Professional Authors

ကျွန်တော်လဲမသိဘူး…

တကယ်ဆိုရင် ကိုယ့်ကိုကိုယ် မှန်ထဲကြည့်  ရင်တောင် ဘယ်ညာလွဲနေသေးတာပဲ……
ငါ့ရှေ့  မှာ ရိုးသားပါတယ်လို့  ပြောတဲ့  သူတွေကရော …….( ဒီကောင်လေးမရိုးသားဘူး )
ငါ့ရှေ့  မှာ ချစ်ပါတယ်လို့  ပြောနေတဲ့  ချစ်သူကရော …….( ရှင့်ထက် သာတဲ့ လူ နောက်တစ်ယောက်လောက်တော့ အသာလေးပဲ )
ငါရှေ့  မှာ မင်းမှားမယ်လို့  ပြောနေတဲ့  သူငယ်ချင်းတွေကရော……( မင်းမှားလဲ ငါတို့  ကတော့ပျော်ပျော်ပဲ ဟေ့  ကောင် မင်းဖြစ်မင်းခံပဲ ဟား ဟား ဟား )
ငါရှေ့  မှာ မင်းတော်တယ်လို့  ပြောတဲ့  အလုပ်ရှင်ကရော……( မင်းကိုယ်မင်း သိပ်ဟုတ်နေတယ်ထင်လား )
ငါ့ရှေ့  မှာ အရာရာအားလုံးက သားအတွက်ပါလို့  ပြောပြောနေတဲ့  မိဘတွေကရော……( ငါ့သား အတွက် ပေးစရာပညာပဲရှိတော့တာ )
ငါ့ရှေ့  မှာ ငါ့ကို ကျေးဇူးတင်ပါတယ်လို့  ပြောသွားတဲ့ သူတွေကရော……( အားနာလို့  သာပြောရတာ သူ  မကူလဲနောက်လူတွေ ကူမှာပဲ )
ငါ့ရှေ့  မှာ ထိုင်ပြီး တရား ကို ကျကျနန ဟောနေတဲ့   ဆရာတော်ကရော…..( ဒီကောင် နားလည်လည် မလည်လည် သာဓုခေါ် အမျှဝေ တတ်ရင်ပြီးတာပဲ )
ငါ့ရှေ့  မှာ သာဓုသုံးခါ ခေါ်နေတဲ့  အလူုခံကတွေကရော……( တစ်ရာထဲတဲ့  ကွာ လူပုံက ထင်တောင်မထင်ရဘူး ငါးရာလောက်ထည့်  မယ်ထင်နေတာ တောက် )
ငါ့ရှေ့  မှာ ရှင်တို့  သားလေးက လိမ္မာပါတယ်ရှင် လို့  ပြောတဲ့ အမေ့သူငယ်ချင်းတွေကရော……( ကိုယ်တွေသားသမီးတွေများမြင်ရင် တက်တောင်သေသွားမလားမသိဘူး ဟင်းဟင်း )
ငါ့ရှေ့  မှာ …………………………

………………………………………………………
ငါ့ရှေ့  မှာ …………………………………………………………………………………………
ငါ့ရှေ့  မှာ ………………………………………………………………………………….
ငါ့ရှေ့  မှာ ………………………………………………………………………………………………………………
ငါ့ရှေ့  မှာ …………………………………
ငါ့ရှေ့  မှာ
           ရှိနေတဲ့  ကြည့်  မှန်ကိုတော့ ငါကြည်လင်နေအောင်သုတ်ထား ခဲ့ထားပဲလေ…………….
                   ဘယ်ညာလွဲနေတာကတော့
ငါ့ချစ်သူကိုရော……….
ငါ့သူငယ်ချင်းတွေကိုရော………
ငါ့မိဘတွေကိုရော…….
ငါ့….
……
…………….
…………………
……..
………….
…………………….
ဘယ်သူ နောက်မှာ ပြဒါးသုတ်သွားတာလဲဆိုတာ ငါစဉ်းလို့   မရခဲ့  ဘူး……………

မင်းဆိုရင်ရော ဘယ်လိုဆက်လုပ်မလဲ……?

In: စကားပြေ Posted By: Date: Dec 16, 2010
Comment #1

ကောင်းတယ်ဟေ ကဗျာကတော့……. 🙂

commentinfo By: နှောင်းလူ at Dec 17, 2010
Comment #2

အဲဒါကိုပဲ စဉ်းစားနေတာ……… 🙁

Leave Comments

Name*

Email*
Website
Email me whenever there is new comment