Professional Authors

လွမ်းနည်း

ကဗျာဆရာတွေက ကဗျာတွေရေးလိုက် လုံးခြေပြီးဆွဲဆုတ်လိုက်

သီချင်းရေးဆရာတွေက သီချင်းတွေဖန်တီးလိုက် အဆိုတော်တွေကိုပေးလိုက်

အားငယ်တတ်သူတွေက ငုတ်တုတ်လေးထိုင်လိုက် တိတ်တိတ်လေးငိုလိုက်

ရုပ်ရှင်တွေထဲမှာကျတော့ နောက်ကြောင်းလေးတွေပြန်တွေးလိုက် သီချင်းလေးဖွင့်လိုက်

ပြောရဲတဲ့သူတွေကျတော့ ဂစ်တာလေးကိုင်လိုက် အိမ်ရှေ့မှာသီချင်းလာငြီးလိုက်

စစ်သည်တွေကျတော့ စာလေးတွေရေးလိုက် သေနတ်ကလေးပိုက်လိုက်

အသည်းငယ်တတ်တဲ့သူကျတော့ အရက်တွေသောက်လိုက် ပက်ပက်ဆက်ဆက်အော်ဆဲလိုက်

အချိန်ကျတော့ နေ့နဲ့ညပြောင်းလိုက် ရာသီတွေလည်လိုက်

ပင်လယ်ကျတော့ ငြိမ်သက်သွားလိုက် လှိုင်းထန်သွားလိုက်

ကြယ်တစ်စင်းကျတော့ မှိန်လာလိုက် လင်းသွားလိုက်

လမင်းကျတော့ တိမ်ရှေ့ကနေသူရဲကောင်းဆန်လိုက် တိမ်နောက်ကနေရှိုက်ငိုလိုက်

လေပြေတွေကျတော့ ညင်သာစွာဝေ့၀ဲလိုက် မုန်တိုင်းလုပ်ပြီးဖျက်ဆီးလိုက်

မိုးတိမ်တွေကျတော့ လေနှင်ရာလွင့်လိုက် သည်းထန်စွာငိုကြွေးလိုက်

မင်းကျတော့ စာတွေကျက်လိုက် ဖုန်းတွေဆက်လိုက်…..

ငါကျတော့ တွေတွေလေးငေးလိုက် သက်ပြင်းတွေချလိုက်နဲ့…

In: စကားပြေ Posted By: Date: Sep 18, 2011
Comment #1

အားပေးသွားပါတယ်

Comment #2

လွမ်းနည်းက တစ်မျိုးပါလား
တစ်ချို့တွေကျတော့ လွမ်းရင် အစားတွေအများကြီးစားတယ်
တစ်ချို့တွေကျတော့ လွမ်းရင် အရက်ဆိုင်သွားတယ်
တစ်ချို့တွေကျတော့ လွမ်းရင် မျက်ရည်ကျတယ်
တစ်ချို့တွေကျတော့ လွမ်းရင် သီချင်းအော်ဆိုတယ် ( ငှက်ဆိုးထိုးသံနဲ့ပေါ့ ) ။

commentinfo By: X - ray at Mar 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment