တကယ်ချစ်ခဲ့သော်လည်း လွမ်းဆွေးခဲ့ရသူ Share
ကျွန်တော့်ရဲ. ဇာတ်လမ်းလေးကို ပြောရရင်တော့ တကယ်ရင်နာ ခံစားရတယ်ဗျ။
တကယ်တော့ ကျွန်တော် နဲ. သူနဲ. က ၅နှစ်လောက် ခင်ခဲ့ ပြီးမှ လမ်းခွဲ ခဲ့ရတာဗျ။
သူ.နာမည်က တော့ ချို လို.ပဲ ထားလိုက်ပေါ့။
ကျွန်တော်နဲ. သူနဲ. က ၆တန်းနှစ်က စတွေ. ခဲ့တာပေါ့ဗျာ။
အဲဒီတုန်းက တော့ တစ်ယောက်ကို တစ်ယောက် သတိလည်း မထားမိခဲ့ကြဘူး။
ဒီလိုနဲ. ၇တန်းနှစ်ရောက်လာတော့ ကျွန်တော် သိလိုက်တာက သူ.ကို ချစ်မိနေပြီလို.ပေါ့။
ဒါပေမယ့်လည်း သူကတော့ ဂရုမစိုက်ခဲ့ပါဘူး။
ဒီလိုနဲ.ပဲ ၈တန်း နှစ် အတန်းတင် စာမေးပွဲ ဖြေဆိုရမယ့် အချိန် ရောက်လာတယ်လေ။
၉တန်းရောက်ရင် အတန်း ပြန်ခွဲမယ် ဆိုတာကို လည်း ကြိုသိနေတော့ သူနဲ ဝေးသွားရမှာ စိုးရိမ်နေတယ်လေ။
အဲဒါကြောင့်လည်း ၈တန်း စာမေးပွဲကြီး နောက်ဆုံးနေ.မှာ သူ.ကို ဖွင့်ပြောဖို. ကြိုးစားခဲ့ပါတယ်။
ဒါပေမယ့်လည်း စိတ်သွားတိုင်း ကိုယ်မပါခဲ့ဘူးလေ။
ဒီလို နဲ ၉တန်း စာသင်နှစ်ကို ရောက်လာ ခဲ့တယ်။
သူနဲ. ကျွန်တော်လည်း အခန်း ကွဲ ခဲ့ရတယ်လေ။
အခန်းကွဲ သွားပေမယ့်လည်း ကျွန်တော်စိတ်က သူ.တစ်ယောက်ထဲကို ပဲ ချစ်နေခဲ့တာပေါ့။
သူ.ကို ကျောင်းမှာ ကြိုက်တဲ့ လူတွေ ကလည်း များတယ်လေ။
သူကလည်း ကြိုက်သလိုလို မကြိုက်သလိုလို နဲ. ဆိုတော့ စိတ်ပူမိတာပေါ့။
ဒီလိုနဲ. ၉တန်း အောင် ပြီး ၁၀ တန်း ရောက်လာ ခဲ့တာပေါ့။
ကျွန်တော် စိတ်တွေ လည်း ရှုပ်ထွေးပြီးရင် ရှုပ်ထွေးလာခဲ့တယ်။ ဒါနဲ. ပဲ ကျွန်တော်လည်း ဆုံးဖြတ်ချက်ချလိုက်တယ်။
၁၀တန်း ကို ကောင်းကောင်းမွန်မွန်နဲ. ကြိုးစားဖြေမယ်လို. ပေါ့။
ဒီလိုနဲ. ၁၀တန်း စာမေးပွဲကြီးပြီးသွားပြီပေါ့။
အမှတ်ထွက်လာတော့ အမှတ်ကောင်းကောင်းရတယ်လေ။
ဘယ်ကျောင်းမဆို တက်လို. ရတယ်ပေါ့။
အိမ်က ဆေးကျောင်း ကို ပေးမတက်ပါဘူး။
အေးအေးဆေးဆေး နိုင်ငံခြားဘာသာ တက္ကသိုလ်ပဲ တက်ပြီး စီးပွားရေးလုပ်ဖို. အဖေက တိုက်တွန်းတယ်။
ကျွန်တော်ကိုယ်တိုင်ကလည်း အမှတ်များအောင် ဖြေမယ်။ ဆေးတက္ကသိုလ်ကို တော့ မတက်ဘူးလို. စဉ်းစားထားတယ်လေ။
ဒီလိုနဲ. ကျောင်းက အောင်လက်မှတ်ယူဖို. ကျောင်းကို လာတော့ သူနဲ. တွေ.ခဲ့တယ်လေ။
သူကို ဘယ်တက္ကသိုလ် တက်မလဲ လို. မေးတော့ ဆေးတက္ကသိုလ် တက်မယ်လို. သူကပြောတယ်လေ။
ဒီတော့ ကျွန်တော်လည်း သူတက်ရာ လိုက်တက်ခဲ့တယ်ပေါ့။
ဒီလိုနဲ.ပဲ ဆေးတက္ကသိုလ်ကို သူနဲ. ကျွန်တော် တူတူတက်ခဲ့တယ်လေ။
ကျူရှင်တွေလည်း တူတူလိုက်တက်ခဲ့တယ်။
ဒါပေမယ့် သူ.ဘက်ကတော့ ကျွန်တော့် အပေါ်ကို ခံစားချက်လုံးဝ မရှိခဲ့ပါဘူး။
ဒီလိုနဲ တစ်နေ. Chatting မှာ သူနဲ ကျွန်တော် တွေ.တော့ သူ.ကို hi လို.တောင် မလုပ်ရသေးဘူးဗျာ… . ကျွန်တော့်ကို block လုပ်သွားတယ်။
စဉ်းစားကြည့်ဗျာ။ ကိုယ်ချစ်ရတဲ့ လူက ကိုယ့်ကို block လုပ်သွားတယ်ဆိုတာ ဘယ်လောက်ရင်နာဖို.ကောင်းလဲဆိုတာ။
ကျွန်တော်လည်း နောက် account တစ်ခု နဲ.၀င် ပြီး add လိုက်တယ်။ ပြီးတော့ သူက ကျွန်တောိ့ကို ဘယ်သူလဲလို. မေးတော့
ကျွန်တော်က နာမည်လည်း ပြောလိုက်ရော ကျွန်တော့်ကို block ထပ်လုပ်လိုက်တယ်ဗျာ။
ကျွန်တော်သူ. အပေါ် တော်တော် နားလည်ပေးခဲ့ပါတယ်။ အရာရာလည်း အနစ်နာ ခံပြီး လုပ်ပေးခဲ့ပါတယ်
ဒါပေမယ့် ကျွန်တော့်ကို အဲလို ဆက်ဆံတာတော့ မခံနိုင်ဘူးလေ။
ဒီတော့ ကျွန်တော်လည်း သူနဲ ဝေးရာကို ထွက်သွားဖို. ဆုံးဖြတ်ခဲ့တယ်လေ။
ဒါပေမယ့် အိမ်ကလည်း ဆေးကျောင်းကို ပဲ ပြီးအောင် ဆက်တက်ဖို. ပြောတယ်ဗျ။
ပြီးတော့ တစ်ခါမှ မကျဖူးတဲ့ စာမေးပွဲကိုလည်း ဆေးကျောင်းရောက်မှ ကျရတယ်ဗျာ။
သူ.ကြောင့်လို.တော့ မပြောလိုပါဘူး။
အခုသူနဲ. ကျောင်းမှာ မျက်နှာချင်းဆိုင်တွေ.ရင်တောင် မျက်နှာလွှဲ ပြီး သွားနိုင်ပြီလေ။
အဲဒါကျွန်တော်လွန်သလားဗျာ။ ……
ကိုယ်တွေ. အတွေ.အကြုံ ပါ။ အားပေးကြပါနော်။
Comment #2
သူက ဘာမို့လို့လဲလို့ပဲမေးပါရစေ ပြီးတော့လိုအပ်ရင်သူ့အကောင့်ထည့်လိုက်
အကျွတ်တရားဝင်သွားစေရမယ့် ပြီးတော့ နင်ကယောက်ျားလေး သိပ်အာရုံစိုက်မနေနဲ့ မာနကျတယ်
By: yangonchan at Jul 17, 2010
Comment #4
ဟူးးးးးးးးအချစ်..ချစ်..
By: hnineiphyoe at Jul 18, 2010
Comment #5
တခါတလေတော့လဲ.အချစ်ဆိုတာကို့ဘက်ကသာခံစားနေ၇ပေမဲ့…….သူ့ဘက်ကတော့ဘာမှမဟုတ်တာလဲ၇ှိတတ်တယ်လေ…………….
By: su at Jul 29, 2010
Comment #6
ခံစားမိပါတယ်……ဆက်ရေးပါ…ခံစားမှု့ ကိုစာသားအဖြစ်ပြောင်းလိုက်ပေါ့…ဒါဆို..ရင်ထဲမှာနည်းနည်းတော့
ခံစားမှု့ ပေါ့သွားမယ်ထင်တယ်…အားပေးနေပါ့မယ်….
By: စမ်းရေ at Jul 29, 2010
Comment #7
ဘာဇာတ်လမ်းမှလဲ ရှာမတွေ့ပါလား.. တစ်မျိုးကြီးပဲ
By: Red at Jul 29, 2010
Comment #8
အချစ်ဆိုတာကလေ နားလည်တတ်လေ နားလည်ရခက်လေ..
ပိုချစ်လာလေပဲ..။ နားလည်မှု ၊ ပေးဆပ်မှုတွေ များလာလေလေ..
အချစ်ဆို တဲ့အရသာဟာလည်း ကို့အတွက် ဘာလဲဆိုတာ
သိလာလေလေ ပဲ..။ ခံစားမှုကို ရှေ့တန်းတင်ထားတဲ့အတွက်..
နှလုံးသားမှာ ဒဏ်ရာ ရသွားပေမဲ့ သူ့ကိုချစ်တဲ့စိတ် လေး ရှိနေ
တာက ကိုယ့်ရဲ့ အားတခုပဲ.. ကြိုးစားပါ။ အခုကာယကံရှင်ရဲ့ မေတ္တာတွေ ၊ သစ္စာတရားတွေကို
တစ်နေ့ သူသိလာပါလိမ့်မယ်…………..။
By: ချစ်နှင်းဝေ at Jul 29, 2010




3257 masterpieces
4192 comments
1345 members
391 pc authors
989 feed subscribers
Comment #1
မေ့လိုက်တာအကောင်းဆုံးပဲ။