Professional Authors

ချစ်​ခဲ့ဖူးပါသည်​ သို့​သော်​ (ep-1)

ချစ်ခဲ့ဖူးပါသည် သို့သော် ..

Episode ~ 1

 

ကျွန်တော့်မှာ ချစ်စရာကောင်းသော နေရာတကာ စပ်စပ်စုစုပါတတ်သော လူလည်ကျတတ်တဲ့ သူငယ်ချင်းမလေး တစ်ဦးရှိပါတယ် သူ့ကို အားလုံးက မွန်း လို့ ခေါ်ကြတယ် နာမည် အပြည့်စုံက ‘လကဗျာ’ တဲ့

 

အတန်းဆင်းတော့ ကန်တင်ဘက်လျှောက်လာရင်း

“ဟဲ့ မာန် နင်သိပြီးပြီလား အခု ပြောင်းလာတဲ့ ဆရာ အသစ်က ဒါ တဲ့”

မွန်းက လက်ညိုးဖြင့် နှာခေါင်းကို ထိုးရင်း ပြောသည်။

” နင့်ကို ဘယ်သူက ပြောတာလဲ”

“ကျောင်းလခ သွားသွင်းရင်း စာရေးမတွေ ပြောသံကြားလာတာ စာရေးမတွေကိုလည်း ရစ်သီရစ်သီပဲတဲ့”

“အေးလေ ကျောင်းဆရာလည်း ယောကျာ်းလေးပဲ”

” ဟယ် တူ မလား ပြီးတော့ ကဲပါ ..

အဲဒါ အသာထား

နင် တက်တူး နဲ့ စန္ဒီ ကို အောင်သွယ် ပေးနေတယ်ဆို”

“အင်း”

“ကြည့်လည်း လုပ်အုံး အောင်သွယ်တော်နဲ့ ညားနေအုံးမယ်”

“စန္ဒီ နဲ့ ငါ က နင့်လို ငယ်သူငယ်ချင်းပဲလေ ဘာမှ ညားစရာမရှိဘူး”

“စန္ဒီ နဲ့ ညားမှာ မဟုတ်ဘူး တက်တူး နဲ့ ညားမှာ”

“ဟာ ယောကျာင်္းချင်းကို “

“ဟာ မနေနဲ့ နင်လုပ်ပုံက ဟုတ်မှ မဟုတ်တာ တက်တူး အတန်းဆင်းရာ စောင့် တက်တူးနဲ့ ကန်တင်း မုန့်အမြဲစားရ ပြီးတော…”

“အဲဒါက စန္ဒီက တက်တူး ကို ကြိုက်နေတာလေ သူက မိန်းကလေးဆိုတော့ ရှေ့ဆက်မရလို့ ငါက တက်တူးဆီ အမြဲသွားပြီး အောင်သွယ်ပေးနေတာ စန္ဒီ့ကောင်းကြောင်း သွားသွားပြောနေရတာ”

“သွား သွား နင့်ကို ကျောင်းကလူတွေက ဘယ်လိုထင်နေကြလဲ သိလား နင့်ကို ‘…’ တဲ့ “

“ဘာ”

“အမလေးလန့်တာ ဘာလို့ပိတ်အော်တာလဲ”

“နင့်ကို ဘယ်သူက ပြောလဲ”

“တကျောင်းလုံးပြောနေတာ ဘာပဲဖြစ်ဖြစ်ပါ လိုက်ပါတယ် အဟိ”

“မွန်း နင်နော်”

“ဟိ ဟီး”

“မွန်း နေအုံး နေအုံး ဒါ နင် လိုက်ဖွ ထားတာ မဟုတ်လား”

ီ “ဟယ် .. ရှာရှာပေါက်ပေါက် အဲလေ ပေါက်ပေါက်ရှာရှာ ကိုယ့်သူငယ်ချင်း အရင်းကြီးကို အဲလို လုပ်ပါ့မလားလို့ ဒီမှာ နင့်အတွက် ငါ လက်ဆောင်တောင် ဝယ်လာသေးတယ်”

“ဘာလဲ”

“နူတ်ခမ်းနီ လေ ဒီမှာ ဟီး ညီမလေးမာန်မာန် အတွက် ရော့”

“မွန်း .. နင် ဟေ့ မပြေးနဲ့ ဒါ နင့်လက်ချက်ပဲ ဖြစ်မှာ”

“လာ လာ ညီမလေး ဟိ ဟီး”

မွန်း က လျှာထုတ်ပြောင်ရင်း အရှေ့က ပြေးသည်။ နောက်က လိုက်ရင်း

“အမေ့ ..”

ကျောင်းဆောင်အကွေ့မှာ မိန်းကလေး တစ်ဦးနဲ့ ဝင်တိုက်မိသည်။

ကျွန်တော်ရဲ့ ခံစားမှု သည် အဲဒီအချိန်မှာ စ ခဲ့တာပင်။

“sorry ဗျာ sorry”

အေးစက်လွန်းတဲ့ သူမရဲ့ အပြုအမူတွေ။

ထိရက်စရာမရှိတဲ့ အသားအရေ

မျက်ဝန်း လှလှ နူတ်ခမ်းပါးလေးနဲ့

အရမ်းလှတဲ့ ဆံပင်ရှည်ကြီး

ပြီးတော့ မြန်မာဆန်ဆန် ဝတ်စုံ

သူမရဲ့ စာအုပ်တွေ ပြန်ကောက်ပြီး 

စကားတစ်ခွန်းမှ မပြောဘဲ 

ကျွန်တော့်အနားက ထွက်သွားရန် ပြင်တော့

“ခဏ ခဏ ညီမ ကို ဒီကျောင်းမှာ မမြင်ဖူးဘူး ကျောင်းသူ အသစ်လား အကိုက E-Major ကပါ မာန်ပြည့်စုံ လို့ ခေါ်ပါတယ် အကူညီတွေဘာတွေ လိုရင် ပြောနော်”

သူမ က ကျွန့်တော့်ကို အေးစက်စက်အကြည့်နဲ့

ကြည့်ကာ အနားမှ ထွက်သွားသည်။ သူမ ရဲ့ သိမ့်မွေ့တဲ့ လမ်းလျှောက်ပုံ ကို ငေးကြည့်နေမိသည်။

“နင် ဒီကျောင်းက မိန်းကလေးတွေ အကုန်ကြိုက်လို့ရတယ် ပတ်သတ်လို့ရတယ် ဒါပေမယ့် သူ ကလွဲရင်ပေါ့”

ကျွန်တော့် အနောက်က “မွန်း” က လက်ပိုက်ရင်း ပြောသည်။

“ဘာလို့လဲ”

“အဲဒီကောင်မလေးက စုန်း မျိုး”

“ဘာ ..”

~ End of episode 1

Htet Wai Yun

ဆက်​ဖတ်​လိုသူများ Comment ချန်​ထားနိုင်​ပါသည်

 

 

In: ဝတ္ထု Posted By: Date: Feb 6, 2014
Comment #1

ဆက်ပြီ်းဖတ်ချင်ပါတယ်ကျန်တဲ့အပိုင်းတင်ပေးပါနော်

commentinfo By: cathy at Jun 7, 2014
Comment #2

ဆံ့တငင်ငင်ကြီးတော့မရေးထားနဲ့လေဗျာ…ဆက်ဖတ်မှာပေါ့…

commentinfo By: sithunaing at Jun 15, 2014
Comment #3

ဆက်ရေးပေးပါရှင်….။

commentinfo By: Ayethitsan at Jan 10, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment