Professional Authors

တိတ်ဆိတ်မှုနောက်ကွယ်က ငိုသံ

နှလုံးရောဂါသည် ကောင်မလေးနဲ့ ကောင်လေးဟာ တစ်ယောက်နဲ့ အရမ်းချစ်ကြတယ် ဒါပေမယ့် ကောင်မလေးမှာ အမြဲတမ်း စိတ်ကောက် စိတ်တိုတတ်လေတယ် အခုလည်း ချိန်းတွေ့ ရင်းနဲ့ ကောင်မလေးက ပြောတယ် …

ကောင်မလေး ။ ။ နင်ငါ့ကို နည်းနည်းလေးမှ ဂရုမစိုက်ဘူးဟာ … ငါသေအောင်ခံစားနေရလည်း နင်ဂရုစိုက်ရကောင်းမှန်းမသိဘူး …..

ကောင်လေးက ဘာမှမပြောပဲ ပြုံးသာ ပြုံးနေတယ်

ဒီလိုနဲ့ လတွေ တော်တော်ကြာတော့ ကျန်းမာရေးချူချာလွန်းတဲ့ကောင်မလေးက ကောင်းလေးရင်ခွင်ထဲမှာ မှီရင် ကောင်လေးကို စကားတစ်ခွန်း မပွင့်တပွင့်ဆိုတယ် …

ကောင်မလေး ။ ။ နင်ငါ့ကို ဘာမှပြောစရာမရှိဘူးလား

ကောင်လေးမှာ အရင်တစ်ခါလိုပဲ ပြုံးမြဲပြုံးနေလေတယ် …

ဒီလိုနဲ့ တစ်နှစ်လောက်ကြာတော့ ကောင်မလေးမှာ ခွဲစိတ်ကုဖို့လိုအပ်နေလေပြီ
ဆရာဝန်ရဲ့ ညွှန်ကြားချက်အရ ကောင်မလေးရဲ့  နှလုံးဟာ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တယ်လို့ ဆိုလေသည် …

အားရှိသလောက် မျက်လုံးကိုဖွင့်ပြီး သူမလက်ကလေးကို ဆုပ်ကိုင်ထားတဲ့ ကောင်လေးကို ကောင်မလေးက

ကောင်မလေး ။ ။ နင်ငါ့ကို တစ်ခါလောက်ဂရုစိုက်ပါလား ဟာ ငါလေ အရမ်းပင်ပန်းနေတယ် သိလား အခုချိန်မှာ နင့်ရဲ့ ဂရုစိုက်တဲ့ စကားလေးကို ကြားချင်လိုက်တာ …

ကောင်လေး ။ ။ ခဏလောက်အိပ်လိုက်ပါကွာ နိုးလာရင် ငါနင့်ကို ပုံပြင်လေးတစ်ပုဒ်ပြောပြမယ် အိုကေ ..

ဆိုပြီး ကောင်မလေးနှာဖူးလေးကို သပ်ပြီးပြောတယ် …

ခွဲစိတ်ကုသမှုတွေ ပြီးတဲ့အခါကျတော့ ကောင်မလေးက ကောင်လေးကို သူ့ပတ်ဝန်းကျင်မှာ ရှာကြည့်တော့ မတွေ့ ခဲ့ဘူး … စားပွဲပေါ်မှစာအုပ်လေးတစ်အုပ်ကို သူမအထူးအဆန်းကြည့်နေရင်းက လှမ်းယူပြီးဖတ်ကြည့်လိုက်တယ် …

ဟိုးရှေးရှေးတုန်းကပေါ့

အရမ်းစိတ်ဆိုး စိတ်ကောက်တတ်တဲ့ ကောင်မလေးတစ်ယောက်ရှိတယ် ကောင်မလေးဟာ ကျန်းမာရေးအရမ်းချူချာတယ်တဲ့ သူ့ကောင်လေးကိုလည်း အမြဲတမ်း ဂရုမစိုက်ရကောင်းလားဆိုပြီ နှုတ်ခမ်းဆူပြီး ပြောလေ့ရှိတယ် …
တစ်နေ့မှာ ကောင်မလေးဟာ ဆေးရုံတတ်ရပြီး နှလုံးအစားထိုးကုသဖို့ လိုအပ်လာတယ်လေ
ကောင်လေးမှာ ညတိုင်း အိပ်ရေးတွေပျက်အောင် ငိုကြွေးနေရတယ် … သူ့ကောင်မလေးကိုချစ်တဲ့စိတ်နဲ့ အိပ်ရာထဲလူးလိမ့်နေအောင် ခံစားနေရတယ် … တစ်နေ့မှာ ကောင်လေးဟာ ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ် … ” ငါသူကို နောက်ဆုံးအနေနဲ့ လက်ဆောင်နှစ်ခု ပေးရမယ် ” ဆိုပြီးတော့ပေါ့ … ဒုတိယလက်ဆောင်ကတော့ ဒီစာအုပ်လေးပေါ့ … ပထမလက်ဆောင်ကတော့ ဆရာဝန်ကြီးကနေတစ်ဆင့် မင်းကိုပေးခိုင်းလိုက်ပါတယ် …
” တစ်ခါတစ်လေကျတော့ ပြုံးနေတယ်ဆိုပေမယ့် ရင်တစ်ခုလုံးကွဲမတက်ငိုနေရတယ်ဆိုတာ ဘယ်သူမှမသိကြဘူး ” … မင်းကို ကိုအရမ်းချစ်တယ် ဟန်နီ ဒါပေမယ့် ငါမင်းဆီဘယ်တော့မှ ပြန်လာတော့မှာ မဟုတ်ဘူး … Good Bye ချစ်သူရေ … မင်းပျော်ရွှင်ပါစေ … ဆိုပြီး ကောင်လေးမှာ ကောင်မလေးရဲ့ အဝေးဆုံးကို ထွက်ခွာသွားတယ် … ကောင်မလေးမှာတော့ မျက်ရည်တွေနဲ့ ငိုကြွေးရင်း ကောင်လေးပြန်လာမယ့်အချိန်ကို စောင့်နေလေတယ် …

ပုံပြင်လေးကတော့ ဒါပါပဲ ကောင်မလေးရေ … မင်းနှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ် …

ကောင်မလေးမှာ ထိန်းမရအောင် မျက်ရည်တွေ စီးကျလာရင်း
” နင် … နင်ငါ့ကို အဲလောက်တောင်ချစ်တာ ငါ တစ်ကယ်မသိခဲ့ပါဘူး ဟာ ” ဆိုပြီး အခန်းတစ်ခုလုံး ကွဲထွက်သွားမတတ် အော်ပစ်လိုက်တယ် …

P.S : : တိတ်ဆိတ်နေခြင်းဟာ ဂရုမစိုက်ခြင်းမဟုတ်ပါဘူး … အချစ်ဆိုတာဟာ ချစ်နေဖို့ပါပဲ ဘာမှမလိုအပ်ပါဘူး … တစ်ခါတစ်ခါမှာ တိတ်ဆိတ်နေတယ်ဆိုတာ ပြောစရာစကားတွေ အရမ်းများလွန်းလို့ ဘယ်ကနေစပြောရမှန်းမသိလောက်အောင် ဆွံ့ အသွားတာပါ …..

>> Phyoe Layy <<

In: ဝတ္ထု Posted By: Date: May 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment