Professional Authors

နေ၀င်မိုးချုပ် (မိုးထက်အောင်)

လရောင်ရဲ့လဲ့ဖြာကျမှုထဲနစ်မျောနေမိတယ်။တစ်ချက်တစ်ချက်တိုက်ခတ်လာတဲ့လေညှင်းတွေက ကျွန်တော့်ကိုတိုးဝှေ့ ကျီစယ်။
တရှဲတရှဲမြည်နေတဲ့သစ်ရွက်ခတ်သံတွေက ကျွန်တော့်နားထဲနတ်သမီးတီးတဲ့စောင်း။ကြိုးဘယ်နှစ်ချောင်းပါလဲတော့မသိ။နားထောင်ရင်းသာယာ
နေမိတယ်။ကျွန်တော်ချစ်ခဲ့ဖူးတယ်။ပြီးတော့ လူမသိသူမသိကြေကွဲခဲ့ဖူးတယ်။ပန်းနုရောင်နတ်သမီးရဲ့နှုတ်ဖျားမှာမုသားတွေအစီအရီသီးတယ်။
တစ်လုံးချင်းချိုမြိန်စွာ။ယစ်မူးစွာ။ရူးသွပ်စွာ။ဆွတ်ယူစားသုံးရင်းကျွန်တော့်ရင်ဘတ် မုသားနဲ့ အသတ်ခံခဲ့ရတယ်။အဝေးကရထားတစ်စင်းရဲ့
နှုတ်ဆက်သံက ဒါနောက်ဆုံးလို့ ပြောနေသလိုလို။မနေ့ ကတိမ်ညိုတွေပဲ မျက်ဝန်းထဲဝဲတက်လာခဲ့မိတယ်။အံကြိတ်…..တိတ်တိတ်လေးငို။
ဟော့ဒီကောင်ရဲ့အသည်း နတ်သမီးစကား ယုံစားလို့ ကွဲတယ်။
မပြောပါနဲ့ …..။ဘယ်သူမှတရားခံမဟုတ်ဘူး။သူ့ အလိုလိုကြွေချိန်တန်လို့ ကြွေခဲ့တယ်လို့ ပဲအမှတ်တရထင်တယ်။
ဒဏ်ရာဆိုတာ နှုတ်ထွက်ပြောမှနက်တာမဟုတ်ဘူးလေ။နာကျင်လွန်းလို့ အသံမထွက်နိုင်တော့တာ။ဆွံ့ အနေခဲ့ရတာ။မမြင်အောင်ဝှက်လဲ
အောက်ဖဲတစ်ချပ်ကတော့ပွဲပြီးရင်ပြရမယ်။လက်မပြဘူး။နှုတ်မဆက်ဘူး။တိုးတိတ်စွာနဲ့ ပဲကျောခိုင်းသွားခဲ့သူ။အဲဒီ့နတ်သမီး တွေ့ ရင်ပြောပေးပါ။
ကျွန်တော်တို့ ကမ္ဘာမှာ ဆော့စရာအသည်းတွေသိပ်များတယ်လို့ ။မထင်တဲ့ထောင့်၊မထင်တဲ့ထိုးနှက်ချက်က အသက်ရှူရပ်မတတ်။
ဘယ်အငြိုးနဲ့ တကူးတကခွဲတဲ့အသည်းလဲ။မမေးရက်ဘူး။မေးလည်းမမေးချင်တော့ဘူး။ကိုယ့်ဒဏ်ရာပဲကိုယ်သပ်သပ်ရပ်ရပ်လေးခံစားနေမိတယ်။
တီ…….တီ…..တီ…..။နတ်သမီးပန်းရထားသံ။အော်တိုဂီယာနဲ့ ။ဒီကောင့်ဘ၀နဲ့ တော့မိုးနဲ့ မြေ။ညရဲ့လကပြပြလေးပဲကျန်တယ်။
နောက်တစ်နေ့ ကိုလဲ အတွေးတွေနဲ့ သူအလိုလိုရောက်ခဲ့ရပြန်ပြီပေါ့။နစ်မျောမှုတွေထဲမျောနစ်ရင်း ဒဏ်ရာတွေထဲရေစုန်ရေဆန်ကူးခတ်။
နတ်သမီးအိမ်မက်မှာအသည်းခွဲဓါးလေးတွေပျံနေတယ်။ကဲ……သံလွင်ခက်တွေလဲဝေပြီ။နင့်အောင်မြင်မှုအတွက်အပေါင်းအပါနတ်သမီးတွေနဲ့ 
အောင်ပွဲခံ။ပြီးရင်ပျော်ပါး။ငါဆိုတာနင့်အတွက်ဟားတိုက်စရာမလောက်လေးမလောက်စားကောင်ပါ။
တေလေလိုရောက်ရာပေါက်ရာခြေလှမ်း။ဦးတည်ရာမဲ့။ငါဟောဒီ့လောကထဲမျောလိုက်မိတယ်။နေ့ နဲ့ ညဆိုတာကတော့
ဟိုး…….အရင်ကလိုပါ။မပြောင်းမလဲ။ဒီနေ့ လဲကြည့်လေ။ကျွန်တော်ငယ်ငယ်ကလိုပဲ အပြစ်ကင်းစွာနေ့ သစ်တစ်ခုရောက်နေပြန်ရဲ့။
ညတုန်းကပျက်ထားတဲ့ အိပ်ရေးကြောင့်မျက်စိတွေကကျိန်းစပ်စပ်ဖြစ်နေပြီ။ခေါင်းငိုက်စိုက်ချရင်း ဦးတည်ရာမဲ့လျှောက်သွားနေရင်းလမ်းတွေကွေ့ ကောက်၊
ဘ၀တွေကွေ့ ကောက်၊အတွေးတွေကွေ့ ကောက်။
ဟေ့ကောင်….၀ီရ
ကြားဖူးသလိုလိုနာမည်ခေါ်သံကြောင့်လှည့်ကြည့်လိုက်မိသည်။ပြီးတော့အံသြသွားမိသည်။
သြော်…..ဘယ်သူလဲလို့ 
သူကျွန်တော့်ကိုမယုံနိုင်စွာကြည့်ရင်းခေါင်းတစ်ချက်ယမ်းလိုက်သည်။ထို့ နောက်မချင့်မရဲ
မင်းကွာ……ဘယ်လိုပုံစံဖြစ်နေတာလဲ
အင်း…..ဒီလိုပုံစံပါပဲ။ကျွန်တော်ဘာပြောင်းလဲသွားလို့ လဲ
ထိုသူကခေါင်းကိုသွင်သွင်ခါယမ်းရင်း
မင်းအိမ်ပြန်လာခဲ့သင့်ပြီ….သူတို့ မင်းကိုစောင့်နေကြတယ်
ကျွန်တော်အံကြိတ်လိုက်မိတယ်
ဟင့်အင်း….ကျွန်တော်မပြန်ချင်သေးဘူး
မဟုတ်ဘူးဝီရ……မင်းပြန်လိုက်ခဲ့သင့်ပြီ၊အပင်ပန်းခံမနေပါနဲ့ တော့ကွာ၊သူတို့ လဲစိတ်ဆင်းရဲနေကြတယ်။
မလိုက်ချင်ဘူး၊ကျွန်တော်ခုလိုပဲနေချင်သေးတယ်၊သူတို့ ကိုဘာမှပြန်မပြောပါနဲ့ ၊ကျွန်တော်နဲ့ မတွေ့ ဖူးလို့ သဘောထားပြီး
အိမ်ပြန်လိုက်၊တစ်နေ့ တော့ကျွန်တော်ရောက်အောင်ပြန်လာခဲ့မှာပါ။သူတို့ ကိုသာကျွန်တော်နဲ့ တွေ့ တယ်လို့ မပြောမိစေနဲ့ ၊ဟုတ်ပြီလား။
သူခေါင်းငြိမ့်ရှာပါသည်။ပြီးတော့လေးတွဲ့ စွာဖြင့်
အင်းလေ….ဒါဆိုရင်တော့မင်းသဘောပဲ၊ငါကတော့ခုတစ်ခါထဲ ပြန်လိုက်ခဲ့စေချင်တယ်လူလေးရယ်
စိတ်ချပါ…တစ်နေ့ ကျွန်တော်ပြန်လာမှာပါ၊အခုတော့ကျွန်တော်နေချင်သေးတယ်၊
ကျွန်တော်ပြောပြီးသည်နှင့်လှည့်ထွက်လာခဲ့လိုက်သည်။အနောက်ဖက်မှာတော့ ကားတံခါးပိတ်သံ၊မောင်းထွက်သံသဲ့သဲ့ကြားလိုက်ရသည်။
လမ်းလျှောက်ရင်း၊တွေးရင်းဖြင့်ပန်းနုရောင်တွေမျက်ဝန်းထဲအစီအရီပေါ်လာသည်။ကျွန်တော့်နတ်သမီးကပန်းနုရောင်ဝတ်သည်။
အခုအဲဒီ့ အရောင်တွေကျွန်တော့်ကိုလွှမ်းမိုးနေသည်။ဘယ်ဖက်ရင်အုံမှစူးကနဲတစ်ချက်တစ်ချက်ခံစားနေရသည်။ပန်းနုရောင်ဒဏ်ရာဟုလည်း
အမည်တပ်ချင်တပ်နိုင်သည်။ကောင်းကင်ကိုမော့ကြည့်လိုက်တော့ ငှက်ကလေးတွေတစ်ကောင်စ နှစ်ကောင်စပျံသွားတာတွေ့ လိုက်သည်။
ကျွန်တော်လည်းပျံကြည့်ချင်သည်။လေထုရဲ့အလျင်နဲ့ အရှိန်ကိုလွင့်မျောကြည့်ချင်သည်။ကောင်းကင်မှာလဲပန်းနုရောင်တို့ ကပြန့် ကျဲနေလေသည်။
ဘယ်ဖက်ထောင့်မှာလည်းတဆစ်ဆစ်နဲ့ ပိုပိုပြီးကိုက်ခဲလာသည်။ပြီးတော့….၀ဲတက်လာခဲ့သောမိုးရေတွေ။ကျွန်တော်မျက်တောင်ကိုပုတ်ခတ်ထုတ်ပြစ်လိုက်
မိသည်။ခဏသာ…….။ဒီလိုနဲ့ နေ၀င်မိုးချုပ် အလွမ်းတွေနဲ့ အလုပ်ရှုပ်နေမိတယ်…….
ဒီလိုနဲ့ နေ၀င်မိုးချုပ် အလွမ်းတွေနဲ့  အလုပ်ရှုပ်နေမိတယ်……..
ဒီလိုနဲ့  နေ၀င်မိုးချုပ်…………………….
အလွမ်းတွေနဲ့ ……………………………………………………………
……………………………………………………………………………………………………………………………………………..
(လရောင်ရဲ့လဲ့ဖြာကျမှု၊တရှဲရှဲမြည်တဲ့သစ်ရွက်၊နတ်သမီးတီးတဲ့စောင်း၊ကြိုး၊နတ်သမီးနှုတ်ဖျားကမုသား၊စားသုံး၊ပြောပေးပါ၊နတ်သမီးစကားယုံလို့ 
အသည်းကွဲ၊ပန်းရထား၊အော်တိုဂီယာ၊၀ီရ၊အိမ်ပြန်၊မပြန်ချင်၊ငှက်တစ်ကောင်စ နှစ်ကောင်စ၊ပန်းနုရောင်ပြန့် ကျဲ၊မျက်ရည်၊နေ၀င်၊မိုးချုပ်၊
မိုးထက်အောင် တေလေမက်တဲ့အိမ်မက်၊အက်ဆေး၊ပြီးပြီ၊ဖတ်ချင်ဖတ်၊မဖတ်ချင်ကျော်………)။ ။

In: စကားပြေ Posted By: Date: Jan 16, 2011
Comment #1

မဖတ်ရတာကြာလို့ လား မသိဘူး အရမ်းကောင်းနေပါလား အားပေးသွားတယ် မိုးထက်အောင်………..:D

commentinfo By: နှောင်းလူ at Jan 16, 2011
Comment #2

ကျွန်တော်လည်း အားပေးသွားတယ် ကိုမိုးထက် ကောင်းတယ်ဗျာ

Comment #3

………..
အားပေးနေပါတယ်……

commentinfo By: အသဲကွဲမိုး at Jan 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment