Professional Authors

ပုံပြင်

အလွမ်းတွေ အဆုံးသတ်ချင်တယ်မောင်..မောင့်ကို လွမ်းတဲ့အ လွမ်းတွေ..မောင့်ကိုချစ်တဲ့ အချစ်တွေကိုလဲ ကုန်ဆုံးချင်တယ်..ဒါပေမယ့် မကုန်ဆုံးနိုင်တာ ဘယ်လိုလုပ်ရမလဲ မောင်… မောင်ရဲ့ အချစ် ကွန်ယက်တွေထဲမှာ မောင့်ကို လွမ်းရင်း တစ်ယောက်ထဲ အထီးကျန်းစွာ နေနေရတယ်.. မောင် လက်ထပ်ပွဲကိုတက်ရောက်ခဲ့တယ်.. မောင့် သမီးလေးမွေးတာကို ကြားခဲ့ရတယ်.. ကျွန်မထင်တယ် မောင်.. မောင်ရဲ့ သမီးလေးကို မောင်က ကျွန်မလို ဖြစ်စေချင်မှာ ကျွန်မ အလိုလို သိနေတယ် ဆိုရင် မောင် ယုံမလား.. မောင် ရေးခဲ့တဲ့ စာလိုပါပဲ. ကျွန်မတို့ နှစ်ယောက်က ချစ်သင့်တဲ့ အချိန်မှာ မချစ်ခဲ့ကြလို့ အခုလိုအဖြစ်မျိုးတွေ ကြုံရတာပါပဲ.. မောင်.ကပြောခဲ့တယ်နော်.
နောက်ဆိုရင် ရင်ခုန်သံကို မညာပါနဲ့လို့..ပြောရမယ်တဲ့.. ကျွန်မ စွန့်လွှတ်လိုက်ရပေမယ့် ကျေနပ်ခဲ့ပါတယ် မောင်.. ကျွန်မရဲ့ အချစ်ရဆုံးချစ်သူ ယောကျာင်္းကောင်း တစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့သလို မိန်းကလေး တစ်ယောက်ရဲ့ ဘ၀ ကိုလဲ လင်းလက်စေခဲ့လို့ပါပဲ.. ကျွန်မရဲ့ ဆုံးဖြတ်ချက်အတိုင်း လက်ခံခဲ့တဲ့ မောင့်ကို ကျေးဇူးတင်ပါတယ်..အထင်တော့မလွဲပါနဲ့မောင်.. ကျွန်မရဲ့ ဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ တွေးပေးပါမောင်.. မောင့် ကိုမချစ်လို့မှ မဟုတ်တာပဲ မောင်ရယ်..မောင့် အတွက် ပေးဆပ်ခဲ့တာပါ.. ရုးမတက် ဖြစ်ခဲ့ရတာပေါ့.. ခြောက်ခြားခဲ့တာပေါ့…. မောင့် ကိုအရင်လို ချစ်ခွင့် မရှိတော့တာကို ခံနိုင်ရည်ရှိပါ့မလားလို့ စဉ်းစားခဲ့တာပေါ့… မောင်.တောင်းဆိုဖူးတယ်နော်..နှစ်ယောက်ထဲ အဝေးကို ထွက်ပြေး၇အောင်တဲ့… ကျွန်မ လက်မခံခဲ့ဘူးမောင်…. ဘာလို့လဲဆိုတော့..မောင်ပြောဖူးခဲ့တယ်… ရင်ဆိုင်ဖြေးရှင်းရမယ့် ပတ်ဝန်းကျင်…. မျက်နှာမပြရဲအောင် ဖြစ်ရမယ့် အပေါင်းအသင်းတွေကြား….. ယောကျာင်္းမပီသ တဲ့လူလို့ပြောခံရမယ့် အပြောတွေ အများကြီး အများကြီးပဲတဲ့… မောင်..ပြောဖူးခဲ့လို့လေ..မောင့်ရဲ့ စိတ်ကို အနားလည်ဆုံးက ကျွန်မပါမောင်.. အဲဒါကလဲ ဟိုးငယ်ငယ်လေးကထဲကပါ… မောင်..မျက်နှာဘယ်လိုဖြစ်နေရင်းတော့ စိတ်ဆိုးနေပါပြီး..ဘယ်လိုလေးဆိုရင်တော့ မောင်..ရယ်ချင်နေပြီး အဲဒါတွေက ဘယ်သူမှ သတိမထားမိတဲ့ အရာတွေကို ကျွန်မ ချစ်ခဲ့တာပါ..အဲဒီလိုပါပဲ ကျွန်မရဲ့ စိတ်ကိုလဲ မောင်က နားအလည်ဆုံးပါ..ကျွန်မနောက်ကို ကောင်လေးတွေ လိုက်တယ်ဆိုတဲ့ အသံကြားရင် မောင့် ..မျက်နှာက မကြည်လင်တဲ့ ပုံနဲ့ ဒါပေမယ့် မောင်သိနေခဲ့ပါတယ်… ကျွန်မ အဲဒီလူတွေကို မကြိုက်ဘူးဆိုတာလေ..သိသိကြီးနဲ့ကို ကျွန်မအပေါ်ဆိုးခဲ့တာပါ ….. လွမ်းတယ်..မောင်ရယ်…. လူတွေအားလုံးက ကျွန်မတို့ရဲ့ ဇာတ်လမ်းကို စောင့်ကြည့်နေကြတယ်..ဘာတွေဆက်ဖြစ်မလဲလို့လေ… အခုတော့..ဇာတ်လမ်းဆပြီးဆုံးသွားပါပြီး..မောင်..မောင်..လဲ အိမ်ထောင်သည် တစ်ယောက်အဖြစ်နဲ့ ရပ်တည်နေသလို..ကျွန်မကလဲ ကျွန်မရဲ့ ဘ၀ ကျွန်မရဲ့ အလုပ်တွေ ပညာတွေနဲ့ ရပ်တည်လျက်ပါပဲ..ဒါပေမယ့်…ကျွန်မကတော့ တစ်ယောက်ထဲ ရပ်တည်နေဆဲပါပဲ…မောင်..ဖြစ်စေချင်တဲ့ ဆန္ဒ တစ်ခုကိုတော့ကျွန်မ ကြိုးစားပြီး ဖြည့်ဆည်းပေးရဦးမယ်မောင်..အဲဒါက ဘာလဲဆိုတော့..ကျွန်မတို့ရဲ့ ဇာတ်လမ်းကို မောင်..က ၀ထ္ထုရေးစေချင်တယ်.. စာရေးဆရာ သူငယ်ချင်းရှိရင် ပြောပြပြီး ရေးခိုင်းမှာတဲ့… ကျွန်မတို့ရဲ့ ပုံပြင်ကို ဘယ်သူကိုမှ မပြောပြဖူး မရေးခိုင်းဘူးမောင်… တခြားသူတွေကို ပြောပြပြီး ရေးခိုင်းရင် ကျွန်မတို့ရဲ့ ခံစားချက်တွေ လျော့သွားမှာစိုးတယ်…ကျွန်မကိုယ်တိုင် ခံစားပြီး ရေးမယ်မောင်…ပုံပြင်တိုင်းက တကယ့်အဖြစ်မှန်တွေနဲ့ အခြေခံထားတာပါ.. ကျွနမတို့ရဲ့ ဖြစ်ရပ်မှန်တွေကတော့ ပုံပြင်အဖြစ်နဲ့ ထာဝရရှင်သန်သွားစေချင်တယ်..ကျွန်မတို့ အချစ်တွေမရှင်သန်ပေမယ့်လဲပေါ့…

In: ဝတ္ထု Posted By: Date: Mar 13, 2012
Comment #1

hint,,,
pone pyaw kaung de yout kyar tway,,
:'(
:'(
:'(

commentinfo By: ei lay at Jul 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment