Professional Authors

ပျော်ရွှင်မှုဆိုတာ သူပြောဖူးတဲ့ စပယ်ပန်းလေးတွေအကြောင်း (ဖြိုးဖြိုး)

ပျော်ရွှင်မှုဆိုတာ သူပြောဖူးတဲ့ စပယ်ပန်းလေးတွေအကြောင်း..

ဘာတွေပဲဖြစ်ဖြစ် အဆင်ပြေပါစေ………..
အကျင့်ပါနေတဲ့ ဆုတောင်းတွေ ပေါင်းသင် နေမိသည်မှာ စံပယ်ပွင့်တွေဖွေးဖွေး ပွင့်လာဖို့သာ ဖြစ်ပါသည်.. ဆုတောင်းတွေရဲ့ နောက်မှာ လိုအပ်ခြင်း တစုံတရာ ရှိမနေပါ.. မပိုင်ဆိုင်သော နောက်ထပ်စက္ကန့်လေးများတွင်လည်း သတိတရရှိနေဦးမည် ဆိုသည့်” ခိုင်မာပြတ်သားမှုမျိုး” ထပ်မံ မရှိနေတော့ရန်သာ လိုအပ်ပါသည်။
A Rocket To The Moon ရဲ့ “Like We Used To” ဖြစ်ဖြစ်၊ The Script ရဲ့ “The Man Who Can’t Be Moved” ဖြစ်ဖြစ်၊ james blunt ရဲ့ goodbye my lover ဖြစ်ဖြစ် တခုတ်တရ သိမ်းထားမိတဲ့ endless ဆိုတဲ့ playlist ထဲက သီချင်းတစ်ခုခုများ မတော်တဆ ဖြစ်ဖြစ် ကြားခဲ့ရင် သူကြိုက်တဲ့ သီချင်းတွေဆိုတာထက် ဘယ်သူမဆိုကြိုက်နေနိုင်တယ်ဆိုတဲ့ “အတွေးမျိုး” တွေးမိရန်သာ လိုအပ်ပါသည်။
သတိရခြင်းဆိုတာ စာရွက်ထဲချမရေးဖြစ်တော့တဲ့ ၀ါကျတွေ..


“အစစ အရာရာ အဆင်ပြေတယ် မဟုတ်လား” ၊ “စိတ်ညစ်မနေဘူး မဟုတ်လား” ဆိုပြီး တခါတရံမေးခွန်းတွေ မေးလိုက်မိတိုင်း အဖြေဆိုတာထက် သူမ စိတ်ထဲ အပြီးတွေးယူထားတဲ့ အဖြေတွေ မှန်ကန်ချင်လို့ ဆိုတာ သူမကိုယ်တိုင်ထက် ဘယ်သူက ပိုသိနိုင်မှာတဲ့လဲ.. ဘယ်အချိန်ကစပြီး သူမ ဒီလို ပူပန်နေတတ်ခဲ့ပါသလဲ…. “be myself” ဆိုပြီး အားတင်းပြီး နောက်မလှည့်တမ်း လျှောက်လှမ်းသွားတဲ့ ခြေလှမ်းတိုင်းမှာ မက်နေကျ သူ့ရဲ့ အိပ်မက် တွေ ကောင်းချီးမင်္ဂလာ နှင့် ပြည့်စုံပါစေကြောင်း သူမ တစ်ယောက်ထဲသာ ကြားနိုင်တဲ့ ဆုတောင်းသံတွေ ပါတယ်.. တွဲပေးထားတဲ့လက်တွေများတယ်ဆိုတဲ့ သူ့ဘ၀ထဲ 
ခုတွဲထားတဲ့လက်တစ်စုံ မြဲမြံစေဖို့ ဆန္ဒတွေလည်းပါတယ်.. 
ဒီလို ဘာမှမဟုတ်တဲ့ မရေမရာ စာတွေ နောက်တစ်ကြိမ် မရေးမိစေဖို့……. ရှေ့ကိုလျှောက်နေတဲ့ ခြေလှမ်းတွေ မယိုင်လဲစေတော့ဖို့……… နံမည်လေးတွေးလိုက်မိရုံနဲ့ မျက်ရည်တွေဝဲမလာစေဖို့…………….. ဆိုတဲ့ သူမကိုယ်တိုင်အတွက် ဆုတောင်းတစ်ချို့လည်းပါတယ်..
    
မျှော်လင့်ချက်ဆိုတာ  သူ့မျက်နှာလေး နေ့စဉ် ကြည်လင်နေပါတယ်လို့ သေချာချင်နေတဲ့ စိတ်လေးတစ်ခု   
ဆာကူရာပန်းတွေ၊  ပိတောက်ပန်းတွေ၊ လစ်လီပန်းအဖြူလေးတွေ ပွင့်တဲ့ ဒီလို နွေမနက်ခင်းဆိုတာ သူမ လက်ချိုးရေတွက်စောင့်မျှော်နေကျ.. သူ မမြင်နိုင်တဲ့ ထုံးဖြူဖြူစေတီက နှင်းဆီဖြူ ငါးပွင့်ရဲ့ ရည်ရွယ်ချက်ကိုတော့ သူသိအောင် သူမ ပြောပြဖြစ်တော့မှာ မဟုတ်ဘူး..
ဒီလိုနဲ့
သူ့ကျောပြင်လည်း မှုန်ပြခဲ့ပြီ.. သူမမျက်ဝန်းမှာလဲ မိုးရည်ငွေ့ပြီ..
ဒါပေမယ့် အရာအားလုံးဟာ တည်ငြိမ်နေမယ် အေးချမ်းနေမယ်ဆိုရင် စောင့်ဆိုင်းခြင်း ဆိုတာ အခုလို နွေမနက်ခင်းလေးပဲ ဖြစ်ပါလိမ့်မယ်..
ဖြိုးဖြိုး
In: စကားပြေ Posted By: Date: Apr 26, 2013
Comment #1

:'(
:'(
:'(

commentinfo By: ei lay at Apr 28, 2013
Comment #2

ိငိုချင်ရဲ့ လက်တို့ ဖြစ်နေပပေါ့….

commentinfo By: linthein at Apr 28, 2013
Comment #3

ရင်ထဲကိုထိတယ်နော်…….ဖြိုးဖြိုး

commentinfo By: yethua8 at Aug 4, 2013
Comment #4

အကျင့်ပါနေတဲ့ဆုတောင်းတွေပါ ဟင့်

commentinfo By: han mo at Aug 6, 2013
Comment #5

တခုတ်တရ သိမ်းထားမိတဲ့ endless ဆိုတဲ့ playlist ထဲက သီချင်းတစ်ခုခုများ မတော်တဆ ဖြစ်ဖြစ် ကြားခဲ့ရင် သူကြိုက်တဲ့ သီချင်းတွေဆိုတာထက် ဘယ်သူမဆိုကြိုက်နေနိုင်တယ်ဆိုတဲ့ “အတွေးမျိုး” တွေးမိရန်သာ လိုအပ်ပါသည်။

——–
မတွေးနိုင်တာပဲ ခက်တယ် … ကွယ် .. 🙁

commentinfo By: Pyae Phyo Aung at Jan 6, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment