Professional Authors

သုံးရာသီလွမ်းချင်း .. ( FOR ZMMC )

လွမ်းတေးရယ်မဆို ဒီနွေပူပူနဲ့

တောင်ပြာတန်းရဲ့ အထီးကျန်မှု

ညနေဆည်းဆာရဲ့ အလှ

ဘာမှတော့မဆိုင်ပေမယ့်

မင်းအလှနဲ့တော့ ငါ မနှိုင်းယှဉ်ခဲ့ပါဘူး

ဒါပေမယ့် ..

တစ်စုံတစ်ရာကို ငါလွမ်းမိတယ် ။

 

ပြီးတော့ ဒီမိုး

မိုးရေတွေကြား ငါ့အနမ်းတွေက

ပိုင်ရှင်မဲ့လျက်ပေါ့

ညို့မှိုင်းနေတဲ့  ကောင်းကင်ကြီးလည်း

ညည်းတွားနေတုန်းပဲလေ

ဒါပေမယ့် ..

တစ်ယောက်ယောက်ကြောင့်

ငါ့မျက်နှာ ငြိုးငယ်နေဆဲ ။

 

ဆောင်းဆိုပေမယ့် ပြိုလာတော့မလိုနဲ့

ညိုညိုလာတဲ့ ကိုရွှေမိုးက

လောကကြီးကို အန်တုလို့ပေါ့

ဒီလိုဘဲ ..

မနက်မနက်တွေမှာ အေးအေးလာတယ်

ဒါပေမယ့် ..

ငါ့ရင်ထဲမှာတော့ မင်းအတွက်ဆိုရင်

နွေးထွေးနေဆဲပါ .. ချစ်သူ ။

In: ဝတ္ထု Posted By: Date: Sep 20, 2011
Comment #1

ဒီလိုဘဲ ..

မနက်မနက်တွေမှာ အေးအေးလာတယ်

ဒါပေမယ့် ..

ငါ့ရင်ထဲမှာတော့ မင်းအတွက်ဆိုရင်

နွေးထွေးနေဆဲပါ .. ချစ်သူ ။
..
နှစ်သက်အားပေးသွားပါတယ်..လူဆိုးလေး

commentinfo By: အသဲကွဲမိုး at Sep 20, 2011
Comment #2

အားပေးသွားပါတယ်ဗျာ…..
ကဗျာလေးကောင်းတယ်။

commentinfo By: moehtetaung18 at Sep 21, 2011
Comment #3

ကျေးဇူးတင်ပါတယ်ခင်ဗျာ .. 🙂

commentinfo By: chityellusoelay at Sep 21, 2011
Comment #4

thx so much

commentinfo By: ei lay at Oct 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment