Professional Authors

စုပ်………..ယူ ..ခွဲထွက်ခြင်း

မှောင်မှိက်နေသော်လည်း ဤနေရာသည်အလွန်ကျယ်ဝန်းသော်အခန်းတစ်ခုဖြစ်ကြောင်း ကျွှန်တော် သိနေသည်..။ ကျွန်တော့်အရှေ့ခပ်လှမ်းလှမ်းတွင်..ပန်းကနုတ်ထွင်းရာများမပါရှိသော..သလွန်တစ်ခုရှိ၍ ထိုသလွန်ပေါ် တွင်..မိန်းမတစ်ယောက်လဲလျောင်းနေကြောင်း  အလိုလိုသိနေသည်။ ဦးနှောက်က…သူမအား တစ် ရှိုက်ငင်ငင် ပွေ့ဖက်နမ်းရှုံ့ ဖို့ အဆုံးအဖြတ်ပေးနေသည်..။နာကျင် မှု တစ်ချို့..ကျွန်တော်ခံစားလိုက်ရသည်.။ ကျွန်တော့်ကျောကုန်းပေါ်မှ…သူမ၏ လက်ချောင်းများရှည်ထွက်လာသည်…။ သစ်ကိုင်းတွေလို ဖျာထွက် လာသည်..။ညောင်မြစ်တွေလို ကုတ်ဆွဲ သွားသည်..။ကျွန်တော်သည် သူမ၏ ကိုယ်ထဲသို့ တစ်ဖြည်း ဖြည်း စုပ်ယူ ခြင်းခံလိုက်ရသည်.။ ထူးခြားသောအခိုးအငွေ့ တစ် ခု၏ ……………..ရိုက် ခက်မှု……။                               

                                                          *************************

                                                                                      (၂)

 

           ညကအဖြစ်အပျက်ကိုကော်ဖီတစ်ခွက်သောက်ရင်းကျွန်တော်မေ့လိုက်သည်..။နေ့စဉ်ဘ၀သည် ကွန်ပျူတာကိန်းဂဏန်းများလောက် ပျင်းစရာမကောင်းစေရန် ကျွန်တော်ကြိုးစားပါသည်။ တစ်ခါတစ်နေအိမ်မှာတစ်နေလုံးရှိနေတတ်သည်..။ လမ်းကြုံလျှင် ၀င်လည်ဖို့ ဖိတ်ခေါ်ပါသည်။ မတွေ့လျှင် ကျွန်တော် ပြန်ဆက်သွယ်လာမည့်အချိန်ကို စောင့်ပါ။ တစ်နေ့တာမုန့်ဖိုး ထဲမှ…ဖုန်းခေါ်ဆိုခကျန်လျှင် သင့်ဆီ ဆက်ဆက် ဆက်သွယ်ပါမည်။ ဘာကိုမှအလေးအနက်မထားသောကြောင့် ဘ၀သည် အစီအစဉ်မကျ ။ အစီအစဉ်မကျ သောကြောင့် ကျွန်တော်ပျော်သည်..။ ကျွန်တော်ပျော်သောကြောင့် ဘ၀သည် နေသားတကျဖြစ်လာသည် ။          စနစ်တကျမရှိသောအရာများသည် ပြန့်ကျဲနေသည်..။ ဤ သို့ပြန့်ကျဲနေအောင် စီစဉ်ထားသော အစီအစဉ် တစ်ခု ရှိနေသည်.။ဤ သည် ကို chaos ဟုခေါ်သည်။ ထိုအရာက ကျွန်တော့်ကိုစုပ်ယူသွားသည်..။

 

                                                                  *************************

                                                                                     (၃)

 

 

         ကျွန်တော့်တွင်..စိတ်ပျက်စရာကောင်းသောမှန် (၂)ချပ် ရှိပါ သည်..။တစ်ချပ် မှာ သင့်ကိုယ်သင် သာ မြင်ရသောမှန်ဖြစ်၍  နောက် တစ် ချပ် မှာ…သင်ကိုယ်သင်မှတပါး..အရာအားလုံးကိုမြင်နိုင်ပါသည်.။ သမုဒ္ဒရာများက သူတို့သည် ရေခိုးရေငွေ့များအား ဖန်ဆင်းနေသည်ဟု ပြော နေစဉ် တွင်…ရေခိုးရေငွေများက သူ တို့သာ သမုဒ္ဒ များ ၏ ဖန်ဆင်းရှင် အစစ်ဖြစ် ကြောင်း ပြော သည်..။ မာနအားအစော်ကားခံရ သော သစ်သီးကလေးတစ်လုံးသည် အပင်ပ်ါမှ ခုန်ဆင်း၍ သူသည်သာ သစ်ပင် ကို ဖန်ဆင်းကြောင်းသက်သေပြလိုက်သည့် ပုံပြင်ကို ဖတ် ဘူး ပါသည်။အယူ အဆနှစ်မျိုးသည် တစ်ပြိုင် နက် မှန် ကန် ကြောင်းကို လက် ခံလိုက်ပါသည်။ ဖြစ် နိုင် လျှင် ဘုရားသခင် မမနိုင် သော ကျောက်တုံး တစ် တုံး ကိုဘု ရား သခင်အား ဖန်ဆင်းခိုင်း၍ ကျွန်တော့် အိမ်ရှေ့ လယ်ကွင်းပြင် တွင် ပြထားလိုပါသည်..။ အချစ်နှင့်မာစီဒီးကားသည် ယုတ္တိဗေ ဒ အရ ဘာမှ မဆိုင် သော် လည်း..လက်တွေ့ ဘ၀တွင် အစ်ဇောနံ ပါသူများရှိသောကြောင့် ဆိုင် ကောင်း ဆိုင် နိုင် ပါ သည်..။ ကျွန်တော့်ကိုပြုပြင်နေသည် မှာ သီအိုရီ များ မဟုတ် သော် လည်း….အတွေးအခေါ် များနောက် သီအိုရီ များ ပါ လာသောကြောင့်  ပဲလှော် ကြားဆားညှပ် ပါ သည်..။ လင်းမည်ဟု ထင်ခဲ့သော ဘ၀သည် မှောင် ပါသည်။ ကျွန်တော်သည် universal set မှ ပေတိပေစုတ် ငနဲ တစ်ကောင်ဖြစ်သည်..။

 

                                                                  *************************

 

                                                                                     (၄)

 

 

         ဦးလှသည် အချိန်ကိုလေးစားကြောင်းပြော ၍ ရိုးလက် နာရီတစ် လုံးဝယ်လိုက် စဉ် တွင်…စာပို့လုလင်သည် မြန်မာစံတော် ချိန် နှင့် သူ၏ ၁၅၀၀ တန် နာရီ အား အချိန်တိုက်ထားလိုက်သည်။ နာရီမရှိသော ကျွန်တော့် တွင် ..အချိန် မရှိပါ။ မရှိသော်လည်းလေးစားရမည်ဟု ဆရာ က ဆိုသော ကြောင့်….စာမေးပွဲ  ခန်းမှ ဘာမှ မရေးရသေးသော ဖြေ လွှာ စာရွက် များကို လေးစားသော အား ဖြင့် ကျွန်တော်ဘာမှ မရေးလိုက်ပါ..။ မြန်မာ စံ တော် ချိန် ၁၂နာရီ တိတိတွင် တစ်ကယ်အရှိတရားကျွန်တော် စာမေးပွဲကျသွားပါသည်။           တိတ်ဆိတ်စွာ နေထိုင် ခြင်း ကို ကျွန်တော် မြတ်နိုးပါသည်..။ အထီးကျန်ခြင်းသည် ပေါင်းသင်းဆက်ဆံရေး ညံ ဖျင်းခြင်းကြောင့် မဟုတ် ပါ။ ဘာကြောင့်မှလည်းမဟုတ်ပါ….။” အမှန် တရားသည် အမှန်တရားသာဖြစ်သော် လည်း..သင်မှ မေး လာသည့်အခါ အကြောင်း ပြချက် တစ်ခုဖြစ်သွားကြောင်း” သူငယ်ချင်းတစ်ယောက် မဆုံးခင် ကပြော ဘူးသည်။

 

                                                                  *************************        

   တစ်စုံတစ်ယောက် ကို လက် ခံလာစေရန် ပြော သော အယူအဆမဟုတ်သောကြောင့်…ခင်ဗျားထကြည့်ရန်မလိုပါ။ အိပ်ရေးပျက်ပါသည်။ သဘာဝတရားသည်….. မတူ ညီသောစရိုက် များ ကို တစ်နေရာ ထဲ တွင် စု ထားသော အစုတစ်ခုဖြစ်သည်…။ လူတို့သည် မိမိ၏ ကိုယ် ပိုင် ပုံစံခွက်များအတိုင်း စုပ် ယူ ခံထားရသော သတ္တ၀ါ ဖြစ်သည်…။

 

                                                                  *************************

 

In: စကားပြေ Posted By: Date: Feb 16, 2012
Comment #1

တစ်စုံတစ်ယောက် ကို လက် ခံလာစေရန် ပြော သော အယူအဆမဟုတ်သောကြောင့်…ခင်ဗျားထကြည့်ရန်မလိုပါ။ အိပ်ရေးပျက်ပါသည်။
………
အတွေး….တွေ..အရေးတွေကောင်းတယ်ဗျာ

commentinfo By: အသဲကွဲမိုး at Feb 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment