Professional Authors

ခံစားချက်ဖြင့် မှုန်းချယ်သည်..။

ကောင်မလေးရေ
မင်းအတွက် ငါရေးထားတဲ့ ပန်းချီကားထဲမှာ
မင်းနဲ့ငါ စတွေ့တုန်းက မင်းနုတ်ခမ်းပေါ်ချစ်စရာကောင်းတဲ့အပြုံးလေးတွေပါတယ်။
ပရယ်တီကယ်ခန်းထဲက လစ်တမတ်စက္ကူ လေးတွေပါတယ်။
အဲဒီနေ့က မင်းနဲ့အတူတူ ထိုင်ခဲ့တဲ့ ကန်တင်းလေးက လဖက်ရည်နံ သင်းသင်းလေးလည်းပါတယ်။

ကောင်မလေးရေ
မင်းအတွက်ငါရေးထားတဲ့ ပန်းချီကားထဲမှာ
မင်းကိုငါ ချစ်ရေးဆိုခဲ့တဲ့ ညနေခင်း နေရောင်ချည် မှိန်မှိန်လေးတွေပါတယ်။
မင်းမျက်နှာပေါ်က ပါးနီနီရဲရဲလေး နှစ်ဖက်ပါတယ်။
ငါပေးတဲ့စာကို မင်းယူပြီးတက်သွားတဲ့ ကျောင်းကား ကြီးလည်းပါတယ်။

ကောင်မလေးရေ
မင်းအတွက်ငါရေးထားတဲ့ ပန်းချီကားထဲမှာ
မင်းနဲ့ငါ ပထမဆုံးရည်းစားဖြစ်တဲ့နေ့က ထိုင်ခဲ့တဲ့ ကန်တော်ကြီးထဲက ထိုင်ခုံလေးပါတယ်။
ချွေးလေးတွေစို့နေတဲ့ မင်းလက်ဖ၀ါးလေးပါတယ်။
အဲဒီနေ့ကရွာခဲ့တဲ့ မိုးစက်တွေပါတယ်။

ကောင်မလေးရေ
မင်းအတွက်ငါရေးထားတဲ့ပန်းချီကားထဲမှာ
ရန်ကုန်လေဆိပ်ကြီးထဲက ခုံတန်းလေးတွေပါတယ်။
အဲဒီနေ့က မင်းမျက်ဝန်းထဲက မျက်ရည်တွေပါတယ်။
ငါ့ရင်ထဲက တို့နှစ်ယောက်ရဲ့ အိမ်လေးလည်းပါတယ်။

ကောင်မလေးရေ
မင်းအတွက်ငါရေးထားတဲ့ပန်းချီကားထဲမှာ
မင်းဆီကိုငါ နှစ်ပတ်တခါဖုန်းဆက်ခဲ့တဲ့ ရက်စွဲတွေပါတယ်။
မင်းလက်ရေးလှလှလေးနဲ့ ရေးပို့ခဲ့တဲ့စာတွေပါတယ်။
ငါ့အနားမှာ အမြဲ ညို့မှိုင်းနေတတ်တဲ့ အလွမ်းတွေပါတယ်။

ကောင်မလေးရေ
မင်းအတွက်ငါရေးထားတဲ့ပန်းချီကားထဲမှာ
ငါ့အိမ်မက်တွေကို ဖျက်ဆီးလိုက်တဲ့ မင်္ဂလာဆောင်ဖိတ်စာတခုပါတယ်။
လောကကြီးတခုလုံးချာချာ လည်သွားတဲ့ ညတွေပါတယ်။
ငါနှလုံးသားထဲက ထွက်ကျလာတဲ့ မျက်ရည်တွေပါတယ်။

ကောင်မလေးရေ
ငါရေးထားတဲ့ ပန်းချီကားကို
မင်းတို့အိမ်ရဲ့ ဧည့်ခန်း ထဲမှာမချိတ်ဆွဲပေးရင်နေပါ
မင်းအတွက်မင်္ဂလာလက်ဆောင်အဖြစ်လက်ခံပေးခဲ့တာကိုပဲငါကျေနပ်ပါတယ်။
မင်းအမြဲစိတ်ချမ်းသာပါစေ။

ဒီလင် ဒီမယား အိုအောင် မင်းအောင် ပေါင်းရပါစေကွာ။

In: စကားပြေ Posted By: Date: Oct 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment