Professional Authors

28.07.2010

ပီ စာမရေးဖြစ်တာ ကြာလေပြီ။

အကြောင်းအရာ အမျိုးမျိုးကြားမှာ ပီ ခံစားချက်တွေ ဖုတ်လိုက်ဖုတ်လိုက် ၊ မြှုပ်လိုက် ပေါ်လိုက်။

ပီ ကို ပီ လည်း မ သိ ။

မိသားစု၊ သူငယ်ချင်း ၊ အလုပ်၊ သင်တန်းးးးးးးးးး အချိန်တွေက ပီ ကိုဝါးမြို

အသက်ရှုနေတာ ကို ပီ သိ သည်။ လုပ်သင့်တာတွေ လုပ်နေတယ် ဆို တာ ပီ သိ သည်။

ဘာအတွက် အသက်ရှင်တာ လဲ ? ငယ်ငယ် က မေးခွန်း အဖြစ် သိမ်းထား သည်။  အဖြေ လည်း တော်တော် ဟောင်း နေပြီ။

အမျိုး မျိုး သော သူ တွေကို သည်းခံရတိုင်း ၊ အံမကြိတ် တတ်တာ လည်း ကြာပြီ။

ဘ၀ က ပျော်စရာပါ ။ ပီ ပျော်သည်။ ပြုံး ရ တာ ကို ပီ ချစ် သည်။

လုပ်နိုင်တာ တွေကို လုပ် ရင်း မလုပ် ပေး နိုင်တာ တွေ အ တွက် ပီ ငို ပါ သည်။

အားလုံးကို ပျော် ရွှင်စေ ချင် သည်။ အခွင့်အာဏာ သည် မျှဝေ စာသုံး ရ သော အစာ ။

ပီ မစွမ်း နိုင်တာ တွေ အတွက် အပြစ်တင်သူမရှိ။

သို့ သော် တရား မျှ တ မှု ရှိ ကို ရှိ ရ မည် ။ မစွမ်း လည်း ပီ ၀င် ထမ်း သည်။ မ ဆိုင် လည်း ပီ ၀င် ပါ သည်။

လောက ကြီး ကို ချစ်တဲ့ ပီ ကို လောကကြီး က လည်း ချစ် လိမ့်မည်။

ပီ ယုံ ကြည် သည်။

Comment #1

ပီ အမြဲပြုံးနိုင်ပါစေ။

commentinfo By: gyit tu at Aug 25, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment