Professional Authors

ဝေးဝေးဝေး

ညက ကိုအေး ဆီကဖုန်းလာတော.မလေးနဲ.ဟန်ကြီးတို.ကပြသနာတွေတက်ပြီးလမ်းခွဲလိုက်ကြတယ်လို.သိလိုက်ရပါတယ်။
ကြားရတာမယုံနိုင်စရာပါဘဲ။
“သေချာရဲ.လား ကိုအေးရယ်”လို.ကျမကမေးလိုက်တော.
“မိစံရယ်မသေချာဘဲငါက သူငယ်ချင်းတွေ သိက္ခာကျအောင်ပြောပါ.မလား”လို.ကျမကိုစိတ်တိုတဲ.လေသံနဲ.ပြန်ပြောလိုက်ပါတယ်။
” ဘာကြောင်.လဲဆိုတာနင်သိလား နင်မေးမကြည်.ဘူးလား”လို.မေးတော.
“ဘာမှမေးလို.မရဘူး မလေးကတော.ငါကိုတွေ.တော.ငိုနေတယ် ဟန်ကြီးကလဲ ဖြေချင်ပုံမရဘူး”လို.ပြောပါတယ်။
“ငါကတော.သူတို.နှစ်ယောက်ကိုပြန်ပြေလည်စေချင်တယ်ဟာ မိဝေ ရောသည်ကိစ္စ သိပြီးပြီလား”လို.မေးလိုက်တော.
” မိစံရာ ငါလဲနင်.လိုဘဲပေါ. မိဝေကိုမေးကြည်.တော.သူလဲမသိဘူးတဲ. ပြသနာတက်တာ မကြာသေးဘူးထင်ရတာဘဲ ၊
သူတို.ဆီက ငါပြန်လာတာ တစ်ပါတ်ကျော်ကျော်လေးဘဲရှိသေးတယ်၊
ငါရှိတုံးက အကောင်းကြီးရယ် အရင်အတိုင်းဘဲ ၊
ငါက မလေးကိုတောင်စခဲ.သေးတယ် ဘယ်တော.များမှစားရမှာလဲလို. မိုးမိုးသီချင်းကိုစောင်းဆိုတော. လာမယ် မကြာဘူးတဲ.၊
နောက်နှစ်ရက်လောက်မှ ကားအ၀င်အထွက်တွေစာရင်းပေးတော.မှ မမစန္ဒီပြောလို.သိတာ
ငါလဲ အာရုံတွေကိုနောက်သွားတာဘဲ “
လို.အရှည်ကြီးပြောပါတယ်။
သူတို.သတင်းဆိုးကိုကြားလိုက်ရကတည်းက သူတို.အကြောင်းဘဲ ကျမခေါင်းထဲမှာ တ၀ဲလည်လည်ဖြစ်လို.နေပါတယ်။
” မလေး ” လို.ခေါ်တဲ.လေးခင်ခင်ရယ် “ဟန်ကြီး” လို.ခေါ်တဲ.”ကိုအေး”လို.ခေါ်တဲ. အေးမောင်ရယ် “မိဝေ”လို.ခေါ်တဲ.ဝေေ၀နွယ်ရယ် “မိစံ “လို.ခေါ်တဲ.ကျမတို.က
ရတနာပုံ တက္ကသိုလ်မှာ လေးနှစ်လုံးလုံးတွဲခဲ.တဲ.ငယ်ပေါင်းတွေပါ။
ကံဆုံချင်တော. ကျောင်းပြီးလို.အလုပ်လုပ်ကြတော.လည်းတစ်ယောက်တမြို.စီနေရာကနေ မထင်မှတ်ဘဲ ပိုင်ရှင်တစ်ယောက်တည်းလက်အောက်မှာအလုပ်လုပ်ဖြစ်ကြတယ်။
မလေးရယ် ကိုအေးရယ်က မုံရွာက ကျမက မန္တလေးက ဟန်ကြီးရယ် မိဝေရယ်က စစ်ကိုင်းကလေ။
မေဂျာတူတယ်လဲမထင်ပါနဲ.။
မလေးနဲ.မိဝေက ရူပဗေဒ ကျွန်မ က မြန်မာစာ ဟန်ကြီးနဲ.ကိုအေးက သင်္ချာ။
တွေ.ကြတာကတော.ကိုအေးနဲ.ကျမ က မိဘချင်းကသူငယ်ချင်းတွေလေ။
သည်လောက်ဆိုရင်ဘယ်လိုဆက်စပ်ပြီးခင်သွားမယ်ဆိုတာ သိပ်ရှင်းပြဘို.မလိုဘူးထင်ပါတယ်။
တိုတိုပြောရ ရင် မေဂျာမတူပေမဲ.ကျောင်းတက်ခဲ.တဲ.လေးနှစ်လုံးလုံး မှာ တောင်သမန်အင်းကို သွားလဲအတူတူ။
မန္တလေးမှာ ရုပ်ရှင်သွားရင်လဲအတူတူ ဘယ်သွားသွားအတူတူပါ။
ကျမက အိမ်က ကျောင်းတက်ပါတယ် သူတို.က အဆောင်နေပါတယ်။
ဒါပေမဲ.ဒုတိယနှစ်လည်းရောက်ရော အိမ်ကသွားရပြန်ရတာ ဝေးတယ်လို.အကြောင်းပြပြီးမိဝေရယ် မလေးရယ် ကျမရယ်က တစ်ဆောင်ထဲမှာနေပါတယ်။

သည်အထဲမှာ တစ်ဦးတည်းသောသမီးလေး မလေးက ခပ်ပေပေနေတဲ. ဟန်ကြီးကို စေတနာတွေပိုပါတယ်။
ဟန်ကြီးကလဲ ဘာလုပ်လုပ် မလေးက သူ.အတွက် ပထမဦးစားပေး အဆင်.တစ်ပါ။
ခင်တာကတော. မောင်နှမတွေလိုတစ်ယောက်နဲ.တစ်ယောက်သိပ်ချစ်ကြသလို တခါတရံစိတ်ကောက်ချင်ယောင်ဆောင်တာကလွဲလို. ပြသနာမရှိပါ။
မ-၃ ကျား-၂ ဖြစ်နေပြီး အဝေမတဲ.လို.လားတော.မသိပါဘူး နောက်ဆုံးနှစ်အထိ ဘာမှမဖြစ်ကြပါဘူး။
မလေးနဲ.ဟန်ကြီး ကလည်းနောက်ဆုံးနှစ်မတိုင်ခင်ထိ သူငယ်ချင်းပါ။
ဖြစ်ချင်တော.နောက်ဆုံးနှစ်စာမေးပွဲ မဖြေခင် တစ်လလောက်အလိုမှာ
ကျောင်းပိတ်ရက် တစ်ရက် မှာကျမတို.အုပ်စု မန္တလေးတောင်ကို သွားကြတော. မလေးကမလိုက်ဘဲ အဆောင်မှာကျန်နေခဲ.ပါတယ်။
ဟန်ကြီးက မလေးမလိုက်တော.မျက်နှာမကောင်းတာကို ကျမတို.က တစ်လမ်းလုံးစလာပါတယ်။
ညနေ အဆောင်ကိုလဲရောက်ရော မလေးက မရှိပါဘူး။
အဆောင်က သူငယ်ချင်းတွေမေးကြည်.တော. ဧည်.သည်လာလို. ကင်တင်းကိုသွားတယ်ဆိုတာနဲ.လိုက်သွားတော. friend မှာ မလေးရယ်သူကို ကြိုက်နေတယ်လို.ထင်ရတဲ.သူရယ် ကိုအတူထိုင်နေတာလဲတွေ.လိုက်ပါတယ်။
နောက်လက်ဖက်ရည်ဆိုင်ကနေ အဆောင်ကိုလဲပြန်ရောက်ရော ဟန်ကြီးရဲ.ချစ်ဒေါသတွေပေါက်ကွဲကုန်တာနဲ.ကျမတို.ကြားမှာမလေးနဲ.ဟန်ကြီးက ပထမဆုံးသောစုံတွဲလေးဖြစ်သွားပါတယ်။
ကိုပေါက်လက်ဆောင် အဆွေးပါးပါးလေး

In: ဝတ္ထု Posted By: Date: May 31, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment