Professional Authors

အချစ်နဲ့ပတ်သက်မိလေသမျှ…..

ကျတော် ၁၀တန်းအောင်ပြီးတဲ့နှစ်လောက်မှ ရည်းစားစထားဖူးတာပေါ့
အဲဒီတုန်းက သူက ၉တန်းပေါ့… ကျတော့်ရဲ့ First Love ပေါ့…
အခုချိန်ထိမေ့မရပါဘူး…။ ဒါပေမဲ့ သတိရစရာလည်းသိပ်မရှိဘူး…

အဲဒီနောက် ကျတော် တယောက်ပြီးတယောက်တွဲခဲ့တယ်ပေါ့
ကျတော် အချစ်ရဆုံးသူတယောက်ရှိခဲ့တယ်
ကျတော့်ကို အချစ်ဆုံးသူတယောက်လည်းရှိခဲ့တယ်

အချစ်ဆိုတာဘာမှန်းမသိလောက်အောင် ရှုပ်ပါတယ်
ကျတော့်ဘ၀မှာ အကြာဆုံးတွဲခဲ့တာဆိုလို့ တနှစ်လောက်တွဲခဲ့ဖူးတဲ့ ချင်းမလေးတယောက်ဘဲရှိခဲ့တယ်
သူဟာကျတော့်အပေါ်မှာအကောင်းဆုံးချစ်သူပါ…

မကြာသေးတဲ့အချိန်လေးအတွင်းမှာဘဲ
အဲသလို ချစ်တဲ့ မိန်းခလေးတယောက် ကျတော်ထပ်တွေ့ပြန်တယ်
သူကတော့ ကလေးလိုဆိုးတယ်ပြောရမယ်
အသက်ကလည်း ၁၈ တောင်မပြည့်သေးဘူးဆိုတော့ ဆိုးတော့မှာပေါ့…

အထက်ပါအဖြစ်အပျက်တွေဖြစ်ပျက်ပြီးတဲ့နောက်မှာတော့
ကျတော်အခုလက်ရှိခံစားချက်တွေကိုပြန်သုံးသပ်မိတယ်

ကျတော်ဘယ်သူ့ကိုမှတကယ်မချစ်ဘူးသေးဘူးလားဆိုတဲ့ မေးခွန်းကို
ခုထိအဖြေရှာမရဖြစ်နေတယ်။

ကျတော်အချစ်ဆုံးတယောက်ရှိခဲ့တယ်လို့ပြောခဲ့တယ်နော်
ဒီနေရာမှာနဲနပြောရတော့မယ်….
ကျတော်ချစ်ခဲ့တယ်ပေါ့နော်… သူ့ဆီကအချစ်ကိုပြန်မရခဲ့ပါဘူး( ကျတော်လိုချင်ခဲ့တဲ့အချစ်ပေါ့)
ပြောရမယ်ဆိုရင် သူကျတော့်ကို အပျော်တွဲသွားခဲ့တာပါ

ကျတော်ဝဋ်လိုက်တယ်ဘဲပြောရမလား
သူနဲ့မတွေ့ခင်ကတော့ ကျတော်ဟာ အချစ်ခံခဲ့ရတာချည်းပါဘဲ
သူ့ကိုတွေ့တဲ့အချိန်ကစပြီး လူတယောက်(သို့) ချစ်သူကို ချစ်တတ်တယ်လို့ပြောရမယ်

အတိုပြောရရင်တော့ အသည်းကွဲခဲ့သောနေ့ရက်တွေကုန်ပြီးတဲ့အခါမှာတော့
အချစ်ကို တကယ်ချစ်တတ်သွားတယ်။ အဲဒီချိန်မှာ (အခုချိန်ပေါ့) အထက်ကဆိုခဲ့သလို
ကျတော့်ကိုချစ်တဲ့သူ ဘယ်သူမှမရှိတော့ဘူး။ ပြန်တမ်းတမိတယ်။

တချိန်က ကျတော့်ကိုချစ်ခဲ့သူများ
အခုမှတန်ဖိုးတွေနားလည်ခဲ့တဲ့ကျတော်

အချစ်ကိုဘယ်ကပြန်စရမလဲ

အချစ်ဆိုတာ….

“လိုက်လေ ပြေးလေ
ပြေးလေ ဝေးလေ
ဝေးလေ ဆွေးလေ” ပါဘဲလား

အခုတော့ ခံစားချက်လက်ကျန်တွေ နလံပြန်ထလာပါပြီ….

တယောက်ဟာ တယောက်ရဲ့ ဘ၀ထဲကို
ဘယ်အတိုင်းအတာအထိဝင်ရောက်နိုင်မှာလဲ
ဘယ်လောက်ထိ နားလည်းပေးနိုင်မှာလဲ
ဘယ်လိုခံစားနိုင်မှာလဲ
အဲသလိုမျိုးတည်ဆောက်မှုမျိုးနဲ့ အချစ်ကိုမျှော်လင့်မိတယ်

မိခင်တယောက်လိုမေတ္တာမျိုး
အစ်မတယောက်လို အကြင်နာမျိုး
ညီမတယောက်လို လေးစားမှုမျိုး ရှိတဲ့
ချစ်သူတယောက်လောက်တော့
ဘ၀မှာ ပိုင်ဆိုင်မိချင်သား…..။

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်
ကိုယ်ကစပြီးချစ်တဲ့သူမဖြစ်ရပါစေနဲ့သား……….။

ရင်တွင်းခံစားချက် (လမင်းပိုင်)။

In: စကားပြေ Posted By: Date: Apr 22, 2013
Comment #1

ပြန်ပြင်ဆင်လိုက်ပေါ့
အချိန်မီပါသေးတယ်

commentinfo By: မေပျို at Apr 22, 2013
Comment #2

*_*

commentinfo By: ei lay at Apr 22, 2013
Comment #3

Cr@Zy Fox

commentinfo By: kyier at Apr 23, 2013
Comment #4

တကယ့်ဖြစ်ရပ်မှန်လား။စိတ်မကောင်းစရာပဲ။အမြန်ဆုံးကိုယ်ကလဲချစ်ပြီးကိုယ်ကိုလဲပြန်ချစ်မဲ့သူနဲ့အမြန်ဆုံတွေ့ပါစေနော်။

commentinfo By: phyoe at May 30, 2013
Comment #5

တကယ်အများကြီးတွဲခဲ့တာပဲ

commentinfo By: phyoe at May 30, 2013
Comment #6

ဆုတောင်းပေးလို့ကျေးဇူးတင်ပါတယ်ဗျာ့
ဆုတောင်းပြည့်သွားပြီလို့ပြောရမှာဘဲ။
ကျတော့်ဘ၀ရဲ့ အချစ်စစ်ကို ရှာတွေ့သွားပါပြီ။
ကျေးဇူးတင်လျှက်

လမင်းပိုင်

commentinfo By: laminpaing at Jul 21, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment