Professional Authors

တိမ်တဆုပ်ဖြစ်ခွင့်

တရွေ့ရွေ့ရွေ့လျားနေတဲ့တိမ်တိုက်လေးတွေနဲ့အတူ စိတ်တွေဟာလဲ
ရွေ့လျားနေခဲ့တယ်………….
တကယ်တော့ဘဝဆိုတာ တိမ်တဆုပ်လောက်များ ဘာကြောင့်မပေါ့ပါး
ခဲ့ရပါသလဲကွယ်……….
အတိတ်…ပစ္စုန်ပန်….အနာဂတ်ဆိုတာ မတွေးကောင်းတဲ့အရာတခုလိုဖြစ်
နေတာ ဘဝရဲ့ပါးလျဖျော့တော့မှုကြောင့်ထင်ပါရဲ့……….
ဘဝဟာဆူးခင်းလမ်းတခုပါလို့တင်စားရင်တောင် ဆူးတွေကိုအားနာမိမယ်……

အဲဒီလောက်ကြမ်းခဲ့တယ်…….အဲဒီထက်ကြမ်းဦးမယ်…………………..

မျက်ဝန်းတွေတစ်စက္ကန့်လောက်ရီဖို့……….အချိန်တွေဘယ်လောက်ကြာ
ကြာငိုခဲ့ရသလဲကွယ်…………….
အခါခါကျနေတဲ့စိတ်တွေကိုအခါခါပြန်ကောက်တင်ရင်း ပရုပ်လုံးဖြစ်
ခဲ့ရပေါ့…………..

တခါလောက်တော့သောကမရှိ ရယ်မောပစ်ချင်မိပါရဲ့……………

ခရီးတွေကြမ်းမယ် ချစ်သူရယ်……………ထားသွားခဲ့လိုက်ပါ…………..
နောက်လှည့်မကြည့်ပဲလေ……………
သာသာယာယာဘဝတခုထဲကိုပဲပြန်သွားလိုက်ပါ…….ဘာဘဲဖြစ်ဖြစ်ပါ…..
ရိုးမြေကျပေါင်းစပ်ဖို့ဆိုတာ…….တကယ်တော့……လူချင်းပေါင်းမှတင်
မဟုတ်နိုင်ပါဘူး…….တို့တွေရဲ့စိတ်ချင်းပေါင်းနေရရင်ကော…………..
ဘယ်သူတွေဘာနဲ့ခွဲနိုင်ကြမတဲ့လဲ???????????????

ငါကိုးကွယ်တဲ့အချစ်မှာမတရားသိမ်းပိုက်ခြင်းတွေ မပါဝင်ဘူး……….

အဲဒီငါမမြင်ရတဲ့…….. အကြောင်းကြောင်းကြောင့်…..ဆိုတာ…….
ဖြစ်လာခဲ့ရင်……………
နင့်စိတ်ထဲမှာငါ့ကိုဖျောက်ထားပါ…………..နင့်ဆုံးဖြတ်ချက်တွေ
ယိုင်မှာစိုးလို့……………

နောက်ဆုံးတော့………………………………………

ဟိုးခပ်ဝေးဝေးက…….တရွေ့ရွေ့ရွေ့နဲ့ရွေ့လျားနေတဲ့တိမ်တိုက်လေးရေ
ငါကဘာလို့တိမ်တဆုပ်မဖြစ်ခဲ့ရတာလဲကွယ်……………………………….
………………………………………………………………………………………။။။

အမရာ

In: စကားပြေ Posted By: Date: Jul 25, 2010
Comment #1

တကယ်တော့ ဘဝဆိုတာ တိမ်တဆုပ်လောက်များ ဘာကြောင့်မပေါ့ပါး ခဲ့ရပါသလဲကွယ်………. (: (:

ဟိုးခပ်ဝေးဝေးက…….တရွေ့ရွေ့ရွေ့နဲ့ရွေ့လျားနေတဲ့တိမ်တိုက်လေးရေ
ငါကဘာလို့တိမ်တဆုပ်မဖြစ်ခဲ့ရတာလဲကွယ်..

(: သေချာလာဖတ်သွားတယ် အစ်မရေ..
ဒါပေမယ့် အစ်မရေသိလား တိမ်မဖြစ်ခဲ့တာကောင်းတယ်.. တကယ်ပြောတာာာာ (: (ဖတ်ဖူးတဲ့ essay တစ်ပုဒ်အရ) ဟိဟိ.. (:
စကားမစပ် အစ်မ.. အစ်မရဲ့ “မောင်ကပြောတယ်” ဆိုတဲ့ကဗျာလေး ဖတ်ချင်လို့ (: နော် အစ်မ နော်.. တကယ်ဖတ်ချင်လို့ (:

commentinfo By: ဖြိုးဖြိုး at Jul 26, 2010
Comment #2

အခါခါကျနေတဲ့စိတ်တွေကိုအခါခါပြန်ကောက်တင်ရင်း ပရုပ်လုံးဖြစ်
ခဲ့ရပေါ့

ငါကိုးကွယ်တဲ့အချစ်မှာမတရားသိမ်းပိုက်ခြင်းတွေ မပါဝင်ဘူး……….

ဟိုးခပ်ဝေးဝေးက…….တရွေ့ရွေ့ရွေ့နဲ့ရွေ့လျားနေတဲ့တိမ်တိုက်လေးရေ
ငါကဘာလို့တိမ်တဆုပ်မဖြစ်ခဲ့ရတာလဲကွယ်

———————————-

ကြိုက်တယ် အမရေ .. စိတ်ကူးလေးနဲ့ရေးပုံရေးဟန်လေး သဘောကြတယ်။ အပေါ်က စာသားတွေလဲ ကြိုက်တယ်။ ကျွန်တော် essay ဆိုတဲ့ cat အောက်ရွှေ့ပေးလိုက်တယ်။ ဒီလိုအရေးအသားမျိုးကို စကားပြေခေါ်လို့ရတယ်လို့ ထင်တယ်။

“ရွာမယ်ဆို
မဲပစ်တတ်တဲ့
တိမ်ဖြူတွေကို
ငါလူတွေထက်
ပိုပြီးသဘောကျခဲ့”

အမ တိမ်တဆုပ်ဖြစ်ချင်တယ်ဆိုတာ ဟုတ်လောက်တယ်။ 🙂

commentinfo By: သက်ထွေး at Jul 26, 2010
Comment #3

တကယ်တော့ဘဝဆိုတာ တိမ်တဆုပ်လောက်များ ဘာကြောင့်မပေါ့ပါး
ခဲ့ရပါသလဲကွယ်……….

ငါကိုးကွယ်တဲ့အချစ်မှာမတရားသိမ်းပိုက်ခြင်းတွေ မပါဝင်ဘူး………

အဲဒီငါမမြင်ရတဲ့…….. အကြောင်းကြောင်းကြောင့်…..ဆိုတာ…….
ဖြစ်လာခဲ့ရင်……………
နင့်စိတ်ထဲမှာငါ့ကိုဖျောက်ထားပါ…………..နင့်ဆုံးဖြတ်ချက်တွေ
ယိုင်မှာစိုးလို့……………

အဲဒီစာသားလေးတွေကြိုက်တယ်အစ်မရေ။ဒီတစ်ခါရေးပုံလေးကိုကြိုက်တယ်။တစ်မျိုးလေးပဲ။ :):)
တိမ်တစ်ဆုပ်ဖြစ်တာနဲ့အစ်မကလေစေရာလွင့်ရမှာနော်။သိပ်မကောင်းဘူး။ကျွန်တော်ကတော့လေပြည်ပဲဖြစ်ချင်တယ်။:):):):):):):):):):):):

commentinfo By: naynyo23 at Jul 26, 2010
Comment #4

so good

commentinfo By: angel at Sep 7, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment