Professional Authors

ရိုးသားစွာ…… စွဲလန်းတတ်သော

ကျွန်မက သူ့လှုပ်ရှားမှုတွေ အစအဆုံးကိုငေးမောကြည့်နေရတာ သဘောကျလိုက်တာ
လို့ဆိုတော့ သူငယ်ချင်းကတအံ့တသြနဲ့ နင်သေချာလားတဲ့……….ဘာကိုလဲ….
ကျွန်မက ဘာကိုသေချာရမှာလဲ….ကျွန်မသူဘာလုပ်လုပ်သဘောတကျရှိနေတတ်တာလေ
ဒါက ရိုးသားမှုတခုပါ….သူ့ကိုရိုးရိုးသားသားသဘောကျမိတာပါ……လူတယောက်က
လူတယောက်ကို ရာနှုန်းပြည့်ရိုးသားစွာ သဘောကျခွင့်ရှိမှာပါ……အဲဒီရိုးသားမှုတွေကို
မရိုးသားဘူးလို့ စွပ်စွဲဖို့မှမလိုအပ်တာ…… သူငယ်ချင်းရယ် ကျွန်မကသူ့အပေါ်သိပ်ကို
ရိုးသားစွာသဘောကျတာပါလို့ တော့အပ်ကြောင်းထပ်အောင်ရှင်းမပြနိုင်ဘူးနော်….
ကိုယ့်ရိုးသားကြောင်းကိုယ်သိဖို့ပဲလိုအပ်တယ်လို့ ကျွန်မတော့ထင်တယ်….
ရှင်လဲ တကြိမ်တခါလောက်ပဲဖြစ်ဖြစ် အဲဒီလို ဖြစ်ခဲ့ဘူးရင်ဖြစ်ခဲ့ဘူးမယ်…
ဒါကိုမရိုးသားမှုတခုထင်ပြီးရှင်ဖွင့်မပြောဖြစ်ခဲ့တာလဲ ဖြစ်ကောင်းဖြစ်နိုင်တယ်….
ကျွန်မကတော့ရိုးသားစွာဖွင့်ပြောမိပါတယ်….သူ့ကိုကျွန်မတော်တော်လေး
သဘောကျတယ်……
သူစကားပြောပုံ…သူ့တွေးခေါ်ပုံ……သူ့စိတ်ကူး….သူပြုံးရယ်ပုံ……..သူ့ကိုယ်
နေဟန်ထား….. သူ့ဖွင့်တတ်တဲ့သီချင်းတွေ ……..သူလိုက်ညည်းတတ်တဲ့
သီချင်းတွေ….အိုး…ဘုရားသခင် ..သူနဲ့ပါတ်သတ်သမျှအရာအားလုံးကိုလေ
ကွန်မသဘောကျပါတယ်……
တဆိတ်လောက် သူငယ်ချင်း……… ကွန်မကိုအဲ့ဒီမျက်လုံးမျိုးနဲ့မကြည့်ပါနဲ့…..
အယုံအကြည်မရှိဘူး….အဲ့လိုတော့မပြောပါနဲ့….ကွန်မတို့တွေရိုးသားခဲ့ပါတယ်….
ကျွန်မရဲ့သူ့အပေါ်ရိုးသားမှုတွေကို အဲဒီစကားလုံးတွေနဲ့ရိုက်သတ်မပစ်လိုက်ပါနဲ့
တခါတရံ တချို့ရိုးသားမှုတွေဟာ ပါတ်ဝန်းကျင်ရဲ့ရိုက်ခတ်တဲ့ စကားလုံးရိုင်းတွေ
နဲ့အတူ သေဆုံးသွားတတ်သေးတယ်လေ….
 ကျိန်းသေတာတခုကတော့ ကျွန်မအတွက် ချစ်တဲ့သူနဲ့သဘောကျတဲ့တဲ့သူဆိုတာ
ဘယ်တော့မှ ထပ်တူမကျနိုင်သလို တယောက်တည်းလဲဖြစ်လာနိုင်စရာမရှိပါဘူး……
ကျွန်မက ချစ်တဲ့သူကိုချစ်ပြီး…..သဘောကျတဲ့သူကိုတော့ ရိုးသားစွာသဘောကျ
သွားမှာပါကွယ်…..
ကျွန်မသူ့ကို ရိုးသားစွာ သဘောကျနေပါအုံးမယ်…….။။။
အမရာ
In: စကားပြေ Posted By: Date: Jun 19, 2012
Comment #1

he,,he,,
rofl,,,
super like,

commentinfo By: ei lay at Jun 19, 2012
Comment #2

ချစ်တဲ့သူကိုရော..သဘောမကျတော့ဘူးလားဟင်…သဘောကျသူနဲ့ချစ်တဲ့သူ…နှစ်ခုကြားကနံရံတွေက…ခိုင်မာပါ့
မလား

commentinfo By: nicmicsic at Jul 10, 2012
Comment #3

ကျွန်မသူ့ကို ရိုးသားစွာ သဘောကျနေပါအုံးမယ်…….။။။

commentinfo By: mayviolet at Nov 8, 2012
Comment #4

လွတ်လပ်စွာ နှစ်သက်ပိုင်ခွင့်ရှိတာပဲလေ နော်

commentinfo By: maypyo22889 at Nov 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment