ကို မောင်ဘာဖြစ်နေတာလဲဟင်လို့မေးတော့ အလုပ်နဲ့ပင်ပန်းနေလို့ပါတဲ့..
မွန်ယုံမိခဲ့တယ်လေ
လောကကြီးအကြောင်းကို ဘာဆိုဘာမှမသိခဲ့တဲ့ မိမွန် မောင့်စကားတွေကို အကြွင်းမရှိနဲ့ပေါ့
အော် မောင်ရယ် သနားပါတယ်ဆိုပြီး ရုပ်ရှင် studio မှာပဲအလုပ်လုပ်ရတဲ့မောင့်ကို
waitress လုပ်ရတဲ့မွန်ဆိုတဲ့ငတုံးမလေးက အားပေးခဲ့တယ်လေ အလုပ်ကတော့ အဲလိုပါပဲဆိုပြီးတော့ပေါ့

————————————————————————————–

21 nov၂၀၀၇

ဒီရက်ပိုင်းတွေ မောင်နဲ့စကားပြောရတာ အဆင်ပြေလိုက် မပြေလိုက်နဲ့..
စိတ်ရှုပ်လိုက်တာ..
မောင်ကမွန့်အနားမှာရှိပေမယ့် မောင့်စိတ်တွေလွင့်ပျံနေလို့ ပြန်ပြောပြရပေါင်းလည်း များခဲ့ပြီ
စိတ်ညစ်ရတာလည်းများလှပြီ အလုပ်ကိုအကြောင်းပြပြီးဖြစ်နေတဲ့ မောင့်ကိုလည်း စိတ်အချဉ်ပေါက်လို့
သွားမတွေ့ခဲ့ဘူး

အဲဒါနဲ့ ဒီနေ့လိုပိတ်ရက်မျိုးမှာ မွန်ပျင်းပျင်းနဲ့ ကွန်ပြူတာဖွင့်ပြီး ဟိုကြည့်ဒီကြည့်လုပ်နေခဲ့တယ်..
နောက်ပြီးတော့ မောင့်ရဲ့ င်္Friendster profile ကိုအကြည့်မှာ ….
ကောင်မလေးတစ်ယောက်က comment တွေများကြီးပေးထားတာတွေ့လိုက်မိတော့
မွန်နည်းနည်း စိတ်တိုသွားတယ်..
အင်းလေ ကြည့်အုံးလေ comment တွေက love comment တွေ
အဲဒါနဲ့ အဲဒီကောင်မလေးရဲ့ စမသ်ငူန ကိုလည်း သွားကြည့်မိတဲ့အခါ….
မောင်နဲ့ မွန်မဟုတ်တဲ့ကောင်မလေးတစ်ယောက်တို့ ပျော်ရွင်စွာနဲ့ ရိုက်ထားတဲ့ဓာတ်ပုံတွေကိုလည်းတွေ့ရော………………

မွန့်ကမ္ဘာတစ်ခုလုံးချာချာလည်သွားခဲ့တယ် ..
အဲဒီဓာတ်ပုံတွေကလွဲပြီး ဘာမှမမြင်တော့သလို ဘာမှလည်းမကြားတော့ဘူး
မွန်.. မွန်အရှင်လတ်လတ်ကြီး အသတ်ခံလိုက်ရသလိုပဲ
မွန် .. ဘာလုပ်ရမှန်းမသိဘူးဖြစ်သွားခဲ့တယ်..
ခါတိုင်းဆို ဘာမဟုတ်တာလေးလည်းကျနေခဲ့တဲ့မျက်ရည်တွေက အခုကျတော့ တစ်စက်တောင်မကျတော့ဘူး..
မွန်အသက်ရှူတာတွေရပ်.. အချိန်တွေရပ်သွားသလိုပဲ
အရာရာဟာ ငြိမ်သက်သွားခဲ့တယ်..

အို.. မွန်လေ.. မွန်..
ဘာပြောရမှန်းမသိသလို ဘာလုပ်ရမှန်းလည်း မသိခဲ့ဘူး
သစ္စာမရှိတဲ့မောင့်ကိုပဲ သွားအော်ရမလား… မောင့်ကိုအဖြေပေးခဲ့တဲ့ကောင်မလေးကိုပဲသွားအော်ရမလား
မွန်မဝေခွဲတတ်ဖူး
မောင့်ကို ဘယ်လိုအင်အားမျိုးနဲ့ပြောရမလဲလည်း မသိခဲ့ဖူး
မွန့်ကမ္ဘာကြီးပျက်သွားသလိုပဲ
မွန်ခေါင်းတွေချာချာလည် စိတ်ဟာကိုယ်နဲ့မကပ်တော့သလို မွန်အသိစိတ်ခဏကင်းမဲ့သွားခဲ့တယ်
မယုံနိုင်ရခဲ့တာလည်းပါတယ်
အဲဒါနဲ့ မွန် မောင့် တခြားအကောင့်တွေသွားကြည့်ခဲ့တယ်..
မောင်လုပ်ထားသမျှ ၀က်(ဘ်)ဆိုက်တွေသွားကြည့်ခဲ့တယ်

ဟုတ်ပါတယ်.. မောင်.. နောက်ကောင်မလေးတစ်ယောက်နဲ့ ……

နောက်ဆုံးတော့ မွန်အရာရာကိုနားလည်သွားခဲ့ပါတယ်..
မောင်အခုနောက်ပိုင်း မူပျက်နေတာ ဒီကောင်မလေးနဲ့တွေ့နေတာကိုးလို့….
မောင့်ဆီက အခေါ်တွေကြဲတာ sms တွေလာတာနည်းသွားတာ..
ခဏခဏ အရင်လိုမတွေ့နိုင်တော့တာ..
မောင့်အချိန်တွေက အဲဒီကောင်မလေးဆီရောက်သွားတာကိုး….

ဒါပေမယ့်လည်းလေ…
မွန် ၁၀၀% မယုံချင်သေးဘူး …
ရူးတယ်လို့ပဲပြောပြော မိုက်တယ်လို့ပဲဆိုဆို မွန်တိတ်တိတ်လေးဆုတောင်းနေမိခဲ့တယ်
.. မဟုတ်ပါစေနဲ့ အရှင်ဘုရား … ဆိုပြီးတော့
မွန့်ရင်ထဲမှာ ပြည့်ကျပ်နေခဲ့တယ်…..

——————————————————————————-

၂၂ Nov, ၂၀၀၇

ဒီနေ့ မောင်နဲ့တွေ့တယ်..
မောင်ကတော့နော်.. ဘာမှမဖြစ်သလိုပဲ… စကားနည်းနည်းလေးနည်းသွားတာကလွဲပြီးတော့ ..
မွန်ပဲ ဟန်ဆောင်ကောင်းခဲ့တာလား မောင်ပဲ အကဲခတ်တာညံ့သွားတာလားမသိဘူး
မောင်က မသိသလိုပဲ မွန့်ကိုကြည့်နေပေမယ့် .. မွန့်ရင်ထဲမှာဖြစ်နေတာတွေကို မောင်မမြင်ခဲ့ဘူး
မောင်နေကောင်းလားလို့ မွန်မေးခဲ့သေးတယ်
အင်းကောင်းပါတယ်တဲ့ .. မွန်ရော လို့ မေးတော့ .. ဟုတ်ကဲ့ မဆိုးပါဘူးလို့ ..
နောက်ပြီးတော့ မွန်ဆက်ပြောလိုက်တယ်.. မောင်.. ယွန်းကချစ်စရာလေးနော်လို့ မတည်မပြုံးလေးနဲ့လည်းပြောလိုက်ရော
မောင်မျက်နှာတွေ ပျက်သွားတယ်.. အော် အဲဒီ ရိုးရိုးသားသားဟန်ဆောင်မှုကင်းတာလေးကိုပဲ ချစ်နေခဲ့ရတာ မောင်ရယ်..
နောက်တော့ .. မောင်ပြောလာခဲ့တယ်.. မောင်တောင်းပန်ပါတယ် မွန်ရယ် .. တဲ့
အို သွားပြီ မောင်က ယွန်းနဲ့ တကယ် .. တကယ်ပဲပေါ့ အဲဒါဆို
မွန်… မွန် နောက်တစ်ကြိမ် ချာချာလည်သလို ခံစားလိုက်ရပြီ
ရင်ထဲကလည်း ဆုံးရှုံးခြင်းဆိုတာကို ပထမဦးဆုံးအကြိမ်နဲ့ ခံစားလိုက်ရတယ်
ကျလာမယ့်မျက်ရည်တွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး မောင်းထုတ်လိုက်ရတယ်
မောင်ထပ်ပြောလာတယ် .. မောင်တောင်းပန်ပါတယ်တဲ့ ..
တော်ပါတော့မောင်ရယ်.. မွန်ခံနိုင်ရည်မရှိတော့လို့ပါ..
နောက်ပြီး ဖြစ်နိုင်ရင်လေ မွန်မောင့်ရှေ့ကနေ ပြေးထွက်သွားချင်တယ်ကွယ်
ဒါပေမယ့် မွန်မလုပ်ခဲ့ပါဘူး
မွန်အားတင်းပြီး ခြောက်ကပ်ကပ်အသံနဲ့လုပ်ယူပြီးပြောခဲ့တယ်
ရပါတယ်မောင်.. မောင် ယွန်းကိုပဲ တကယ်ချစ်ရင် မွန်ဘာမှမပြောလိုတော့ပါဘူး .. လို့လည်းပြောပြီးရော
မွန်မျက်ရည်တွေကျလာတယ်.. ကျလာတဲ့မျက်ရည်တွေကို အတင်းသိမ်းဆည်းပြီး မွန်ခေါင်းမော့ခဲ့တယ်
အံ့သြသွားတဲ့မောင့်ကို ကြည့်ပြီး မွန်နားလည်လိုက်တယ်..
မွန်မငိုတာကိုကြည့်ပြီး မွန်အရမ်းမခံစားရဘူးလို့ မောင်ကောက်ချက်ချလိုက်တာကိုပေါ့
အဲဒါနဲ့ မွန်နှုတ်ဆက်လိုက်တယ်..
မွန်သွားတော့မယ်နော် ….. တာ့တာ…. မောင် (ဒီ .. မောင် .. ကို ရင်ထဲကနေ နောက်ဆုံးအကြီမ်နဲ့ မွန်တိတ်တိတ်လေး ခေါ်ခဲ့တယ် မောင်.. ဒါကိုမောင်သိမှာမဟုတ်ပါဘူးလေ) လို့ပြောပြီး မွန်အပြေးလေးတစ်ပိုင်းနဲ့ ရှိုက်ရင်း ထွက်ခဲ့တယ်..

———————————————————————————-

နောက်ပိုင်း…..

မွန် မောင်နဲ့ မျက်နှာချင်းမဆိုင်တော့ဘူး
မွန့်ရင်တွေနာနေတယ်..
မွန် မယုံရဲတာလည်း ပါတယ်..
မွန်တို့ရဲ့ နှစ်နှစ်တောင် ရှိခဲ့တဲ့ အချစ်က မယုံရဘူးလား
မွန့်ကိုပြောတော့ အချစ်ဆုံးဆို မွန့်တစ်ယောက်ပဲချစ်တာပါဆို..
မောင်ရယ် မွန့်မှာတော့ မွန့်ရဲ့အချစ်ဦးမို့လို့ တစ်ဘ၀လုံးစာချစ်လိုက်ရတာ
နောက်ဆုံးမွန်ရလိုက်တဲ့ ရလဒ်ကဒါလား.. လမ်းခွဲခြင်း
မွန့်ချစ်သူကို စွန့်လွတ်လိုက်ရခြင်း အဲဒါတွေလား

မွန်နားကိုမလည်နိုင်တော့ဘူး ..
မွန်ဝမ်းနည်းတယ် ဒေါသလည်းထွက်တယ်
ယုံလည်းမယုံနိုင်ဘူး ကြောက်လည်းကြောက်မိတယ်..
ယုံကြည်ချက်တွေလည်းမဲ့သွားခဲ့တယ် ..

————————————————————————————–

—————————————————————————————–

ကျွန်မ ဒိုင်ယာရီစာအုပ်လေးကို ပိတ်လိုက်မိတယ်..
တော်တော်တောင်ဟောင်းနေလို့ ရွဲတဲတဲဖြစ်နေတဲ့စာအုပ်လေးကို ရင်ဘတ်မှာ ပိုက်လိုက်ရင်း အတွေးတွေဝင်ခဲ့မိတယ်..
အန်တီလေးဟာ သူ့အချစ်ဦးကို အဲလောက်တောင်ပဲ ချစ်ခဲ့လားလို့
သနားလည်းသနားသွားမိတယ်
အချစ်ရဆုံး.. အယုံကြည်ခဲ့ဆုံးယောကျာ်းတစ်ယောက်ရဲ့သစ္စ္စာဖောက်မှုကိုခံခဲ့ရတဲ့ အန်တီလေး နောက်ပိုင်းဘယ်ယောကျာ်းကိုမှ မယုံခဲ့တာ အန်တီလေးအလွန်မဟုတ်ခဲ့ပါဘူး
အခုတော့ ကျွန်မနားလည်ခဲ့ပြီလေ.. ဘာကြောင့် အန်တီလေးနောက်ထပ်ဘယ်ယောကျာ်းကိုမှ မချစ်နိုင်ခဲ့လဲဆိုတာကိုပေါ့..
အန်တီလေးပစ္စ္စည်းတွေကိုရှင်းရင်း ဒီစာအုပ်လေးကိုအမှတ်တမဲ့တွေ့လို့ ဖတ်ခဲ့မိတဲ့ကျွန်မကို ခွင့်လွတ်ပါလို့တောင်းပန်ရင်းနဲ့
အရာရာကိုအတိတ်မှာထားခဲ့ချင်တဲ့ အန်တီလေးအတွက် အန်တီလေးရဲ့ ဂူနားမှာ မြေမြုပ်ပေးခဲ့တယ်..
နောင်ဘ၀မှာ အချစ်ကြီးလွန်းတဲ့ အန်တီလေး အချစ်စစ် အချစ်မှန်နဲ့ တွေ့ပါစေ………… လို့ တောင်းဆုပြုရင်း ….

—————————————– THE END ——————————————-

P.S — > Takashimaya – A shopping mall at Orchard, Singapore
နာမည်လေးပါ ဖမ်းပေးလိုက်တယ်.. ဘာပေးရမှန်းမသိတာနဲ့ .. =D

h3mlock

———————————————————————————————–

အော်.. ဘာရယ်တော့ ဟုတ်ပါဝူး.. ဒီလိုပဲ ပျင်းနေတာနဲ့ တင်လိုက်တာ..တော်တော်ကိုကြာတာပဲ.. အာြး့ကီးမုန်းတယ် လေးတောင့်တွေကို..

hump ~ when i first wrote it, i converted to win innwa from zaw gyi font. Now i had to convert it again to zaw gyi! !_!
eek .. getting on my nerves =|
heh Anyway, hope u enjoy it and have a nice day!!! ^0^

In: ဝတ္ထု Posted By: Date: May 30, 2009
Comment #1

အရမ်းကောင်းတယ်.. ကောင်မလေးကို သနားလိုက်တာ..

commentinfo By:ုkyi kyi at May 13, 2010
Comment #2

အင်း ဟုတ်တယ်နော်။ ယောကျာ်းလေးတွေ၇ဲ့အချစ်က မယုံ၇ဘူးနော်။ မိန်းခလေးတွေ၇ဲ့ အချစ်က မပြောင်းလဲနိုင်ပေမဲ့ သူတို့တွေကတော့ ဟောတယောက် ဟောတယောက်ပဲနော်။ နာချင်စ၇ာပဲ၊ ကျွန်မ ဒီ story ကို ဖတ်မိပြီးတော့ ငိုမိတယ်။

ကျွန်မသာ အန်တီလေးနေ၇ာ( မွန့်နေ၇ာ )မှာဆို၇င်တော့ အ၇မ်းချစ်ခဲ့တုန်းကတော့ အ၇မ်းချစ်နေမယ်လေ။ ကိုယ့်ကို မချစ်လို့ စွန့်လွှတ်သွားတဲ့သူကို ဘာလို့ လွမ်းဆွတ်ကြေကွဲခံစားနေမလဲနော်။ ဟုတ်တယ်မို့လား——–။

ကိုယ့်ဘ၀အတွက် သူက တချိန်တုန်းကတော့ အေ၇းပါဆုံးဖြစ်ခဲ့ပေမဲ့ ခုချိန်မှာတော့ အေ၇းပါဆုံးနေ၇ာမှာ မထားသင့်တော့ဘူးလို့ ထင်ပါတယ်၇ှင်။ ကိုယ့်အတွက် မဟုတ်၇င်တောင် ကိုယ့်ပတ်ဝန်းကျင်အတွက် လိုအပ်တဲ့တထောင့်တနေ၇ာမှာ ကိုယ်က ဖြည့်ဆည်းပေး၇င်း နဲ့ ကိုယ့်ဘ၀၇ဲ့ ဒဏ်၇ာတွေကို ပျောက်အောင်ကုစား၇မယ်လို့ ထင်ပါတယ်။
ခုလိုဖတ်ခွင့်၇တဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်လည်း ဆက်ပြီးဖတ်ချင်ပါသေးတယ်။ စိတ်ချမ်းမြေ့ပါစေ၇ှင်။

commentinfo By: pretty at May 13, 2010
Comment #3

Oh so much full of deep feelings!! Keep it up dear writer….We’ll surely look forward to yrs new entries like this^^

commentinfo By: nan at May 14, 2010
Comment #4

really good!!! Keep the good job!

commentinfo By: thet aung at Jun 21, 2010
Comment #5

ယောင်္ကျားဆိုတာ….ဒီလိုပဲ….
ကောင်းပါတယ်…..ဖတ်ရတာ

commentinfo By: အသဲကွဲမိုး at Dec 30, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment