Professional Authors

သူငယ်ချင်းရေ………..။

ရင်ဘတ်ထဲကတောက်ခတ်သံတွေကြေကွဲသွားရင်း၊ လက်ထဲကအနားစုတ်နေတဲ့ သက်ပြင်းတွေဝေလွင့်ကျလို့ ခေါင်းအုံးပေါ်ကအိပ်မက်တွေကလည်း ဖြူလျော်ပါးလှပ်နေရဲ့…..။ ကျွန်တော် မျက်လုံးတွေဖွင့်ကြည့်လိုက်မိတယ်။ အဖြစ်အပျက်တွေဘောင်ဘင်ခတ်နေတဲ့လောကကြီးက ယာထဲမှာ ထိုးထောင်ယိုင်ရွဲ့စွာရှိတဲ့ စာခြောက်ရုပ်တစ်ရုပ်လို

အထီးကျန်ဆန်နေတယ်။ လောကကြီးကအထီးကျန်ဆန်တာလား ကျွန်တော်ကအထီးကျန်ဆန်တာလား…..။
လိုချင်တဲ့အဖြေကိုမရခင် မလိုချင်တဲ့မေးခွန်းတွေ ဘယ်ချောင်ကကျွန်တော့ဆီကိုရောက်လာတာလဲ….။
“နင်ဘယ်တော့ ပြန်လာလည်မှာလဲဟင်…………..????”
အဖြေမသိတဲ့မေးခွန်းတစ်ခုအတွက် ကျွန်တော့ကို လောကကျောင်းတော်ကြီးက အမှတ်တွေလျှော့ပစ်ခဲ့တယ်။ မူးယစ်စေတဲ့ ဗျစ်ရည် ချဉ်ခါးတစ်ခွက်လို သူမရဲ့အမေးက လူကို ဗိုင်းခနဲ ပစ်လဲသွားစေနိုင်ခဲ့တယ်။
“ငါမသိဘူး……..”
ကြာရှည်ခံစားရမယ့် အလွမ်းပေါ့ကျတွေကို ဘယ်သူကများ အိပ်ဆေးတစ်ခွက်လို့ ယူဆနိုင်သလဲ။
ကျွန်တော့လို ကောင်လေးတစ်ယောက်အတွက်ကတော့ အဲ့ဒီအလွမ်းတွေကို ထုပ်ပိုးသယ်ဆောင်ပြီး ကမ္ဘာ့အကြီးဆုံးပြတိုက်ထဲမှာ သော့ခတ်ထားလိုက်ချင်တာပါပဲ။ နောင်လာနောက်သားတွေ ကျွန်တော် သူ့ကိုဘယ်လောက်ချစ်ခဲ့ဖူးသလဲ သိစေဖို့။ တစ်သက်လုံး ပြုံးလာခဲ့သမျှ ဒီတစ်ခေါက် ငိုနေတဲ့ သူ့မျက်နှာက အသက်ဝင်ဆုံးလို့ ကျွန်တော်ယူဆတယ်။ ထားလိုက်ပါ။ ကြယ်စင်သဘင်ကြီး လင်းတော့မှာလေ။ ကျွန်တော်တို့တွေ့ရမယ့်အချိန်တွေ သိပ်ကိုနည်းပါးလွန်းနေပြီ။ ဓါးများ……………။ အိပ်မက်ထဲကိုဝင်လာပါသည်။
ထိုနေ့ည ကျွန်တော်နှင့်သူ လမ်းခွဲပြီးသည်အထိ မိုးသည် စိုထိုင်းထိုင်းအနေအထားဖြစ်သည်အထိဖွဲဖွဲရွာပါသည်။
မိုးစက်တွေသည် မာကျူရီမီးရဲ့ဓာတ်တိုင် အောက်သို့ တစ်ဖွားဖွားခုန်ဆင်းနေကြ၏။

ကြာလှပါပြီ ညတွေမှာ မီးထွန်းတဲ့ဓလေ့ရှိခဲ့တာ။ ကောင်းကင်ရဲ့ခပ်နွမ်းနွမ်း အဟြတောက်ရောင်မှာ လလင်းလင်းတစ်စင်း ရှိတယ်။ ချစ်သူအိပ်စက်နေတဲ့အချိန် သူမအခန်းထဲကို ဝင်နေတဲ့ လေပြေလေးကို ခံစားကြည့်ချင်မိရုံတင်ပါ။ တစ်ခါတစ်လေတော့ ခပ်မှုန်မှိုင်းမှိုင်းရှိတဲ့ကောင်းကင်ကိုကြည့်ရတာ လွမ်းစရာကြီးလို့ သူမကိုဟြေပြမိတယ်။ အင်းမလုပ် အဲ့မလုပ် သူမအပြုံးက လရောင်ကြောင့် ရှင်းရှင်းလင်းလင်း ပွင့်တယ်။
ဒီတစ်နှစ်၏ဆောင်းရာသီက မည်သူမျှမသိလိုက်ခင် ကောင်းကင်ပေါ်မှ ကြွေကျလာခဲ့သည်။ ကျွန်တော်မျှော်လင့်နေသော သူမ၏အချစ်များကတော့ အဝါရင့်ရောင်ခပ်နွမ်းနွမ်းရှိ၏။ ကျွန်တော့အတွက်တော့ ဒီတစ်ခါမိုးသည် အရိပ်အယောင်မရှိသော်လည်း သည်းထန်စွာ ရွာသွန်းသွားခဲ့သည်။ လွန်ခဲ့ပြီ။ မိုးကသည်းပြီးပြီ။ ဆောင်းကနေရာယူ၏။

When We Two Parted

1
When we two parted
In silence and tears,
Half broken-hearted
To sever for years,
Pale grew thy cheek and cold,
Colder thy kiss;
Truly that hour foretold
Sorrow to this.
2
The dew of the morning
Sunk chill on my brow
It felt like the warning
Of what I feel now.
Thy vows are all broken,
And light is thy fame;
I hear thy name spoken,
And share in its shame.

3
They name thee before me,
A knell to mine ear;
A shudder comes o’er me-
Why wert thou so dear?
They know not I knew thee,
Who knew thee too well;-
Long, long shall I rue thee,
Too deeply to tell.

4
In secret we met-
In silence I grieve,
That thy heart could forget,
Thy spirit deveive,
If I should meet thee
After long years,
How should I greet thee!-
With silence and tears.

By Lord Byron

၁.Can you please shut all knells up for me after the dewy night?

၂.မနက်ခင်းတစ်ခုကောက်၍ပြန်ခဲ့မည်၊ နေမင်းတစ်ခုသာရှာထားကြပါ။

၎. သူမက နှုတ်ခမ်းနီခပ်ပါးပါးဆိုးထားသော နှုတ်ခမ်းကိုဆူရင်းပြန်ဟြေ၏။
“မုန်းစရာကောင်းလိုက်တာ…………………..”
ဤသို့သောစကားဟြေခြင်းမျိုးကို နှုတ်သီးကောင်လျှာပါးဟုခေါ်မည်ဆိုလျှင်တော့ ထိုနှုတ်သီးလေးကို ကျွန်တော် စိတ်ဝင်စားမိသွားကြောင်းကိုယ့်ကိုယ်ကို ဝင်ခံရတော့မည်။

၃.သူမကို Angelလေးလို့ခေါ်မယ်ဟြေတုန်းက သူမကရီ(ရယ်)မောခဲ့ဖူးသည်။ ကိစ္စမရှိ၊ သူမ၏ အမည်နာမသည် သက်ဦးဆံပိုင်ဘုရင်တစ်ပါးပိုင်သော နိုင်ငံခြားဖြစ်ကားတစ်စီးမဟုတ်။

၆. ကျွန်တော်၏ စကားမဆုံးသေးခင် နံရံပေါ်တွင်ဖုန်မှုန့်များနှင့်အတူငြိမ်သက်နေသော လျှပ်စစ်ခေါင်းလောင်းမှ ကျောင်းတက်ခေါင်းလောင်းထိုးသံသည် ကျွန်တော့နားထဲသို့ ကောက်ကွေးစွာ ထွက်ကျလာခဲ့သည်။

၇. ကျွန်တော့ဦးနှောက်မှ ဂဏန်းတစ်ချို့ကို ကျွန်တော့လက်ဖျားမှတစ်ဆင့်ဖုန်းနံပတ်များအဖြစ်သို့
ဟြေင်းလိုက်သည်။ကြာကြာမခေါ်လိုက်ရ ဖုန်းထဲက မိန်းကလေးအသံတစ်သံပေါ်လာသည်

၈. မိုးသည်းထဲတွင်ဝင်လာသော ကောင်မလေးနှင့် အဒေါ်ကြီးတစ်ယောက်တို့သည် ကိုစိုး၏ ဆိုင်ကလေးအတွင်းသို့ မိုးဝင်ခိုကြခြင်းဖြစ်သည်။

၁၀. ဖုန်းချလိုက်သည်အထိကောင်မလေး၏အသံကနားထဲတွင်စွဲချို၍ကျန်ရစ်သည်။သူမပုံက နည်းနည်းတော့အပျင်းကြီးပုံရ၏။ ကိစ္စမရှိ ကျွန်တော်ဆိုသည်ကလည်းအပျင်းကြီးသည်
ပင်မဟုတ်ပါလား။

၅. ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော့်ဘဝကို ဟိုး………… အစကနေပြန်စချင်တာပါ။ သူနဲ့ကြိုက်နေတဲ့ကောင်လေးအမေရဲ့ ဗိုက်ထဲကို ဝင်စားပြီး မွေးခိုင်းလိုက်စေချင်တော့တာပဲ။ အဲ့ဒါဆို အခုကျွန်တော် သူ့အနားမှာနေပြီး ဖုန်းတွေတစ်ဂွမ်ဂွမ်ဆက်ပြီး စိတ်ပူကြောင်း၊ အားရင် ဖုန်းဆက်ပါဆိုတဲ့အကြောင်း၊ နေကောင်းအောင်ဂရုစိုက်ပါဆိုတဲ့အကြောင်း၊ ပြီးတော့ သိပ်ချစ်တယ်ဆိုတဲ့အကြောင်း ဟြေလို့ရနေမှာပဲနော်။ ကျွန်တော့်ရင်ခုန်သံနဲ့အချစ်စိတ်ဟာ ဖြည်းညှင်းဖြူစင်နေခဲ့တာပါ။

၉. ကျွန်တော့ဂစ်တာလေးကိုမေးကြည့်ရင် သူဟြေပြပါလိမ့်မယ်။ သူမအကြောင်း စပ်ဆိုထားတဲ့
ကျွန်တော့ရဲ့ သံစဉ်တွေ၊ ကြေကွဲသံတွေ၊ သူတစ်လုံးမကျန်ဟြေပြပါလိမ့်မယ်။

အိပ်ရာကနိုးတော့ ကျွန်တော့ဘေးမှာ သူမရှိဘူး။ ငြိမ်သက်နေတဲ့ အငွေ့အသက်တွေနဲ့ ကျွန်တော့အခန်းလေးထဲမှာ ဂစ်တာလေးပဲရှိနေတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ သူမနဲ့ဝေးနေရတာ အခုဆို သုံးနှစ်ကျော်လောက်ရှိရောပေါ့။

In: စကားပြေ Posted By: Date: Aug 5, 2010
Comment #1

ကောင်းတယ်.ဗျ.

ဆက်ရေးနော်..
အားပေးနေပါတယ်..ဗျာ..

commentinfo By: johnhtoiaung at Aug 14, 2010
Comment #2

ဟုတ်ကဲ့ပါ………ကျေးဇူးပါခင်ဗျာ……….။

commentinfo By: lollypopsaint at Aug 15, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment