Follow us on Facebook Follow us on Twitter Subscribe RSS Feed
Birthday

Total Masterpieces11611 masterpieces

Total Comments 34812 comments

Total Members3729 members

Total Authors974 pc authors

Follow US!

Followers
23
Fans
1,013
Subscribers
108

Support Us!

Choose donation amount:

$ 10 raised.

Professional Authors

PoemsCorner Authors

သူမအတွက်လက်ဆောင်

ကျွန်မ သူမနဲ့ဝေးကွာခဲ့တာကြာခဲ့ပါပြီ……………
ကျွန်မ အရုံထဲမှာသူမကို တစ္စကန့်လောက်မှတောင်မေ့ဖျောက်လို့
မရနိုင်ခဲ့ပါဘူး……ကျွန်မတကြော်ကြော် အော်ခေါ်နေမိတာလဲ…သူမကိုပါ။


ကျွန်မကိုသနားကြင်နာစွာကြည့်တတ်သော….ကျွန်မရဲ့ရင်ဖွင့်ချက်များကို
နားလည်ပေးသော…ကျွန်မရဲ့မျက်ရည်များကိုစာနာပေးသော…ကျွန်မ၏အ
ပြစ်များအားလုံးကိုခွင့်လွှတ်ပေးသော….ကျွန်မကို..ကျွန်မဖြစ်စေခဲ့သော…
ကျွန်မ၏ တဦးတည်းသောသူရဲကောင်း…သူမ…..

အတူရှိစဉ်က ဥပေက္ခာပြုခဲ့မိသော သူမ၏လက်ရာထမင်းဟင်းများ…….
ချက်တဲ့ဟင်းတိုင်းဂဂျီဂဂျောင်ကြခဲ့မှုများကို နောင်တများနှင့်တမ်းတမိပါ
၏….သူမ၏ပင်ပန်းမှုများကို လျစ်လျူရှုခဲ့မိသော နေ့ရက်များကို အခွင့်အ
ရေးရလျှင် ပြန်လည်ပေးဆပ်ချင်မိပါသည်……

သူမနှင့်အတူရှိနေဖို့အခွင့်အရေးရှိပါလျက် အလုပ်သွားချိန် အပြင်ထွက်ချိန်
များကိုသာ အာရုံရခဲ့ပြီး သူမကိုမေ့လျော့ခဲ့သောကျွန်မ သူမနဲ့စကးတွေ
အများကြီးပြောချင်နေမိပါသည်……..

သူမအတွက်ငွေများများနှင့်မေတ္တာနဲနဲပေးခဲ့မိပါသည်….ခုတော့ကျွန်မရဲ့
မေတ္တာအကုန်လုံးကို သူမကိုပင်ပေးချင်ပါသည်….သူမမပါဘဲဖြတ်သန်းရ
သောကျွန်မ၏ခရီးများသည် ပရမ်းပတာနိုင်လှပါသည်……

အနည်းဆုံးတော့ ကျွန်မသူမနှင့်အတူရှိခဲ့စဉ်က သူမ၏စနစ်ကျ
မှုများနှင့်ထူးထူးခြားခြားအရည်အချင်းများကို သင်ယူသင့်သည်….

အမှန်စင်စစ် သူမသည် ဘွဲ့ရပညာတတ်တယောက်မဟုတ်ခဲ့ပါ……….
ထိုဘွဲ့မရ ပညာမတတ်သောသူမ၏ အရည်အချင်းများနှင့်ပင်ကျွန်မအား
ဘွဲ့ရပညာတတ်စေခဲ့ပါသည်…..ကျွန်မသူမအတွက်ဂုဏ်ယူမိပါသည်…….

 

 

 

ကျွန်မကိုမျက်နှာတချက်အညှိုးမခံသော သူမ၏မေတ္တာများအကြောင်းကို
တွေးမိရုံနှင့်ကျွန်မရင်တွင်းထစ်ချုန်းမိုးများမစဲနိုင်ပါ………..

ဆင်းရဲပင်ပန်းစွာ ရုန်းကန်လှုပ်ရှားရင်း…သနပ်ခါးပါးကွက်တချက်မပျက်ခဲ့သော
သူမ…….နေပူမရှောင်မိုးရွာမရှောင်ဈေးရောင်းကျွေးခဲ့သောသူမ…………
အကြွေးများလည်ပင်းတစ်နေပစေအုံးတော့……ကျွန်မကိုလူတန်းစေ့ပြောင်ပြောင်
ယောင်ယောင်ထားနိုင်သောသူမ………..သူမ၏ဘဝတခုလုံးကို ကျွန်မထံပေးအပ်
ထားသောသူမ…….

အဘယ်သို့မျှ ကြေအောင်မဆပ်နိုင်သော….သူမ၏ကျေးဇူးတရားများ…………..

ကျွန်မသူမအကြောင်းကို ဒီတကြိမ်သာရေးဘူးပါသည်……….သူမအကြောင်းကို
ရေးဖို့အင်အားမရှိနိုင်ပါ…………ရေးဖို့ကြိုးစားတိုင်း..စကားလုံးများသေဆုံးမြဲ…….
မျက်ရည်များ တလိမ့်ခေါက်ကွေးကျဆင်းမောဟိုက်မြဲ……………..

ကျွန်မကိုလူဖြစ်စေခဲ့သော….သူမကို..ကျွန်မ၏ရင်ထဲကစကားများနှင့်စုစည်းထား
သောခံစားချက်များကို…..လက်ဆောင်အဖြစ်ပါးချင်ပါသည်………..

အမေဖတ်နိုင်ပါစေ…………..

 

ဒီနေ့မှာကျရောက်မည့်….မာတာမိခင်၏ မွေးနေ့မှသည်…နောင်နှစ်ပေါင်းများစွာတိုင်
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်အတူ……ချစ်သောမိသားစုနှင့်မကွဲမကွာ
ပျော်ရွှင်စွာ……… နေထိုင်သွားနိုင်ပါစေ…………. ။။။

အဝေးရောက်ချစ်သမီး

အမရာ
(၁၂.စက်တင်ဘာလ.၂၀၀၉)

PS (အဟောင်းလေးပါ…….အမေ့ကိုသတိရလို့……..)
In: စကားပြေ Posted By: Date: Aug 25, 2010
Comment #1

မ “ရာ”
ဒီနေ့ မ “ရာ” မေမေ မွေးနေ့လား ဒါမှမဟုတ်… ဒီတိုင်းသတိရလို့ပဲလားး
ဘာပဲဖြစ်ဖြစ်ပါ..
မ “ရာ” မေမေ အမြဲနေကောင်းပြီးစိတ်ချမ်းသာနေအောင် ဖြိုးလည်းဆုတောင်းပေးသွားတယ်….

commentinfo By: ဖြိုးဖြိုး at Aug 25, 2010
Comment #2

အစ်မလိုပဲ ထပ်ထူခံစားပေးသွားတယ်နော်….။ အစ်မ ရာရာ ရဲ့ မေမေ ဒီမွေးနေ့က စလို့ အမြဲစိတ်ချမ်းသာစွာနဲ့
နေရပါစေလို့ မဖြိုးဖြိုးလိုပဲဆုတောင်းပေးသွားတယ်နော်…။

commentinfo By: နေညို at Aug 25, 2010
Comment #3

ဘုရား….ကြက်သီးတောင် ဖျန်းကနဲထသွားတယ်.. ဖတ်နေရင်းနဲ့…

commentinfo By: ic23u0 at Oct 18, 2010
Comment #4

အစ်မ ကဗျာလေးဖတ်ရင်းနဲ့ အမေ့ ကို အရမ်းသတိရသွားပြီ …………………………

commentinfo By: လေပြေ at Feb 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment


Most Commentators

  • ei lay (3938)
  • အသဲကွဲမိုး (1957)
  • May Kha (1444)
  • poem.poem28 (1300)
  • လုလင်ငယ်သွေး (1112)