Professional Authors

၆ ရက်နေ့…..

ဒီနေ့ မနက် အိပ်ရာထတော့ စိတ်ထဲမှာ လွမ်းသလိုလို ကြေကွဲသလိုလို ငိုချင်သလိုလို ဖြစ်နေတာ စိတ်လဲမကြည်လင်ဘူး…
ငါ..ဘာဖြစ်နေပါလိမ့် စိတ်ညစ်စရာရှိလားလို့ တွေးကြည့်လိုက်တော့လဲ ဘာမှစိတ်ညစ်စရာမရှိပေ…
ရုပ်တရပ် calender ကိုကြည့်လိုက်မိတော့ မျက်လုံးများက ၆ ရက်နေ့ဆီသို့…. ဘုရားရေ ..ဒီနေ့က ၆ ရက်နေ့ပါလား…. စိတ်ထဲမှာ မ်းနည်းသလို အားနားသလို ဖြစ်မိသွားသည်။ ဆောရီး ပါ မောင်ရယ်.. ကျွန်မ ဒီနေ့ ၆ ရက်နေ့ဆိုတာ မေ့နေခဲ့တယ်… အခုတလော အလုပ်တွေရှုပ်နေတာနဲ့ ရက်စွဲတွေကိုတောင် မေ့နေခဲ့မိသည်။မောင်..ကတော့ ကျွန်မ ကိုစိတ်ဆိုးနေမှာပဲနော်… စိတ်မဆိုးပါနဲ့ မောင်ရယ်.. နောက်တခါ ကျွန်မ သတိထားပါ့မယ်.. ဒါပေမယ့် ကျွန်မ နှလုံးသားကတော့ ဒီနေ့ကို မှတ်မိနေတယ်နော်….
ဒါကြောင့် စိတ်ထဲမှာ တခုခုဖြစ်ပြီး နှလုံးသားက နာကျင်နေတာလေ… မောင်က ပြောခဲ့တယ် ဒီနေ့ကို မမေ့ကြေးတဲ့.. ကျွန်မ မမေ့ခဲ့ပါဘူး မောင်ရယ်…. ကျွန်မ ဘယ်လောက်ပဲ မောင်ကို မေ့ချင်နေပါစေ မောင် ..ပြောခဲ့တဲ့ ဒီစကားတခွန်းကိုတော့ မမေ့ခဲ့ပါဘူး
ကျွန်မရဲ့ အချစ်ရဆုံးချစ်သူပြောခဲ့တဲ့ စကားကို ဘယ်မေ့ပါ့မလဲ… မောင် ကရော သတိရရဲ့လား … သတိမရလဲ ရပါတယ် မောင်ရယ်..ကျွန်မပဲ သတိရပါ့မယ် မောင့်ကို မခံစားစေချင်ဘူးလေ မောင့်..ဘ၀ ပျော်ရွင်ချမ်းမြေ့တာပဲ ကျွန်မမြင်ချင်ပါတယ်… မောင်.. ပျော်ရွင်ရဲ့လားဟင်.. မောင်.. တောင်းဆိုမှုကြောင့် ကျွန်မ ကိုယ်တိုင် မောင့် မင်္ဂလာပွဲကို တက်ခဲ့တဲ့ အထိ ကျွန်မ ချစ်ခဲ့ပါတယ် မောင်… ကျွန်မ တို့ရွေးချယ်ခဲ့တဲ့ လမ်းမှန်ကန်မယ်လို့ ယုံကြည်ပါတယ်… ကိုယ်ဖြစ်ချင်တိုင် ဖြစ်လို့မရတဲ့လောက မဟုတ်လား ..ကျွန်မကိုယ်တိုင် မောင်ရဲ့ဇနီး နဲ့ မောင့်ကို လက်ဆွဲနှုတ်ဆက်ပြီး ဂုဏ်ပြုခဲ့ပါတယ်…မောင် ..ကျေနပ်ရဲ့လား ကျွန်မ နှလုံးသားတွေ ကွဲကြေခဲ့တာတော့ အမှန်ပါပဲ… ကျွန်မရဲ့ အပြုံးက အသက်မပါခဲ့ရင်တော့ တောင်းပန်ပါတယ်မောင်… အဲဒီအချိန်မှာ ကျွနိမ စိတ်ထဲမှာ ဘာမှမရှိတာတာ့ သေချာတယ် ၀မ်းနည်းခြင်းတွေ မနာလိုချင်တွေ မရှိဘဲနဲ့ မောင့် ကိုဆုတောင်းပေးခဲ့တာပါ ..ဒါကိုတော့ မောင်..ယုံကြည်မယ် ထင်ပါတယ်..မောင့်ကို လက်ဆွဲနှုတ်ဆက်တဲ့ အချိန်မှာ ကျွနိမရဲ့ လက်တွေ ခံစားမှုမရှိတော့ဘူး မောင်…. မောင်ရဲ့ အရင်က နွေးထွေးခဲ့တဲ့ လက်တစုံက အခုတော့ ခံစားမှုမ၇ှိတဲ့ တုတ်တချောင်းလိုပဲ ..အရင်က မောင်ရဲ့ လက်ကို ဆုတ်ကိုင်လိုက်ရင် မောင်..ရင်ထဲက နွေးထွေးတဲ့ ခံစားမှုတွေ ရရှိခဲ့တယ်… အခုတော့ ကျွန်မတို့ ၂ယောက်လုံး ခံစားမှု မရှိကြတော့ဘူးနဲ့တူပါတယ်….. ကျွန်မ ရင်ထဲမှာ အေးအေးဆေးဆေး နွေးနွေးထွေးထွေးပါပဲ ..မောင်… မင်္ဂလာဆောင်က ပြန်လာပြီး မောင့်ကို ကျောခိုင်းခဲ့တဲ့ အချိန်ကစပြီး အခုထိမောင့်ကို ကျောခိုင်းထားနေဆဲပါ…… ကျွနိမ ငိုချင်ခဲ့ပါတယ်… ဒါပေမယ် မငိုခဲ့ဘူးမောင်… မောင့်ကိုလဲ မငိုစေချင်ဘူး…. မောင့် ကို ပူလောင်မှာစိုးတယိလေ…. မောင့ိကို အဲဒီကထဲက မေ့နေခဲ့တယိ ဒါပေမယ့် မောင်ပြောခဲ့တဲ့ စကားတခုကိုတော့ဖြစ့် ကျွန်မရော ကျွန်မရဲ့ နှလုံးသားကရော မမေ့ခဲ့ပါဘူး….. ၆ ရက်နေ့ကို မမေ့ကြေးနော်တဲ့   အရာအားလုံးကိုမေ့သွားရင်တောင် အဲဒီနေ့ကိုတော့ မမေ့နိုင်ခဲ့ဘူး…မောင်.သိရဲ့လား ဟိုး..ငယ်ငယ်ကထဲက မောင်နဲ့ကျွန်မရဲ့ စိတ်တွေက ဆက်နွယ်နေတာလေ.. ကျွန်မရဲ့ ဘယ်ဘက်ရင်အုံက နှလုံးဆီက သူ့ဘာသာအလိုလို အောင့်ပြီးနာကျင်လာပြီးဆိုရင်တော့ ကျွန်မရဲ့ အချစ်ဆုံးမောင် တခုခုဖြစ်ပြီးပေါ့… မောင်..ရဲ့နှလုံးရောဂါကို စ သိတဲ့နေ့က အဲဒီရောဂါကို မောင့်ဆီက ယူခဲ့ချင်မိတယိ … ဒါပေမယ့် ယူလို့မရဘူးဆိုတာ သိတော့ မောင်နဲ့အတူတူ ခံစားချင်မိတယိ… အဲဒီ ဆုတောင်းကပြည့်လာခဲ့တယ် ကျွန်မဆီမှာလဲ မောင်လို နှလုံးရောဂါတခု ဖြစ်လာခဲ့တယ်…မောင်ကပြောခဲ့တယ်နော် ကျွန်မက မောင်ကို နားအလည်ဆုံးလူပါတဲ့ ဟုတ်ပါတယ် ကျွန်မ ဘ၀ နဲ့ နှလုံးသားနဲ့ရင်းပြီးတော့ နားလည်ခဲ့တာပါ…. ဒါကြောင့်လဲ မေင့်ကို စွန်လွတ်ခဲ့တာပါ… အဲဒီ အတွက် ကျွန်မ တောင်းပန်ပါတယ်မောင်….
ဒီနေ့ ၆ ရက်နေ့ မောင့်ကို သတိရဖို့ ကျွန်မကို ခွင့်ပြုပါကွယ်.. ဒီနေ့တနေ့လုံး မောင်..ကို သတိ၇ခွင့်ပေးပါ… ဒီနေ့ တနေ့ပါပဲ…

In: ဝတ္ထု Posted By: Date: Jul 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment