Professional Authors

ငါ့ကို ချန်ရစ်….အလွမ်းသင့်စေခဲ့သော မောင်…..။

ကျွန်မကို ချန်ရစ်….အလွမ်းသင့်စေခဲ့သော မောင်…..။
 
မောင် ….အဲလိုနာမ်စားမျိုး ငါခုထိဆက်လက်ခေါ်နေမိဆဲဆိုရင် အရယ်မပျက်ဘဲ နင်က ခနဲ့နေဦးမှာလား…..
နင် သိပ်ရက်စက်ခဲ့တယ် မောင်….။ ငါမမှားတာ နင်လက်ခံရဲလည်း နင့်အမှားကြောင့် ငါ့ကို ကြေကွဲစေခဲ့တယ်နော်….။
မောင် နင့်အတွက် ရှေ့ဆက်ပေးဖို့ တစ်ဖတ်စောင်းနင်း နားလည်မှုတွေကို ကိုယ်ချင်းမစာဘဲ ငါ့ကို ဘာကြောင့်လိုက်နာစေခဲ့တာလဲ……။
 
ခု ငါနေထိုင်တဲ့ မြို့လေးမှာ နင်မရှိတော့ဘူး…..နင့်နေရပ်ကို တက်ကြွစွာ ပြန်မယ်လို့ နင်ဆုံးဖြတ်ခဲ့တယ်ဆိုရင် ငါ့ရင်ထဲထိ နင်ဝင်မလာသင့်ဘူးလေ…..။
နင်သိလား မောင်…..?
နင်ဟန်ဆောင်ကောင်းခဲ့သမျှ ငါက ကြွေကျရင်း နင့်ကို အသက်လို ချစ်ခဲ့တာလေ
အသက်ထက်လည်း ပိုကောင်းပိုလိမ့်မယ်…..။
 
ငါမှတ်မိနေသေးတယ် မောင်…..။
နင်က ငါ့ထက် အသက်ကြီးလို့ နာမ်စားတစ်ခုခု သုံးပါ လို့ နင်ပြောတိုင်း…..နင့် တိုင်းရင်းသားနာမည်လေးကိုပဲ နှစ်နှစ်သက်သက် ငါခေါ်မိခဲ့တာလေ…..။
အသက်ကြီးပေမယ့် နင်ကြားချင်တဲ့ ကို ဆိုတဲ့နာမ်စားထက် ငါ ခေါ်ချင်တဲ့ မောင် ဆိုတာ ကိုပဲ
ငါက အမြဲခေါ်ချင်နေမိခဲ့တာ…..။
 
အသက်ကြီးတဲ့လူကို မောင် လို့မခေါ်ရဘူးလို့ ဘယ်ဥပဒေကမှ….အမိန့်မထုတ်ထားလောက်ပါဘူးနော်…..။
ကိုယ့်ထက်ငယ်တဲ့သူတစ်ယောက်က မောင် လို့ခေါ်တာ ဘယ်ကောင်းပါ့မလဲ …….
  
ဆိုတဲ့ နင့်သဘောထားမျိုးကြောင့် ငါက တိတ်တဆိတ်ပဲ ငါမြတ်နိုးသော စကားကို နင့်ရှေ့မှာ ထုတ်မသုံးမိခဲ့တော့ဘူး…..။
 
နင်ပြောတဲ့ စကားသံခပ်ဝဲ၀ဲ လေးတွေကိုလေ …ငါအရမ်းသဘောကျခဲ့တာ မောင် ရဲ့   ။
ပြီးတော့ နင်ဘာသာ ပြန်ပြခဲ့တဲ့ ကချင်သီချင်းလေးတွေရဲ့ စာသားတွေကိုလည်း နင့်ရင်ထဲက ငါ့ကိုပြောနေသလို မှတ်ယူရင်း……ငါ့နှလုံးသားထဲ သံမှိုလို စွဲထားခဲ့တာ…..။
နင်ပြောတဲ့ နင်တို့ဒေသလေးရဲ့သဘာဝ အကြောင်းတွေ ငါမှတ်ထားရင်း လိုက်လျောညီထွေဖြစ်အောင် နေနိုင်ဖို့လည်း ငါ ကြိုးစားခဲ့တာ……။
နင်ပြောခဲ့သေးတယ်နော်
 
အချမ်းအဲလောက်ကြောက်နေရင်…..ဟိုမှာလိုက်နေလို့ ဖြစ်ပါ့မလား….?  တဲ့
နင်ကတော့ဘာရယ်မဟုတ် ပြောမိခဲ့တာ ထင်ပါရဲ့နော်
ငါကတော့လေ……နင် ငါ့ကို နင့်နေရပ်ထိ မိတ်ဆက်ပေးမှာပဲ ဆိုတဲ့အသိနဲ့ ပျော်ခဲ့လိုက်ရတာဟာ……။
တခါတလေ နင်တို့ဓလေ့ကို လေ့လာဖို့ သင်ယူဖို့ နင်မသိအောင်လည်း ငါ ကချင်စာအုပ်
တချို့ဝယ်စုမိသေးတယ်……။
ဘာရယ်မဟုတ်ပါဘူး မောင်ရယ်……။
နင်ပြောဖူးတဲ့ ဓလေ့ကွာတယ်ဆိုတာကို ငါရင်းနှီးအောင်လုပ်ချင်လို့ပါ
ပြီးတော့လေ …..နင့်ကို ချစ်တဲ့ငါက နင်တို့ရိုးရာတွေကိုပါ အကျွမ်းတ၀င်ဖြစ်နေရင် နင်ပိုသဘောကျမှာပဲဆိုတဲ့ အတွေးတွေနဲ့ပေါ့……။ ငါမှ နင့်ရဲ့ ငြိုငြင်မှုတွေအလိုမရှိခဲ့တာ…….။
ဒါတွေက ရူးခဲ့တာ မဟုတ်ဘူးနော် မောင်…..။
 
နင်မေးဖူးတယ်လေ……။
ဘာကြောင့်နင့်ကို ချစ်တာလဲ လို့…..။
နင်နဲ့သိခွင့်မရခင်ကတည်းက ငါ့အိပ်မက်တွေထဲ နင် လာနေကျ မောင် ရဲ့…..။
ပြောရမယ်ဆိုရင်  ကံတရားက ပေးတဲ့ ဖူးစာရှင်လို့တောင် ငါယုံကြည်ခဲ့တာ….။
(ဒါပေမယ့်……ခုချိန်မှာ ငါဒီလိုခံစားစေဖို့ နိမိတ်ပေးရင်း……နင့်လို လူကိုရှောင်ခိုင်းခဲ့တာလားမသိနော်…..။ )
ဗေဒင်မယုံတတ်တဲ့ငါလေ……နင့်အကြောင်းတွေ တက်အပ်ပြောထွက်ကြတော့ နင်က လက်တွဲဖော်အတိအကျရယ်လို့….ငါ မိုးထိမတက်လည်း ပျော်မြူးနေခဲ့တာ……။
ငါသိပ်ချစ်ခဲ့တာ မောင်ရဲ့….။
ပြောမထွက်တာနဲ့ မပြောတတ်တာပဲကွာတယ်…..။
ငါ့ရင်ထဲက နင့်ကို ဘယ်သူ့ကိုမှ မချစ်ဖူးတဲ့အချစ်မျိုးနဲ့ အရမ်းကို ချစ်ခဲ့တာ….။
 
ဒီနေရာကို ရောက်တာပထမဦးဆုံးပဲ ရည်းစားထားဖူးတာလည်း ဒါပထမဦးဆုံးပါပဲ တဲ့
 
ဝန်ခံခဲ့တာမဟုတ်လောက်ဘူးနော်…..ဒါ မောင် လိမ်ခဲ့တာ…….
ဘေးနားမှာရှိတဲ့သူတစ်ယောက်ကို စိတ်ချမ်းသာစေဖို့ ပေါ့ပျက်တဲ့စကားတစ်ခွန်းနဲ့လေ….မောင် စွမ်းဆောင်ပေးခဲ့တာ……။
ငါ အလုပ်ထဲမှာ ရှိနေတဲ့အချိန်  မောင်က online အမြဲသုံးနေလေ့ရှိတယ်…..။
တခါတလေဆို ငါ့ကိုတောင် online ပေါ်မှာ မခေါ်ဘဲ မောင် အလုပ်ရှုပ်နေတတ်တယ်…..။
အဲ့ဒီ့အချိန်တွေဆိုရင်လေ……အစိမ်းရောင် ဖြစ်နေတဲ့ မောင့် nick ကိုကြည့်ရင်း….ငါ့ကို ပြောဖူးသလို မောင် တခြားသူတွေကို မပြောပါစေနဲ့ လို့ မျက်ရည်တွေဝဲ ဆုတောင်းလိုက်ရတာလည်း အခါခါ…..။
မောင် ဘယ်သွားလဲ ဘယ်သူနဲ့ တွေ့လဲ….ဘာတွေလုပ်လဲ…..?
ငါ ဘာတစ်ခုမှမသိချင်ခဲ့ဘူး…….။
အဲဒါ မချစ်လို့ ဂရုမစိုက်လို့ မဟုတ်ဘူးနော် မောင်…..။
မောင့်ကိုချစ်တဲ့ ငါ့အချစ်တွေထဲ သံသယတွေဝင်လာမှာစိုးရိမ်လို့လေ….။
ပြီးတော့ ….မောင့်ကိုချစ်တဲ့ ငါ့အချစ်တွေကို ဘယ်လိုနည်းနဲ့မှ လျော့ပါးမခံနိုင်ခဲ့လို့လေ….။
သစ္စာဖောက်နိုင်တဲ့ မောင့်အရိပ်အခြေတွေ……..လက်ဆုပ်လက်ကိုင်ပြခွင့်ရှိခဲ့တာတောင်…..
ငါဆိုတဲ့မိန်းမ က သိပ် အ ပြီး မောင်နဲ့ပတ်သက်ရင် မခွဲရက်လောက်အောင် ဖြစ်နေခဲ့တာ…..။
 
ငါပေးခဲ့တဲ့ နားလည်မှုတွေ…..သစ္စာတွေ ကတိတွေ…..သဲထဲရေသွန်လိုက်ရသလို…..။
ခံစားချက်မရှိတတ်တဲ့ ငါ့ချစ်သူက မောင် ဆိုတာ ငါဘာကြောင့်….အချိန်တွေလွန်မှ သိခဲ့ရတာလဲ မသိနော်။
နင်က သိပ်ဟန်ဆောင်ကောင်းခဲ့တာကို မောင်ရဲ့…..။
ဘာမှမသိသလိုလည်း နင့်ကိုယ်နင် ပုံသွင်းယူထားတယ်….။
နင်အရင်က မချစ်ဖူးလို့ ငါတို့အမှတ်တရတွေအတွက် နင်အရေးတယူမရှိခဲ့တာနေမှာ ဆိုတဲ့ အတွေးတွေဝင်ရလောက်အောင် …..နင်က သရုပ်ဆောင်နိုင်ခဲ့တယ်လေ….။
နင် သိပ်တော်ခဲ့တယ် မောင်…..။
ငါမမုန်းနိုင်လောက်တဲ့ထိ နင်လှည့်စားသွားခဲ့တယ်….။
 
ဒီလိုလေးနဲ့နေ့တွေကုန်ဆုံးခဲ့ကြတယ်…..။
မောင့်ကို ဘာအကြောင်းကြောင့်နဲ့မှ ပြသာနာမရှာခဲ့တဲ့အတွက်….ငါတို့တွေ ပျော်ရွှင်ခဲ့ကြတယ်နော်….။
ငါတစ်ခုမေးချင်တယ်…..ငါ့ကြောင့်နင် ဘယ်နှခါ ခံစားပေးခဲ့ဖူးလဲ လို့….။
နင်သိနေပါတယ် မောင်ရယ်….ငါ့အချစ်တွေကို….
အဲဒါကြောင့်လည်း အားနာတတ်တဲ့ နင့်စိတ်အခြေခံလေးနဲ့ ငါ့လက်ကို ခပ်မြဲမြဲလေး နင်ဆုပ်ကိုင်ပေးခဲ့တာနေမှာပေါ့နော်…..။
(ဒီနေရာလေးမှာ နင်က အားနာတတ်တယ်ဆိုတဲ့အသိလေးပဲ ငါဝင်နေချင်တယ်…..နင့်ငယ်သူငယ်ချင်းတစ်ယောက်ပြောခဲ့တာတော့…..နင့်စိတ်က ခန့်မှန်းရခက်လွန်းတယ် တဲ့)
 
ရက်တွေကုန်ခဲ့ပြီ မောင်…
နာရီတွေ နေ့ရက်တွေ လတွေ …..ဒီလိုနဲ့ပဲ နင်လည်း…..နင့်ဌာနေကြီးကို ပြန်သွားခဲ့ပြီ…..။
မခွဲခင်ကတည်းက သွေးအေးတော့မယ့် လက္ခဏာတွေ နင်ပြနေတာတောင်
ငါနင့်ဆီအရောက်လာဖို့ တိုင်တည်မိသေးတယ်….။
အဲဒါကြောင့်လည်း သူငယ်ချင်းတွေက ပြောတယ်…ငါက နင့်ကို သိပ်ရူးနေတဲ့သူတဲ့…..။
ဘာပဲပြောကြပါစေ မောင်
နင်ကမှ ငါ့ကို လမ်းမခွဲသေးတာ……ငါ့ချစ်သူက နင်…..အဲဒီ့အတွက် တစ်ချိန်ပြန်ဆုံဖို့ ငါကြိုးစားရမယ်လေ
နောက်ဆုံး ငါသိပ်ချစ်တဲ့ နင့်ရင်ခွင်ထဲ တစ်သတ်လုံးဟာ…….ပျော်စရာလေးတွေပဲ ဖန်တီးရင်း….ငါရည်ရွယ်ချင်တာလေ….။
နင်နဲ့ဝေးကတည်းက ငါကိုယ်နဲ့ နင့်စိတ်….ခွဲခြားမရဖြစ်နေခဲ့တာ မောင်ရဲ့….။
 
မိသားစုက ချပေးတဲ့လမ်းကိုလည်း ငါငြင်းဆန်ဖို့အသင့်ဖြစ်နေပြီမောင်…..။
ငါတို့က တစ်နိုင်ငံတည်းမှာပါ မောင်ရယ်….။
ဆက်သွယ်မှုတွေ ခေတ်မီနေတဲ့ ခေတ်မှာ……တစ်ပတ်တစ်ခါဆုံနိုင်ခွင့်တော့ နင် ဖန်တီးပေးနိုင်ပါတယ်….။
ဖုန်းတွေရှိတယ်…..နင် ရူးသွပ်တဲ့ အင်တာနက်ဆိုတာရှိတယ်…..။
နင်ဘာတွေများ စဉ်းစားနေရတာလဲ…..?
တစ်နေ့တစ်ခါ message တွေပို့လည်း အကြောင်းမပြန်တက်တဲ့ နင်လေ
online ကိုတော့ တစ်နေ့ တစ်ကြိမ် ၀တ္တရားမပျက်သုံးနေပါတယ်…..။
နင်ဘယ်လောက်ပဲ ခြေလှမ်းပျက်ပျက်ပါ…….ငါက နင်လမ်းမခွဲရသေးတဲ့ နင့်ချစ်သူလေ မောင်….။
ပြီးတော့ နင့်ကို အချစ်စစ်နဲ့ သိပ်ချစ်နေရတဲ့သူ…..။
 
အမြဲသတိရနေမှာပါ….
ကိုယ်တကယ်ချစ်လို့ ဝေးသွားကြတာ  တဲ့
ဘာစကားတွေလဲ မောင်ရာ……ငါတို့ ဘာ့ကြောင့်ဝေးရမှာလဲ…..။
အခိုက်အတန့်ဝေးတာက တစ်သတ်လုံးဝေးစေဖို့….လမ်းစ လား….?
အထူးသဖြင့် တကယ်ချစ်တယ်ဆိုတဲ့ စကားအတွက်….ငါတို့ ပေါင်းဆုံဖို့ လေ…..
အခွင့်အရေးတွေအများကြီးပါ မောင်………….။
ငါ ကျောင်းပြီးတာနဲ့ ဆရာမ သင်တန်း ၂ နှစ်ဆက်တက်မယ်….
ပြီးရင် နင်တို့ဒေသလေးကို တာဝန်လျှောက်မယ်….။
အဲဒီ့အတွေးလေးနဲ့လေ ငါက သိပ်ပျော်နေတာ….။
ဘယ်လောက်ဝေးဝေး မောင်…..ငါတကယ်ချစ်တဲ့ အတွက် ဝေးကွာခြင်းက ငါ့ကို အရှုံးပေးဖို့သေချာတယ် မောင် ရဲ့….။
မဖြစ်နိုင်တာတွေ မဖြစ်သင့်တာတွေ ကို ယောင်္ကျားတန်မဲ့ နင် ဆင်ခြင်တွေမပေးနဲ့လေ….
နင်က ငါ့ချစ်သူလေ…..။
နင်ကတိတွေ အကြိမ်ကြိမ်ပေးခဲ့တယ်
နင်ပြောဖူးတာ မှတ်မိသေးလား မောင်????
 
ငါ့အနားမှာ နင့်ကို ရှိနေစေချင်တဲ့အချိန်တွေထိ နင် ငါ့ကို ချစ်နေမယ်ဆို….။
အခု ငါက နင့်အနားမှာ ရာသက်ပန်နေပေးဖို့ သစ္စာကို ကတိလိုတောင်းခံနေတာလေ….။
 
အခုငါဘာပြောပြော နင်ဘာ့ကြောင့် မလှုပ်မယှက် အေးစက်နေရတာလဲ….?
ငါအရောက်လာမယ့် နင့်နေရာလေးမှာ…..ဘယ်သူ့ကိုမှ နင်မချစ်ဘဲ ငါ့ကို စောင့်မပေးနိုင်ဘူးလား….၊
တစ်ဘ၀လုံးလက်တွဲသွားဖို့လေ နင်ဘာကြောင့် စကားတွေလွန်ခဲ့လဲ ဟာ…။
နင်အရမ်းရက်စက်တတ်တာပဲနော်
ငါ မယုံကြည်လောက်အောင် နင် ရက်စက်ခဲ့တာ….။
နင်ခရီးထွက်သွားခဲ့တယ်…….ဘာသတင်းမှမကြားဘဲ ငါတို့ဘာမှမဆိုင်တော့ပါဘူးဆိုတဲ့ အသိနဲ့ နင် ခရီးထွက်သွားခဲ့တာ…..။ ငါ့အိပ်မက်တွေကိုလည်း နင်က ထည့်မတွက် ခဲ့တော့ဘူးလေ….။
နင်ပြီးဆုံးချင်နေတဲ့ ငါတို့ ဇာတ်လမ်းကို……နင်ကိုယ်တိုင် မကြေငြာရဲတော့လို့ ငါ့ကို ရှောင်ဖယ်သွားခဲ့တာပေါ့နော်…….။
နင်မေတ္တာဆူးမှာ ငါသိပ်ကြောက်တယ်မောင်…..။
နင့်နင့်နဲနဲ ငါခံစားရသလို နင်တခြားသူအတွက်….ပြန်ဝဋ်လိုက်မှာကိုလည်း….ငါ သိပ်စိတ်ပူတယ်…..။
ငါ့လောက်နင့်ကို ချစ်နိုင်မယ့်သူကို နင်ရှာဖွေရင်း ငါနဲ့ခဏခဏနှိုင်း…..နင်သူတို့နဲ့ အဆင်မပြေမှာလည်း ငါ အရမ်းစိုးရိမ်နေတယ် မောင်…..။
 
နောက်ဆုံးတော့လည်း မောင် ရယ်…..။
နင့်အတွက် အရာမ၀င်တဲ့ ငါ့အိပ်မက်တွေကို ငါက ဆက်ပုံဖော်နေမိဦးမှာပါ….။
ငါသိပ်ချစ်တဲ့ နင့်ကို မသက်ဆိုင်တော့လည်း ထပ်တွေ့ရဖို့
ငါ ဆက်ကြိုးစားနေမိဦးမှာ မောင် ရဲ့…..။
နင့်မွေးရပ်လေးမှာ ငါ…..နေထိုင်ရင်း နင်ခြေချဖူးတဲ့ နေရာလေးတွေနဲ့ ငါအလွမ်းဖြေဦးမှာ….။
နင်လျှောက်ခဲ့တဲ့လမ်းလေးတွေကို ငါတစ်ယောက်တည်းလျှောက်ရင်း နင့်အနီးနားတ၀ိုက်မှာ ငါက နင့်ကို သိပ်ချစ်နေဦးမှာ…..။
 
ဒါတွေက ငါရူးခဲ့တာ မဟုတ်ဘူးမောင်……
နင်ထားသွားတဲ့ အလွမ်းတွေနဲ့…..ငါနေတက်နေရင်း….
ငါ့ကို ချန်ရစ် အလွမ်းဖြစ်စေတဲ့ မောင့် အတွက်……..
ငါ့အဆုံးမဲ့ချစ်တတ်ခြင်းတွေ…..ဦးစားပေးပြီး…..ဘ၀တစ်ခုလုံးကို နင့်အတွက်…..ငါ……စတေးတက်သွားတာပါ မောင်…..။
(ရင်နဲ့ရင်းထားတဲ့ ခံစားချက်တွေအတွက်
တစ်နေရာက နင် ဒီအကြောင်းအရာ ဖတ်မိနေဦးမယ်ဆိုရင်…..ငါ့ကို မလှောင်ရယ်ပါနဲ့ မောင်)
 
အလွမ်း
28 Mar 2011
5:35 PM ( Monday)
 
In: ဝတ္ထု Posted By: Date: Mar 28, 2011
Comment #1

ဒီစာလေးကိုဖတ်ပြီး..
တစ်ခုခုကျန်ခဲ့တယ်…
အလွမ်း…၇ဲ့၇င်တွင်းခံစားချက်တွေကို အားပေးနေပါတယ်

commentinfo By: genius.jinx28 at Mar 28, 2011
Comment #2

မောင် ….အဲလိုနာမ်စားမျိုး ငါခုထိဆက်လက်ခေါ်နေမိဆဲဆိုရင် အရယ်မပျက်ဘဲ နင်က ခနဲ့နေဦးမှာလား….
အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Mar 29, 2011
Comment #3

နင် သိပ်တော်ခဲ့တယ် မောင်…..။
ငါမမုန်းနိုင်လောက်တဲ့ထိ နင်လှည့်စားသွားခဲ့တယ်….။

commentinfo By: Phyu at Apr 1, 2011
Comment #4

နင်မေတ္တာဆူးမှာ ငါသိပ်ကြောက်တယ်မောင်…..။
နင့်နင့်နဲနဲ ငါခံစားရသလို နင်တခြားသူအတွက်….ပြန်ဝဋ်လိုက်မှာကိုလည်း….ငါ သိပ်စိတ်ပူတယ်….

commentinfo By: Renaissance Hom at Apr 3, 2011
Comment #5

မောင် ………..

commentinfo By: twp at Apr 22, 2011
Comment #6

(ရင်နဲ့ရင်းထားတဲ့ ခံစားချက်တွေအတွက်
တစ်နေရာက နင် ဒီအကြောင်းအရာ ဖတ်မိနေဦးမယ်ဆိုရင်…..ငါ့ကို မလှောင်ရယ်ပါနဲ့ မောင်)
သူမလှောင်ပါဘူး အလွမ်း…..
နင်သိရဲ့လား…..?
နင့်စိတ်ကူးတွေလည်း ပျက်ပြယ်သွားခဲ့ပြီဆိုတာတော့ သူသိနေတယ်…..
နင်ပျော်ရွှင်ပါ…!!!!!!

commentinfo By: မြင့်မိုရ် at Jun 13, 2011
Comment #7

တစ်ခါတစ်ရံ မှာလောကကြီးက ကိုယ်လိုချင်သလို ဖြစ်မလာတာ သအိုရီတစ်ခုပါ.။ဒါကို မဖြစ်ရကောင်းလဲဆိုပြီး အားမတင်းထားပါနဲ့ ပင်ပန်းပါတယ်.။သူ့အလိုလိုရောက်လာမှာပါ.။ အားပေးပါတယ် စာသားတွေကို.။

commentinfo By: mgnyein at Jun 13, 2011
Comment #8

ကျေးဇူး ကိုမောင်ငြိမ်း
ဒီဝတ္ထုလေးကို အားပေးတဲ့ သူငယ်ချင်းတွေအားလုံး ကျေးဇူးပါ
မြင့်မိုရ်….
နင်ဘယ်သူလဲဆိုတာ ငါသိတယ်
ငါ့စိတ်ကူး ပြယ်သွားပြီလို့ နင် ထင်ထားတာလားးးးးးးးးး?
စောင့်ကြည့်လိုက်ပါဦး အချိန်ကဘယ်လောက်ရှိသေးလို့လဲ
ငါ မသေမချင်း ဒီလို မျှော်လင့်ခွင့်ရှိတယ်……သူ ရှိနေသရွေ့…..ငါ ဒီလို ကြိုးစားခွင့်ရှိတယ် မြင့်မိုရ်
နင်က ခံစားချက်တွေ အကြောင်း ဘယ်လောက်နားလည်သေးလို့လဲ…..?

commentinfo By: အလွမ်း at Jun 13, 2011
Comment #9

ခံစားရပါတယ်..လွမ်း………… မောင်လည် တိုင်းရင်းသားလေးပါပဲ…….ဒါပေမယ့်

မောင်ကရှမ်းဖြစ်နေတယ်နော်………..အရမ်းကောင်းတယ်..အားပေးခံစားဖတ်ရှု့ လိုက်ပါတယ် လွမ်း။။

commentinfo By: sai kham naung at Jul 31, 2011
Comment #10

ငါရူးခဲ့တာ မဟုတ်ဘူးမောင်……
နင်ထားသွားတဲ့ အလွမ်းတွေနဲ့…..ငါနေတက်နေရင်း….
ငါ့ကို ချန်ရစ် အလွမ်းဖြစ်စေတဲ့ မောင့် အတွက်……..
ငါ့အဆုံးမဲ့ချစ်တတ်ခြင်းတွေ…..ဦးစားပေးပြီး…..ဘ၀တစ်ခုလုံးကို နင့်အတွက်…..ငါ……စတေးတက်သွားတာပါ မောင်…..။

အရမ်းမိုက်တယ်

commentinfo By: maylay at Aug 15, 2011
Comment #11

မောင် ဘယ်သွားလဲ ဘယ်သူနဲ့ တွေ့လဲ….ဘာတွေလုပ်လဲ…..?
ငါ ဘာတစ်ခုမှမသိချင်ခဲ့ဘူး…….။
အဲဒါ မချစ်လို့ ဂရုမစိုက်လို့ မဟုတ်ဘူးနော် မောင်…..။
မောင့်ကိုချစ်တဲ့ ငါ့အချစ်တွေထဲ သံသယတွေဝင်လာမှာစိုးရိမ်လို့လေ….။
ပြီးတော့ ….မောင့်ကိုချစ်တဲ့ ငါ့အချစ်တွေကို ဘယ်လိုနည်းနဲ့မှ လျော့ပါးမခံနိုင်ခဲ့လို့လေ….။
သစ္စာဖောက်နိုင်တဲ့ မောင့်အရိပ်အခြေတွေ……..လက်ဆုပ်လက်ကိုင်ပြခွင့်ရှိခဲ့တာတောင်…..
ငါဆိုတဲ့မိန်းမ က သိပ် အ ပြီး မောင်နဲ့ပတ်သက်ရင် မခွဲရက်လောက်အောင် ဖြစ်နေခဲ့တာ…..။

အဒါလေးတော့အကြိုက်ဆုံးဘဲ….အကုန်လုံးလဲကြိုက်ပါတရ်….တော်တော်ကိုကောင်းပါတရ်….ဖတ်ပြီးတော့လဲ..တစ်မျိုးပဲ..ရင်ထဲကိုထိတရ်…!!!!!

commentinfo By: su pone at Aug 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment