Professional Authors

အရုပ်တွေနှင့် နေနေတဲ့ ကမ္ဘာ – ( ၂ )ဇာတ်သိမ်း နရီထက်

“ဘယ်လို ကစားရမှာလဲ …. ဦး။”

ကြေငြာဆိုင်းဘုတ်သာသာမျှသာရှိနေတဲ့ ကစားစရာအရုပ်ကလေးတွေ ပါပဲလို့ ကလေးတွေက ထင်မှတ်နေသည်။ ” အဲဒီအရုပ်ထဲက နှစ်ရုပ်ကို လွှတ်တော်ထဲမှာ နေရာတစ်နေရာစာ သားတို့က ရွေးချယ်ပေးရမယ်။ လွှတ်တော်ထဲမှာ နေရာရအောင်ပေါ့။ ရွေးကောက်ပွဲ ကျင်းပပြုလုပ် တဲ့အခါပေါ့။ ” လို့ ဟာဗီက တူလေးတွေကို ပြောပြပေးနေသည်။

” စိုးပေနေတဲ့ သူတွေ၊ စည်းကမ်းသတ်မှတ်ချက်မရှိပဲ တိုက်ခိုက်နေတဲ့သူတွေ၊ ရှုံးနိမ့်မှုတွေနဲ့ပါလား” လို့ အဲရစ်က တအံ့တသြပြန်ပြောနေသည်။

” နှာခေါင်းသွေးလျှံမှုတွေ၊ သောက်နိုင်သလောက် သောက်မယ့်သူတွေနှင့်၊ ဂိုဂါဖ်တ်ရဲ့ ပန်းချီပညာကို လေ့လာသင့်တယ်… ဦး” လို့ ဘာတီက တိုးတိုးညင်ညင် ပြောဆိုလေသည်။

” တစ်ခုမှ မဟုတ်ဘူး သားတို့ရဲ့။ သားတို့ ထင်သလို့ တစ်ခုမှ မဟုတ်ဘူး” လို့ ဟာဗီက ပြန်လည် ပြောပြလေသည်။ ” မဲတွေကို မဲပေးပုံးထဲမှာ ထည့်ရ တယ်။ မြို့တော်ဝန်က မဲတွေကို ရေတွက်လေ့ ရှိတယ် သားတို့ရဲ့။ နောက်ပြီး ဘယ်သူက မဲ အများဆုံး ရသလဲဆိုတာ သူက ပြန်လည် ကြေငြာပေးတယ်… သားတို့ရဲ။ ပြီးတော့ ယှဉ်ပြိုင်သူနှစ်ယောက်ကလည်း မြို့တော်ဝန်ကို သဘာပတိအဖြစ် လက်ခံဆောင်ရွက်ပေးလို့ ကျေးဇူးတင်မဆုံး ဖြစ်ရတယ်… သားတို့ရဲ့။ ရွေးကောက်ပွဲက… လူတွေကို ပျော်ရွှင်ပီတိဖြစ်စေတယ်။ ပုံစံ ကျနစေတယ်လို့ လူတိုင်းက စုစုစည်းစည်း လက်ခံ ယုံကြည် ပြောဆိုကြ တယ်… သားတို့ရဲ့။ နောက်ပြီး နိုင်ငံသူနိုင်ငံသားတွေက လည်း ရွေးကောက် ပွဲကို လေးစားသမှုနှင့် ပူးပေါင်း ဆောင်ရွက် ပေးကြတယ်လေ… သားတို့ရဲ့။ ဒီအရုပ်ကလေးတွေနှင့် သားတို့ ကစားလိုက်ရင် ပျော်ရွှင်မှုတွေ အပြည့်အ၀ ရရှိလိမ့်မယ်လို့ ဦး က လက်ခံ ယုံကြည်ပါတယ်။ ဦးငယ်ငယ်တုန်းကဆို ဒီလို အရုပ်ကလေးမျိုးတွေ တစ်ခါမျှ မမြင်ဖူးဘူး၊ မကြားခဲ့ရဘူး.. ကလေးတို့ရဲ။”

“သားတို့တော့ အဲဒီအရုပ်ကလေးတွေနှင့် ကစားရတာ နှစ်သက်လိမ့်မယ် လို့ မထင်ဘူး… ဦးရဲ့။ ” လို့ အဲရစ်က တုံ့ပြန်လေသည်။ ဦးလေးဖြစ်သူဟာဗီက ထုတ်ပြပေးနေတဲ့ အရုပ်ကလေးတွေအပေါ် ကလေးတွေက အားရုံကျမှု နည်းကြောင်း ပြသနေသည်။ အားလပ်ရက် ဝေယျဝစ္စတွေ ပြီးမှသာ အဲဒီ အရုပ်ကလေးတွေကို ကိုင်ဖြစ်လိမ့်မယ်လို့ သားတို့ ထင်တယ်။ အဲဒီ အချိန်မှသာ သမိုင်းဝင် အရုပ်ကလေးတွေနှင့် ဆော့ဖြစ်ကြမှာ … ဦးရဲ့။ နောက်ပြီး သားတို့ ပြင်သစ်ရဲ့ ဘာဘွန်အကြောင်းအရာတွေ အကြောင်း လေ့လာရအုန်းမှာ ဦးရဲ့။

” ဘာဘွန်နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေလား ” လို့ ဟာဗီက စိတ်ပျက်စွာ မေးနေပြန်သည်။

” ဆယ့်လေးကြိမ်မြောက် လူးဝစ်အကြောင်းကို သားတို့ သိပါတယ်လို့ ” အဲရစ်က ပြန်ဖြေလေသည်။ ” ဖြစ်ခဲ့ပြီးတဲ့ တိုက်ပွဲတွေ ထဲက ခေါင်းဆောင်တွေရဲ့ နာမည်တွေကိုလည်း သားသိပါတယ်” ။

” ဒါတွေ အခု မရှိတော့ဘူး သားတို့ရဲ့။ အဲဒီတုန်းက သူတို့ရဲ့ ကျူးကျော်ရန်စမှု တိုက်ပွဲတွေကလည်း ရှိခဲ့တာကိုး။ ” လို့ ဟာဗီက ပြန်ဖြေလေသည်။ ဒါပေမဲ့ သူတို့ရဲ့ ကြီးကျယ်ခမ်းနားမှုတွေကို ကြားရတော့ ဦးတို့လည်း ကျေနပ်ပီ တိ ဖြစ်ခဲ့ရတယ်လေ။ အဲဒီဘက် ခေတ်က အကြောင်းအရာတွေကလည်း ပါးစပ်ပြော ရာဇ၀င်သာ များခဲ့ကြတယ်.. သားတို့ရဲ့။ အဲဒီဘက်ခေတ် တုန်းကလည်း မှတ်တမ်းမှတ်ရာတွေ ပြုလုပ်ပေးမယ့်သူတွေက မရှိသလောက် ပါပဲ … သားတို့ရဲ့။ ဒါကြောင့် တပ်မမှူးတွေ၊ အထူးတပ်ဖွဲ့တွေကသာ တိုက်ပွဲနှင့် ပတ်သက်တဲ့ အကြောင်းအရာတွေကို ပြောဆိုကြတယ်လေ။ သူတို့ကိုယ်တိုင် တိုက်ပွဲဖြစ်စဉ်ထဲ ရောက်မှာ သိရတယ်… သားတို့ရဲ။ လူးဝစ်တွေကတော့ နာမည်ကြီးခဲ့ကြတာ မှန်ပါတယ်။ အခုအချိန်မှာတော့ သဘာဝဥယျာဉ် တည်ဆောက်ပေးတဲ့ သူတွေက နာမည်ကြီးကြတယ် .. သားတို့ရဲ့။ ပြင်သစ်ရဲ့ ဘာစလီတည်ဆောက်မှု သွင်ပြင်က လည်း မြတ်နိုး ဖို့ ကောင်းတယ်။ အဲဒီပုံစံကို ဥရောပတစ်ခွင်က အတုယူနေပြိး တည်ဆောက်နေကြတယ်လေ.. သားတို့ရဲ့။ “

” မဒါမီဒူဘာရီ အကြောင်းရော သိလား .. ဦး” လို့ အဲရစ်က မေးလေသည်။ ” သူမက ခေါင်းဖြတ် အသတ်ခံရတာ မဟုတ်လား .. ဦးရဲ့။”

” သူမလည်း ဥယျာဉ်တွေကို ချစ်မြတ်နိုးတဲ့ အမျိုးသမီး မဟုတ်လား။ ” လို့ ဟာဗီက မပွင့်တပွင့် ပြောဆိုလေသည်။ ဦး တော့ ယုံကြည်တယ်။ ဒူဘာရီ ဆိုတဲ့ နာမည်က သူမရဲ့ ဘ၀နောက်မှာ ဖြစ်တည်လာပါ။ အခုတော့ သားတို့ ကစားစရာအရုပ်တွေနှင့် ဆော့တတ်အောင် လုပ်ပါ။ ပြီးမှ သင်ခန်းစာတွေ ယူပါကွာ…။ “

ဟာဗီအဖို့ စာကြည့်တိုက်သို့ သွားလေ့သွားထရှိအောင် တစ်ဖန် ပြန်လုပ် ရလေသည်။ စာကြည့်တိုက်ထဲမှာ တစ်ခါရောက်တိုင်း မိနစ် သုံးဆယ် ဒါမှမဟုတ် မိနစ် လေးဆယ်လောက် နေကာ သမိုင်းနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို ရှာမှီးရလေသည်။ အလယ်တန်း ကျောင်း သူကျောင်းသားအဆင့်လောက် စာအုပ်မျိုးကို ရွေးဖတ်ရလေသည်။ တိုက်ပွဲတွေအကြောင်း အသာပေးဖော်ပြထားတာတွေ၊ အနိုင်ကျင့်မှုတွေ၊ သွေး ထွက်သံယိုမှုတွေ၊ ပြင်းထန်း မှုတွေ သေကြေပျက်စီးမှုတွေ မပါတဲ့ စာအုပ်မျိုးကိုလည်း ဟာဗီအနေဖြင့် ရွေးရလေသည်။ နပိုလီယံခေတ်က ယော့ခ်နှင့် လန်ကာစတာမြို့တော်တွေအကြောင်း သူအဖို့ အခုနေ မှတ်မိတစ်ချက် မမှတ်မိတစ်ချက် ဖြစ်လောက်နေသည်။ ဟာဗီအနေဖြင့် စဉ်းစားပြီး ပြော ဖို့လည်း အခက်ကြပ်နေသည်။ နှစ်သုံးဆယ် စစ်ပွဲ အကြောင်း အခြားသူတွေနှင့် ဆွေးနွေးငြင်းခုံမယ်ဆိုရင်လည်း ဟာဗီအဖို့ အခုနေ အခက် တွေ့နိုင်သည်။ အခုနေတော့ ဟာဗီအဖို့ ကလေးတွေ ကို အောင်မြင် မှုရအောင် လုပ်ရမည်။ ကလေးတွေက နားလည်သိတတ်နေတဲ့ အရွယ် ကို ရောက်နေပြီး ဖြစ်သည်။ စပိန်အာမာတာနှင့် ၀ါးတားလူးစစ် ပွဲအကြောင်းတွေ ထင်ဟပ်နေတဲ့ တူလေးတွေရဲ့ စိတ်ကို ၀ါဂွမ်းအ သွင် ပြောင်းလဲသွားအောင် လုပ်ရမည် မဟုတ်လား။

ဟာဗီ တွေးတောမှုနယ်ပယ်ကနေ ရပ်တန့်ပြီးတဲ့အချိန် တစ်နေ့ တူလေးတွေရဲ့ အခန်းထဲသို့ ၀င်လာခဲ့လေသည်။ တူလေးတွေ သူဝယ်ပေးထားတဲ့ အရုပ်တွေနှင့် ဘယ်လိုကစားနေ သလဲလို့ မြင် ချင်နေသည်။ ကလေးတွေရဲ့ အခန်းတံခါးဝမှာ ဟာဗီ ရပ်နေတဲ့အချိန် အခန်းထဲက အဲရစ်ရဲ့ အမိန့်ပေးသံ တစ်ခုကို ကြားလိုက်ရသည်။ ဘာတီကလည်း ပလုံပထွေးနှင့်စကား ပြန်ပြောနေသံ ကြားနေရသည်။ ဘာတီက အဲရစ်ရဲ့ စကားကို ထောက်ခံ ပြောနေသံ ဖြစ်လေသည်။

” ဒီဟာလေးက ဆယ့်လေးကြိမ်မြောက် လူးဝစ်ပဲ။ ဒီဟာကတော့ ခါးစည်း ဘောင်းဘီလေးနဲ့အရုပ်။ ဦးလေး ပြောတဲ့ တနင်္ဂနွေကျောင်းကို တည်ထောင်ခဲ့သူလေ။ ဒီအရုပ်လေးက လူးဝစ်အရုပ်လေးနှင့် မတူဘူးနော်။ ဒါပေမဲ့ အဲဒီအရုပ်လေးက အလုပ်တွေ တော်တော် လုပ်ခဲ့ပုံပဲ။”

” အဲဒီ အရုပ်ကလေးကို ကျွန်တော်တို့ ခရမ်းရောင်ကုတ်အကျီလေး ချယ်ပေးလိုက်ရင် ကောင်းမယ်။ ကျွန်တော်တို့ရဲ့ ဆေးရောင်ချယ်တဲ့ ပုံးထဲကနေ နိုက်ပြီးတော့လေ…. ” လို့ ဘာတီက ပြောဆိုလေသည်။

” ကောင်းတယ်…။ ဖိနပ်ကိုတော့ အနီရောင် ချယ်ပေးရမယ်။ ဒီအရုပ်ကလေးက မာဒါမီဒီမိန်းတီနန်… ပဲ။ ဒီအရုပ်ကလေးကိုတော့ ဦးက မစ္စဟေမန်စ် လို့ ခေါ်တယ် ပြောတယ်။ သူမက လူးဝစ်ကို စစ်ကြောင်း မချီတက်ဖို့ တောင်းပန်ခဲ့တယ်လေ။ လူးဝစ်က နားမထောင်ခဲ့ပါဘူး။ အဲဒီအရုပ်တွေထဲက ဒီအရုပ်ကလေးက မားရှယ်ဆိတ်ပဲ လို့ ဦးက ပြော ခဲ့တယ်။ သူက လူပေါင်း ထောင်သောင်းကြားမှ ထင်ရှားခဲ့သူပေါ့။ မှတ်သားစရာများနှင့် နိုးကြားမှု ဖြစ်ခဲ့သလား။ အဖြေကတော့ ယုံကြည်မှုတရားကနေ ဖြစ်စေခဲ့တာပါ။ ဒါကတော့ သူရဲ့ ကျော်ကြားတဲ့ မိန့်ခွန်းပဲ… သိလား။ သူတို့တွေက မန်ချက်စတာရဲ့ တိတ်ဆိတ်တဲ့ ညမှာ ဆိုက်ရောက်ခဲ့တယ်။ ဂျပ်ကိုဘိုက်က ရဲတိုက်ရဲ့ သော့တွေကို သူတို့တွေဆီ ပေးခဲ့တယ်လေ။”

ဦးလေးဖြစ်သူ ဟာဗီက အခန်းတံခါးဝကနေ အသာချောင်ကြည့်နေ သည်။ မြူနီစပယ်အမှိုက်ပုံးထဲမှာ ထိုးထိုးထောင်ထောင်ထနေတဲ့ တာဝေးပစ်ဒုံးကျည်စက်ရုပ်ကလေးတွေ၊ တခြားအရုပ်ကလေးတွေ ကိုလည်း တွေ့လိုက်ရသည်။ အခုတော့ မန်ချက်စတာထဲမှာ ခိုင်မာတဲ့ စည်းမျဉ်းစည်းကမ်းတွေနှင့် ချနှင့်ထားသည်။ အနီရောင်ဆေးချယ်ထားတဲ့ ဂျွန်စတတ်မေလ်အရုပ်နားဘေးမှာ မာရှယ်ဆိတ်အရုပ်ကလေးက ရပ်လျက် ရှိနှင့်လေသည်။

” လူးဝစ်က သူရဲ့ တပ်သားတွေကို ခရစ်ယာန်အမျိုးသမီးလူငယ်အဖွဲ့ကို ကူညီပေးကြလို့ အမိန့်ထုတ်လိုက်တယ်။ ပြီးတော့ လိုအပ်တဲ့ အကူအညီကို လည်း ပေးကြတဲ့။ တံခါးဝနားမှာ ရပ်နေတဲ့ မိန်းကလေးတွေက ငါရဲ့ မိန်းကလေးတွေပဲလို့ လူးဝစ်က အော်ပြောသေးတယ်။ ကျွန်တော်တို့ မစ္စဟေမန်ကို အဲဒီမိန်းကလေးတွေနား ထားလိုက်မယ်လေ။ မစ္စဟေမန် က ပြောသေးတယ်။ မာရှယ်ဆိတ်ရဲ့ နှလုံးသားကို ဓါးနဲ့ ထိုးပစ်ချင်လိုက်တာတဲ့။”

“မာရှယ်ဆိတ်တော့ ကြောက်စရာကောင်းလောက်အောင် သွေးတွေ ထွက်လာပြီ ” လို့ ဘာတီက အော်ပြောလေသည်။ ပြီးတော့ ခရစ်ယာန်အမျိုးသမီးလူငယ်အဖွဲ့ရဲ့ အဆောက်အဦးပုံစံတူပေါ်သို့ အနီရောင် ဆေးစက်ကလေးတွေ ကျပစ်လိုက်သည်။

” စစ်သားအရုပ်ကလေးတွေကလည်း တာဝန်ထမ်းဆောင်နေရင်း တိုက်ပွဲထဲမှာ ဒဏ်ရာတွေရ၊ ကျဆုံးတဲ့ သူတွေကလည်း ကျဆုံးပေါ့၊ မိန်းကလေးတွေကလည်း ရန်သူတွေရဲ့ လက်ချက်ကြောင့် အသတ်ခံရသူတွေ ကလည်း အသတ်ခံရပေါ့” လို့ ဘာတီက ပြောပြီး အဆောက်အဦးပုံစံတူပေါ် သို့ အနီရောင် ဆေးစက်ကလေးတွေ ချနေလေသည်။ ပြင်သစ် သဘောင်္တွေပေါ်မှာလည်း အယောက်ငါးရာလောက်ကို ကယ်တင် သွားကြတယ်လေ။ ငါတော့ မာရှယ်ကို ဆုံးရှုံးရပြီးလို့ လူးဝစ်က ပြောသတဲ့။ မာရှယ် မရှိပဲ ဘယ်လိုလုပ် ပြန်ရမှာလဲလို့လည်း ပြောသေးတယ်..။”

ဟာဗီက ကလေးတွေရဲ့ အခန်းနားကနေ တိတ်တိတ်လေး ထွက်ခွာလာခဲ့သည်။ ညီမလေးဆီသို့ လာခဲ့လေသည်။

” အလီနော .. ညီမလေး..၊ အစ်ကိုတို့ အတွေ့အကြုံသစ်တွေ ရနေပြီ။”

” ဟုတ်လား… ကိုကြီး”

” အစ်ကိုတို့တွေ ပျက်ကွက်ခဲ့သေးလား။ ရည်ရွယ်ချက်ကောင်းတွေ စလုပ်ဖို့ နောက်ကျနေခဲ့တာ…။”

ပြီးပါပြီ။
===================================================

နရီထက်
( ၂၆ ၊ မတ်လ ၊ ၂၀၁၇ )

In: ဝတ္ထု Posted By: Date: Apr 18, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment