Follow us on Facebook Follow us on Twitter Subscribe RSS Feed
Birthday

Total Masterpieces11611 masterpieces

Total Comments 34812 comments

Total Members3729 members

Total Authors974 pc authors

Follow US!

Followers
23
Fans
1,013
Subscribers
108

Support Us!

Choose donation amount:

$ 10 raised.

Professional Authors

PoemsCorner Authors

ကိုယ်ရေးမှတ်တမ်း

ကျွန်မကလူတွေနဲ့သဟဇာတမတည့်တာလား၊ လူတွေကပဲကျွန်မနဲ့သဟဇာတ
မတည့်တာလား၊ ကျွန်မကသည်းမခံတတ်တာလား၊ သူတို့ကအတိုင်းထက်အလွန်
လား။ကျွန်မဒွိဟဖြစ်နေတဲ့မေးခွန်းတွေနဲ့ကျွန်မလုံးချာလည်နေတော့တာပဲ။
သေချာတာတော့ကျွန်မလူတွေကိုစိတ်ကုန်တယ်။ကျွန်မကိုယ်တိုင်လဲလူမဖြစ်ချင်
တော့ဘူး။

ကျွန်မကတယောက်တည်းတွေးချင်တာတွေးငေးချင်ရာငေးနေရတာကိုပိုသဘော
ကျတယ်။ကျွန်မတယောက်တည်းနေရရင်သိပ်ကောင်းမယ်။ခုကျွန်မအမုန်းဆုံးအရာ
ကလေးထောင့်ခန်းတခန်းထဲကနှစ်ထပ်ကုတင် ၂ လုံးပဲ။ကျွန်မအခါခါစိတ်ကူးယဉ်
မိတာကလေးထောင့်အခန်းရဲ့လေးပုံတစ်ပုံထောင့်တထောင့်မှာကျွန်မတစ်ကိုယ်စာ
ကုတင်တစ်လုံးပဲ။အဲဒါကျွန်မအတောင့်တဆံုးပါ။ဒါပေမယ့်ကျွန်မမရနိုင်သေးဘူး။
ကျွန်မလူတွေနဲ့ဒွေးရောယှက်တင်နေရတုံးပဲ။

အဲဒီလူတွေမှာစိတ်အမျိုးမျိုးနဲ့ ကျွန်မရဲ့စိတ်နဲ့တကယ့်ကိုမှဆန့်ကျင်ဘက်။ဘယ်
လိုမှဆွဲငင်လို့မရတဲ့စိတ်တွေနဲ့ကျွန်မပင်ပန်းလွန်းတယ်။

ကျွန်မအိပ်ပျော်ခါနီးကျွန်မလန့်နိုးသွားတယ်။ကျွန်မအိပ်ပျော်အောင်ကြိုးစားရင်း
ကျွန်မမိုးလင်းခဲ့တဲ့ညတွေမရေနိုင်ဘူး။အမေ့ရဲ့တဲအိမ်အိုမှာနှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နေခဲ့တဲ့နေ့တွေကိုပြန်ရချင်တယ်အမေရယ်။

ကျွန်မစိတ်တိုင်းမကျဘူး။ကျွန်မဘာကိုမှစိတ်တိုင်းမကျဘူး။ကျွန်မအိမ်ပြန်ချင်
တယ်။ကျွန်မပြန်လို့မရနိုင်သေးဘူး။ကျွန်မမလွတ်မြောက်နိုင်သေးဘူး။ကျွန်မ
အလုပ်မပင်ပန်းဘူး။ကျွန်မစိတ်ပင်ပန်းတယ်။ကျွန်မစိတ်တွေအသက်ရှုကြပ်နေ
ကြတယ်။ကျွန်မစိတ်တွေခဏခဏထိခိုက်ဒါဏ်ရာရတယ်။ကျွန်မမှာဘာဖြစ်လို့
ဒီလောက်နုနယ်တဲ့စိတ်ရှိရတာလဲအဖေရယ်။

ကျွန်မအမုန်းဆုံးကကျွန်မရဲ့စိတ်တွေ။ညတွေမှာ ကျွန်မဟာသားရိုင်းတကောင်
ထောင်ချောက်မိသလိုစိတ်တွေဂယောက်ဂယက်နာနာကျင်ကျင်နဲ့မာန်ဖီနေ
ရတယ်။နှိုးစက်ကအာပြဲလျှာပြဲထအော်ရင် ဒီနေ့အလုပ်ကောင်းကောင်းလုပ်နိုင်ဖို့
ကျွန်မစိတ်တွေကိုပြန်လည်ချော့မြူဖျားယောင်းတယ်။

ဒီလိုနဲ့ ကျွန်မသံသရာကိုကျွန်မလည်ပါတ်တယ်။ကျွန်မစိတ်ကိုကျွန်မကျောင်း
တယ်။ကျွန်မလူတွေနဲ့ပရောပရီနေတယ်။

အမရာ

In: စကားပြေ Posted By: Date: Aug 24, 2010
Comment #1

မမ ရာ ရဲ့ ကိုယ်ရေးမှတ်တမ်း ကို ဖတ်သွားတယ်…
(:

commentinfo By: ဖြိုးဖြိုး at Aug 24, 2010
Comment #2

ကိုယ်ရေးမှတ်တမ်းဖတ်ရတာ စိတ်တောင်မကောင်းဘူး။ ငါ့အစ်မကိုတောင်တော်တော်သနားသွားပြီ။ လူတွေနဲ့ စကားမပြောချင်တော့ဘူး ဆိုရင်ကျွန်တော်လဲပါတာပေါ့ ဟုတ်လား စတာနော်။

commentinfo By: နေညို at Aug 24, 2010
Comment #3

ဒီလိုနဲ့ ကျွန်မသံသရာကိုကျွန်မလည်ပါတ်တယ်။ကျွန်မစိတ်ကိုကျွန်မကျောင်း
တယ်။ကျွန်မလူတွေနဲ့ပရောပရီနေတယ်။
အဲဒီ နောက်ဆုံးစာပိုဒ်ရဲ့ နောက်ဆုံးစာကြောင်းက ..
တော်တော့်ကို နာနာကြည်းကြည်းရေးလိုက်ပုံရတယ်…
ကျွန်မ လူတွေနဲ့ ပရောပရီနေတယ်…

commentinfo By: ic23u0 at Oct 18, 2010
Comment #4

အမရာ မင်အကြောင်ဖက်ရတာစိတ်မကောင်းပါဘူ မင်ပျော်ရွှင်မူကိုရှာပေါ့ကောင်သောနည်လမ်နဲပါ
လူတိုင်ကိုတော့မင်စိတ်မနာသင်ဘူလိုထင်ပါတယ်ဆ၇ာလုပ်တယ်လိုမထင်နဲနော်ငါကခင်မိလိုပြောတာပါ
မင်ကိုကောင်ကောင်ပြောမဲသူတွေလည်ရှိမယ်
စိတ်အကိုအလိုလိုက်လွန်းတယ်လိုထင်မိတယ်ကိုစိတ်ကိုကိုယ်နိုင်အောင်ထိမ်ပေါ့ဟာ
ဒါမှမင်လဲပျော်ရွှင်မူကိုရမယ်လိုထင်တယ်
ငါကခင်လိုပြောတာနော်စိတ်မဆိုနဲအုန်နော်
မင်ကဗျာတွေကကောင်တယ်နောက်လဲအသစ်တွေတင်ထားအုန်းနော်
အာပေးနေမယ်
ဘိုင်ပါ

commentinfo By: အာကာ at Dec 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment


Most Commentators

  • ei lay (3938)
  • အသဲကွဲမိုး (1957)
  • May Kha (1444)
  • poem.poem28 (1300)
  • လုလင်ငယ်သွေး (1112)