Professional Authors

သခင်….

နှူးညံ့တဲ့ မင်းရဲ့အကြည့် ချိုသာတဲ့ မင်းရဲ့အသံ အေးချမ်းတဲ့ အပြုံး ဒါတွေအားလုံးပေါင်းလိုက်တော့ မင်းက ကျက်သရေရှိတဲ့ အလှပိုင်ရှင်

ကောင်မလေး တစ်ယောက်ပါတဲ့…

ဒါကတော့ ကျွန်မရဲ့ မေလ်းထဲကို ဘယ်သူမှန်းမသိတဲ့ လူတစ်ယောက်ပို့လိုက်တဲ့မေလ်းပါ ကျွန်မ မေလ်းအများစုကို သူငယ်ချင်းတွေကို

ပေးတက်တာပါ မသိတဲ့လူတွေကို မပေးတက်ပါဘူး နောက်ပြီး မသိတဲ့ လူကိုလဲ လက်မခံတက်တာ ကျွန်မရဲ့ အကျင့်ပါပဲ ဒါပေမယ့် ဒီ

မေလ်းကတော့ ဘယ်ကနေဘယ်လိုဝင်လာသလဲတော့ မသိပါဘူး ကျွန်မစိတ်ထဲကနေထုတ်လိုက်တယ် မစဉ်းစားတော့ဘူး လုပ်စရာရှိတာပဲ ဆက်လုပ်လိုက်နေတယ်..တခုတော့ ကျွန်မ မလုပ်လိုက်မိဘူး…အဲဒါက…

မင်း ဘာကြောင့် ချစ်စရာကောင်းရတာလဲ ကောင်မလေးရယ် မင်းကို မြင်လိုက်ရင် အရမ်းအေးချမ်းပြီး ချစ်စရာကောင်းတာပဲ

မင်းကတခါတလေ ကလေးဆန်တယ်နော် ဘာပဲဖြစ်ဖြစ်ချစ်စရာလေးပါ……

သူ့ဆီက ပို့တဲ့ ဒုတိယမေလ်းပါ သူ့ ကျွန်မကိုဘယ်ကနေသိတာပါလိမ့် ကျွန်မကိုရော ကျွန်မရဲ့ မေလ်းလိပ်စာကိုရော ဘယ်ကနေရပါလိမ့် မစဉ်းစားတက်အောင်ပါပဲ သူ့စာတွေကြည့်ရတာ ကျွန်မကိုစောင့်ကြည့်ပြီးရေးနေသလိုပါပဲ ကိုယ့်ကိုကိုယ်တောင် မလုံမလဲဖြစ်မိသွားတယ် တိုက်ဆိုင်မှုဖြစ်ပါလိမ့်မယ် ဒုတိယအကြိမ် ခေါင်းထဲက ထုတ်လိုက်တယ် ဒါပေမယ့် မထုတ်မိလိုက်တဲ့အရာ တခုတော့ရှိတယ် အဲဒါက……

ကောင်မလေးရေ ငါတို့တွေ့တာ နောက်ကျတယ်နော် မင်းကိုဒီထက်စောစောတွေ့ရမှာ အခုတော့ မင်းမှာက……. ဒါပေမယ့် ကျေနပ်ပါတယ် မင်းကိုတွေ့ရလို့ နောက်ပြီး ကျေးဇူးလဲတင်ပါတယ် ကောင်မလေးရယ်…..

သူရဲ့ တတိယမြောက် စာကိုလက်ခံရရှိချိန်မှာတော့ သူမ အနည်းငယ်စိတ်ဝင်စားစပြုလာတယ် ဘယ်သူပါလိမ့် သူမကိုဘယ်လိုသိတာ

သူမမှာ ချစ်သူရှိတာလဲ သိတာပဲလား ဒါဆို သူရည်ရွယ်ချက်က ဘာလဲ သူမအတွေးတွေထဲမှာ စီးမျောသွားတယ်……

မင်းအရမ်းရက်စက်တယ် ကောင်မလေးရယ် ငါ့အပေါ်တော့ ဒီလိုမလုပ်သင့်ဘူးလို့ထင်တယ် အရှုံးပေးထားတဲ့သူကို ဘာလို့အနိုင်ကျင့်ရတာလဲ မင်းဆိုးတယ်ကွာ ဒါပေမယ့် ဘယ်တက်နိုင်ပါ့မလဲ မင်းရဲ့ချစ်သူပဲ မင်းလက်တွဲသွားတာ မဆန်းပါဘူး..

သူရဲ့ စတုတ္ထမြောက် စာရတဲ့အချိန်မှာ သူမ အရမ်းအံ့သြခဲ့ရတယ် သူမမှာချစ်သူရှိတယ် သူမချစ်သူနဲ့တွေ့တယ် ဒါတွေကို ဘယ်သူမှမသိဘူး ဘယ်သူကိုမှလဲမပြောပြခဲ့ဘူး ဘယ်လိုသိတာပါလိမ့် သူရဲ့မေလ်းလိပ်စာကို ကြည့်မိတော့ သူမရဲ့ မေလ်းလိပ်စာနဲ့ သိပ်မကွာတဲ့ လိပ်စာ သူမလိပ်စာအတိုင်းပါပဲ သူမအဲဒါကိုလဲ အံ့သြတယ် …….

နောကိပိုင်း သူဆီက စာတွေကဆက်တိုက်လာတာပါပဲ သူမကလဲ စိတ်ဝင်စားစွာ ဖတ်မိတယ်

သူမဘာလုပ်တယ် ဘယ်သွားတယ် ကအစ သိနေတဲ့သူပါ….

သူမဘာဝတ်တယ် ဘာအရောင်နဲ့လိုက်တယ် ဘယ်အကျီင်္ပုံစံနဲ့လိုက်တယ် ဖိနပ်ကတော့ ခြေထောကိနာမယ် မစီးနဲ့ ဘယ်ဖိနပ်ကတော့ သူမခြေထောက်လေးနဲ့လိုက်တယ် သူမကိုဘေးနားကနေ ကြည့်ပြီးပြောနေသလိုပါပဲ

အခုတလော သူဆီကမေလ်းတွေ ရောက်မလာတာ ကြာပြီး ၁လ ကျော် ၂ လနီးပါးတောင် ရှိတော့မယ် အမှန်တကယ်ပြောရရင် သူ့

မေလ်းတွေကို သူမမျော်တက်နေပြီး ဒါကိုတော့ သူမရိုးသားစွာ ၀န်ခံပါတယ် ဒါပေမယ့် ဒါကို အချစ်ဆိုတာကိုတော့ သူမလက်မခံဘူး

သူမမှာ အသက်လောက်ချစ်ရတဲ့ ချစ်သူရှိတယ်လေ…..သူမ ညဥ့်ဦးယံလေးမှာ ၀ရံတာကိုထွက်ပြီး လေညင်းခံနေတယ် ပတ်ဝန်းကျင်တခုလုံးလရိပ်အောက်မှာအေးချမ်းငြိမ်သက်နေတယ် သူမ သူ့ကို ဖျပ်ခနဲ သတိရသွားတယ် နောက်ပြီး ဘာရယ်မဟုတ်ပါဘူး အိမ်ရှေ့က အိမ်ကို မျက်စိကရောက်သွားတယ် တအိမ်လုံး လင်းထိန်နေပြီး ခြံထဲကို ကားတစီးက၀င်သွားလိုက် ပြန်ထွက်သွားလိုက်နောက်ထပ် ကားတွေပြန်ဝင်လာလိုက်နဲ့ ရှုပ်နေတယ် သူမစိတ်ဝင်စားစွာကြည့်နေမိတယိ သူတို့ကလူသစ်တွေလေ ပြောင်းလာတာမကြာသေးတော့ သူမ တို့နှင့် မရင်းနှီးပေ ကြည့်ရတာ တခုခုတော့ အရေးကြီးနေပုံပင်

ဘာဖြစ်တာပါလိမ့် သူမခဏ ကြည့်ပြီးတော့ အိမ်ထဲပြန်ဝင်လာခဲ့တယ်…အိပ်ရာပေါ်လှဲလိုက်ရင်ပဲ အိပ်ပျော်သွားတယ် အိမ်မက်ထဲမှာ သူ့ကိုတွေ့လိုက်ရသလိုပဲ ဒါပေမယ့် မသဲကွဲဘူး ၀ိုးတိုးဝါးတာပါပဲ သူမကိုလက်ပြပြီးကျောခိုင်းသွားတယ်….သူမခေါ်ပေမယ့် မရတော့ပါဘူး သူမလန့်နိုးလာခဲ့တယ် ဘယ်လိုပါလိမ့် သူမချက်ချင်းပဲ မေလ်းစစ်ကြည့်လိုက်တော့ သူ့ရဲ့မေလ်ကိုတွေ့လိုက်တယ် ပျော်သွားတယ် ..

ကောင်မလေးရေ တောင်းပန်ပါတယ်နော် မင်းဆီမေလ်းမပို့တာ ကြာသွားတယ် မင်း ငါကိုမျော်နေလား မျော်မှာမဟုတ်ပါဘူး သိပါတယ် ငါကျေနပ်ပါတယ် ကောင်မလေးရေ ငါနှုတ်ဆက်ခဲ့တယ်နော် မင်းဘ၀ ထာဝရပျော်ရွင်ပါစေနော် မင်းရဲ့ချစ်သူနဲ့ပေါ့ ငါ့ဘ၀ကမင်းကြောင့် ခဏတာတော့ ပျော်ရွင်ချမ်းမြေ့ခဲ့ရတယ် ခဏတာဆိုပေမယ့် ငါ့ကတော့ တစ်ဘ၀စာလို့ထင်တယ် နောက်တခါကျရင် ငါ မင်းကိုအရင်ဆုံးတွေ့ပါရစေလို့ဆုတောင်းတယ် ကျန်းမာပျော်ရွင်စွာနဲ့ ပျော်ရွင်တဲ့ဘ၀ကိုမင်းနဲ့အတူဖြတ်သန်း

မယ်နော် ကောင်မလေးရေ နောက်ဆုံးအနေနဲ့ တခုတော့ပြောခွင့်ပြုပါကွာ ငါ…မင်းကိုအရမ်းမြတ်နိုးတယ်…..

သူဆီကမေလ်းကိုဖတ်ပြီး သူမခဏတော့ငိုင်သွားတယ သူဘာဖြစ်နေတာလဲ သူ့ကိုသူမတွေ့ချင်တယ်လေ သူမတို့တွေ တွေ့ရဦးမယ်လေ သူမစဉ်းစားရင် မိုးလင်းသွားခဲ့တယ်….မနက်ကျတော့လူကနုံနေတယ် မနက်စာစားဖို့အောက်ကို ဆင်းလာခဲ့တယ်

သူမ သတင်းတခုကြားလိုက်ရတယ် ညက အိမ်ရှေ့အိမ်က ကောင်လေး ဆုံးသွားပြီးတဲ့ နှလုံးရောဂါနဲ့တဲ့ သူမတို့အရွယ်လောက်ပဲရှိသေးတယ်တဲ့ သူမအဲဒါကိုကြားပြီး တချက်တော့ငိုင်သွားတယ် အော် ဒါကြောင့် ညက ရှုပ်နေတာကိုး မနက်လင်းခါနီးလေးတင် ဆုံးသွားတာတဲ့ သူမ၀မ်းနည်းသွားတယ် ဘာလို့မှန်းတော့မသိဘူး မနက်စာတောင် မစားတော့ပဲ အပြင်ကိုထွက်လာခဲ့တယ် အိမ်ရှေ့အိမ်ကနေပြီး ငိုသံကိုကြားလိုက်ရတယ် သူမခြံရှေ့အရောက် အဲဒီကောင်လေးကိုလာသယ်တဲ့ ကားကထွက်လာတော့ သူမလမ်းဖယ်ပေးလိုက်တယ် နောက်ပြီး ကားထဲကိုလှမ်းကြည့်လိုက်တယ် ကားထဲမှာ ပါဝါစအဖြူလေးကိုလွမ်းထားတဲ့ ကောင်လေး၁ယော်က ပါဝါစအဖြူလေးထဲကနေဖောက်ပြီး မျက်နှာလေးကိုမြင်လိုက်ရတယ် သေတာနဲ့မတူပဲ ပြုံးပြုံးလေးနဲ့ ရှင်ူသန့်နေတဲ့ လူငယ်လေးပါပဲ သူမကြည့်ရင် ငိုချလိုက်တယ် ဘာလို့ငိုမိတာပါလိမ့် သူမကားကိုတဖြည်းဖြည်းကျော်သွားတဲ့ ကားလေးကိုကြည့်ပြီး သူမ ငိုပစ်လိုက်တယ် စိတ်ထဲမှာငိုချင်နေတယ်လေ နောက်ပြီး သူမကားလေးကို သူကားလေးနောက်ကနေ မောင်းထွက်လာခဲ့တယ် လမ်းမရောက်မှ သား၂စီးကဆန့်ကျင်ဘက်သို့မောင်းထွက်သွားကြတယ်……သူမလဲ ဘာလို့ငိုမိမှန်းမသိအောင်ကို မျက်ရည်ကျနေမိတယ် နောက်ကျတော့၁ယောက်ယောက်ကမငိုဖို့ ချော့နေသလိုပါပဲ..သူမမျက်ရည်တွေသုတ်လိုက်ပြီး ကားကို မောင်းထွက်လာခဲ့တယ်….

ကောင်မလေးရေ မင်းဆန္ဒအတိုင်း ငါတို့တွေ့ခဲ့ကြတယ်နော်….မင်းဆန္ဒကို နောက်ဆုံးအကြိမ်အဖြစ်ဖြည့်ဆည်းပေးလိုက်ပါတယ်

ကောင်မလေးရေ နှုတ်ဆက်ပါတ်ာနော် နောင်ဘ၀ဆိုတာရှိခဲ့ရင် မင်းနဲ့ဆုံတွေ့ချင်ပါသေးတယ် ကောင်မလေးရယ်……

In: ဝတ္ထု Posted By: Date: Jun 11, 2010
Comment #1

အရမ်းကောင်းပါတယ်……..။

ကျွန်တော်အခုမှ ဒီsite မှာကဗျာစရေးတာပါ။
ဖတ်ပေးပါခင်ဗျာ………။

commentinfo By: ပုထုဇ၁ု at Jun 13, 2010
Comment #2

i like!!!!

commentinfo By: anatyong at Jun 19, 2010
Comment #3

ကောင်းလိုက်တာဗျာ…

commentinfo By: Shane Khant at Jun 22, 2010
Comment #4

ကောင်းလိုက်တာ..ရင်ထဲမှာနင့်သွားတာပဲ..

commentinfo By: nochi at Jul 31, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment