Professional Authors

နေပါစေတော့ ရွက်သစ်ရယ်

နှလုံးခုန်သံများ၏ စည်းချက်ကို  လိုက်ခံစားနေရင်း

အားခနဲ့ အော်သံနဲ့အတူ 

သူမ ဟုခေါ်သော ဆူးငြောင့်စူးခဲ့လေသည်..။

ကဗျာ၊ စာ ရေးသောသူမသည် သာမန်ထက်မပိုသော လှပမှု့နဲ့

ရှင်းသန့်အားကောင်းသော မျက်လုံးတွေရှိ၏..။

ကျနော်နဲ့ သူမ၏ နားလည်မှု့ အပေးအယူသည်

လိုက်မမှီနိုင်အောင် အချိုးကျလွန်းလှပါသည်..။

သူမသည် ပတ်ဝန်းကျင်နဲ့ လှုပ်ရှားမှု့များကို ကျနော့်အား ပြောပြရင်ဖွင့်လေ့ရှိ၏..

ကျနော်သည်လည်း ထိုနည်းလည်းကောင်းပင်…။

မနေ့ကနှင့် မနက်ဖြန်ကို နားမလည်တတ်ခြင်း၊ 

အနောက်တောင်ဆီမှ မိုးတိမ်ညိုညိုတွေကို

အကဲမခတ်တတ်ခြင်းတို့က 

ကျနော့်ဘဝရဲ့  အစနှင့်အဆုံးကို သူမနှင့် တွေ့ဆုံစေခဲ့သည်..။

ကျနော့်ကို ကျနော်လည်လှပြီဟု ထင်ထားခဲ့ပါသည်..

မည်သို့ပင်ဆိုစေ..ကျနော်တွင် မဟုတ် သင်သည်ဖြစ်စေ

ကံကြမ္မာနှင့် အချစ်ကို တိမ်းရှောင် လှည့်စား၍ မရနိုင်ပါ..

ဘယ်သူတွေ ဘာတွေဘဲ ပြောနေပါစေ

ကျနော့် သူမကို ချစ်မိသွားခဲ့သည်..။

ထိုထိုကြောင့် တခါတရံ အမည်ဖော်၍ မရနိုင်သော စိုးရိမ်ကြောက်လန့်ုခြင်းနှင့်

သို့လော် သို့လော် ဟူသော နားမလည်နိုင်ခြင်းများ

ထုနှင့် ထည်နှင့် ရိုက်ခတ်တတ်သေး၏..။

ဤသို့…ဤ၍ အဖြစ်အပျက်များ ဖြစ်ခဲ့ပြီးတဲ့နောက်

အတိတ်တွင် ကျနော် အချစ်တစ်ခုပျောက်ဆုံးခဲ့လေသည်..

လိုက်မရှာတော့ပါ..

အဘယ်ကြောင့်ဆိုသော်..ထိုအချစ်သည် သူမအတွက်ပင် ဖြစ်ပေလိမ့်မည်..။  ။။

In: စကားပြေ Posted By: Date: Mar 28, 2012
Comment #1

တစ်ပုဒ်လုံး ရင်ဘတ်ထဲထိရောက်တယ် . . 🙂
(ကိုဖိုးနမ်းပျောက်နေတယ်လို့ထင်တာ နာမည်ပြောင်းလိုက်တာကိုးးးး)

commentinfo By: နတ်သမီး at Mar 29, 2012
Comment #2

ကျေးဇူးဘဲ နတ်သမီးရေ..
နာမည်က ဘယ်လိုကနေ ဘယ်လိုပြောင်းသွားမှန်းကို မသိပါဘူးဟာ..ပြန်ပြောင်းတော့လဲ မရဘူးဖြစ်နေတာ.

commentinfo By: ဖိုးနမ်း at Mar 29, 2012
Comment #3

ခံစားချက်ဖြစ်ပေမဲ့ တဲ့လွန်းနေသလားလို့…အတွေးလေးမပါတော့တာပေါ့…ကောင်းပါ၏

commentinfo By: Ko Phyo at Mar 30, 2012
Comment #4

ဖိုးနမ်းရေ…မိုက်တယ်….ဘယ်ကဗျာဆရာမလေးနဲ့တိုးနေပြီတုန်း

commentinfo By: အသဲကွဲမိုး at Mar 31, 2012
Comment #5

ဟုတ်ရပါဘူးဟာ..ဒီလိုဘဲ ဟိုရေးဒီရေးပေါ့..
အားပေးကြတာ အားလုံးကို ကျေးဇူးပါဘဲ.. 🙂

commentinfo By: ဖိုးနမ်း at Apr 6, 2012
Comment #6

ကျနော်နဲ့ သူမ၏ နားလည်မှု့ အပေးအယူသည်

လိုက်မမှီနိုင်အောင် အချိုးကျလွန်းလှပါသည်..။

***** အဖြစ်မှန်မဟုတ်လျှင် အလွန်လှပေ သောအဖွဲ့  ****

***** အဖြစ်မှန်ဆိုလျှင် အလွန် လှပသောဘ၀ ချို ချို *****

ကျနော် အလွန်းအားရနှစ်သက်မိပါကြောင်းး

commentinfo By: sharon myorr myor at Apr 6, 2012
Comment #7

အားပေးတာ ကျေးဇူးပါဘဲဗျာ

commentinfo By: ဖိုးညီ at Apr 15, 2012
Comment #8

အတိတ်တွင် ကျနော် အချစ်တစ်ခုပျောက်ဆုံးခဲ့လေသည်..
လိုက်မရှာတော့ပါ..
အဘယ်ကြောင့်ဆိုသော်..ထိုအချစ်သည် သူမအတွက်ပင် ဖြစ်ပေလိမ့်မည်..။ ။။

မိုက်တယ် 🙂

commentinfo By: raingirl at Sep 16, 2012
Comment #9

Thanks u guys. 🙂

commentinfo By: ဖိုးနမ်း at Jan 7, 2013
Comment #10

ချစ်စရာကဗျာလေး ပေးတဲ့ ဆူးငြောင့်ကလေးဘဲ အကိုရယ် တန်ပါတယ်..ဟုတ်ဖူးလား

လေးစားလျက်
နိုးဆက် နေ့

commentinfo By: 13th at Jan 7, 2013
Comment #11

@_@

commentinfo By: ei lay at Jan 8, 2013
Comment #12

=)

commentinfo By: ဖိုးနမ်း at Jan 9, 2013
Comment #13

<3
<3
<3

commentinfo By: ei lay at Jan 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment