Professional Authors

အစွန့်ပစ်ခံ နှလုံးသား…….

ချစ်သူရေ….
                မင်းအပေါ်ချစ်ခဲ့ခြင်းမှာ မင်းမြင်သာအောင် ပြောပြဖို့ ငါ့မှာ စကားလုံးတွေမရှိခဲ့ဘူး…. မင်းမေးတဲ့ မေးခွန်းတိုင်းမှာ ငါဟာ ကျရှုံးရတာချည်းပါပဲ… ချစ်ပဲချစ်တတ်ပြီး စာမဖွဲ့တတ်ခဲ့လို့ပေါ့… ကဗျာဆရာ တစ်ယောက်ရေးတာ ဖတ်ဖူးခဲ့တယ်..              ” ချစ်သူကို မြင်နေရခြင်းအတွက် မျက်ဝန်းတွေမှာ တင်းတိမ်ရောင့်ရဲခြင်းဆိုတာ မရှိနိုင်ဘူး ” တဲ့…. တကယ်ပါ.. တခါတခါ မင်းကိုမှ ရွေးပြီး မျက်စိကျခဲ့တဲ့ ငါ့မျက်ဝန်းတွေကိုတောင် ငါမုန်းမိတယ်… မင်းရဲ့စွန့်ပစ်ခြင်းမှာ ခဏခဏလဲပြိုဆင်းလာတဲ့ ငါ့မျက်ရည်တွေလည်း ငါမုန်းတယ်… မင်းအသံကိုမှ တမ်းတမ်းတတ ဖြစ်နေတဲ့ ငါ့ နားနှစ်ဖက်ကိုလည်း ငါမုန်းတီးမိတယ်…. သေချာတာ တစ်ခုကတော့ ငါ မင်းကို မမုန်းဘူးချစ်သူ… မုန်းလို့မရခဲ့ဘူး……
                မိုးတွေရွာတိုင်းလည်း တို့နှစ်ယောက်စတွေ့ခဲ့တဲ့ .. ဇူလိုင်လရဲ့ မိုးဖွဲဖွဲလေးတွေ ကြွေဆင်းနေတဲ့ နေ့လေးတစ်နေ့ ကို ငါအမှတ်ရမိပါရဲ့… ခုတော့ မိုးဖွဲတွေနဲ့အတူ ငါမုန်းတီးတဲ့ ငါ့မျက်ရည်တွေ ကိုငါကိုယ်တိုင် ခြွေချမိပြန်ပြီ…..မင်းကိုချစ်တဲ့အချစ်တွေနဲ့ ထပ်တူထပ်မျှ ငါ့ကိုယ်ငါပြန်မုန်းတီးမိတဲ့ အချိန်တိုင်း.. မင်းကိုမေ့ထားခဲ့နိုင်ဖို့ ငါ့ရဲ့ရှင်သန်မှုတွေကို ငါကိုယ်တိုင်ရပ်တန့် လိုက်ချင်မိတယ်…
                ကိုယ့်ရဲ့ချစ်သူဟာ ကိုယ်ကလွဲလို့ တစ်ခြားသောသူတစ်ယောက်နဲ့ ထိုက်တန်တယ်ဆိုတဲ့အတွေးမျိုး ဘယ်လိုချစ်သူမျိုးက တွေးနိုင်မှာလဲ.. ကိုယ့်ချစ်သူဟာ ကိုယ်နဲ့သာ အထိုက်တန်ဆုံးလို့ ချစ်သူတွေတိုင်းကြွေးကျော်နေချိန်မှာ ကိုယ်ကတော့ ကိုယ်မဟုတ် တဲ့ ဟခြားသောသူတစ်ယောက်နဲ့ ပျော်ရွှင်နေတဲ့ မင်းဘ၀ကို ခပ်ဝေးဝေးတစ်နေရာကနေ ငေးမောနာကျင်နေရတယ်ဆိုတာ မင်းသိနိုင်ပါ့မလားချစ်သူ… နာကျင်ရမယ်မှန်းသိရက်နဲ့ မင်းအနားကိုမှ ခဏခဏသွားချင်နေမိတဲ့ စွဲလန်းတတ်တဲ့ စိတ်အစုံကို ငါဘယ်လို နိယာမမျိုးနဲ့ ထိန်းချုပ်ရပါ့မလဲ..
                 သြော်..
                         ချစ်သူကိုမြင်နေရခြင်းအတွက် မျက်ဝန်းတွေမှာ တင်းတိမ်ရောင့်ရဲမှုဆိုတာ ရှိမှ မရှိနိုင်ပဲလေ….
                         ချစ်သူ့အသံကိုကြားနေရခြင်းအတွက် နားတွေမှာ တင်းတိမ်ရောင့်ရဲမှုဆိုတာ ရှိမှ မရှိနိုင်ပဲလေ….
ပြီးတော့….
                         ချစ်သူကို ချစ်နေရခြင်းအတွက်  ငါ့နှလုံးသားမှာလည်း
                                    တင်းတိမ်ရောင့်ရဲမှုဆိုတာ ရှိမှ မရှိနိုင်တော့ပဲလေ…..

( ချစ်တတ်သောသူတိုင်း ချစ်ခြင်းမှာ နာကျင်ခြင်းတွေကင်းပါစေလေ…. )

In: စကားပြေ Posted By: Date: Jul 31, 2010
Comment #1

ချစ်ခြင်းနဲ့နာကျင်ခြင်းကမိတ်ဆွေသူငယ်ချင်းတွေလေ အမြဲမခွဲအတူတူပါပဲ

commentinfo By: thukhacho at Aug 3, 2010
Comment #2

အင်းလေ.. ချစ်နေသရွေ့တော့….

commentinfo By: နှိုင်းခ at Aug 5, 2010
Comment #3

မင်းကိုတခြားသူတစ်ယောက်ရဲ့ရင်ခွင့်မှာကြည့်ပြီးတော့နေနိုင်လောက်တ
ရင့်ကျက်မှုမျိုးငါ့မှာသတ္တိမရှိခဲ့ဘူး နော်..

commentinfo By: ayeayethi at Aug 14, 2010
Comment #4

who r u ?မှန်းပြီးဖတ်လိုက်တာ မှန်သွားတယ် သိလား

commentinfo By: chit chit at Aug 14, 2010
Comment #5

တော်တော် တော်တဲ့ ချစ်ချစ်…….

commentinfo By: နှိုင်းခ at Aug 17, 2010
Comment #6

ကောင်းပါတယ်ခံစားချက်တွေရေးထားတာ။နာကျင်လာတဲ့စိတ်ကမုန်းတီးလာချင်တယ်လို့ 
ခံစားရတဲ့အချိန်မရောက်သေးတာတခုပဲ။

commentinfo By: morrethant at Aug 22, 2010
Comment #7

ဘယ်တော့မှ မုန်းတီးလို့မရနိုင်လောက်အောင် ချစ်တတ်ကြတဲ့သူတွေလည်းရှိကြတယ်လေ…..

commentinfo By: နှိုင်းခ at Sep 7, 2010
Comment #8

yeah,,,
100% right.
i agree with u.

commentinfo By: ei lay at Jul 19, 2011
Comment #9

ချစ်သူကိုမြင်နေရခြင်းအတွက် မျက်ဝန်းတွေမှာ တင်းတိမ်ရောင့်ရဲမှုဆိုတာ ရှိမှ မရှိနိုင်ပဲလေ….
ချစ်သူ့အသံကိုကြားနေရခြင်းအတွက် နားတွေမှာ တင်းတိမ်ရောင့်ရဲမှုဆိုတာ ရှိမှ မရှိနိုင်ပဲလေ….
ပြီးတော့….
ချစ်သူကို ချစ်နေရခြင်းအတွက် ငါ့နှလုံးသားမှာလည်း
တင်းတိမ်ရောင့်ရဲမှုဆိုတာ ရှိမှ မရှိနိုင်တော့ပဲလေ…..

commentinfo By: အသဲကွဲမိုး at Jul 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment