Professional Authors

သံသယ ၇ှင်းတမ်း

သံသယတွေမကျန်အောင်လို.ငါ့အတိတ်ကို နင်အကုန်တူးဆွလိုက်တာရလာဒ်က ပြောင်းပြန်ဖြစ်သွားတယ်။

ခိုးပြီးငိုတဲ့သူကိုငါကဘယ်လို ဗြောင်ချော့ရမှာလဲငါလည်း ဘယ်လိုဖြေသိမ့်ရမှန်း မသိတော့ပါဘူးကွယ်။

သတိမရတော့ဘူးလို. ငါမငြင်းပါဘူးဒါအတွက်လည်း မင်းကိုမနာကျင်စေချင်တော့ပါဘူးလေ။

သားကောင်ကမုဆိုးကို သတိရတာမဟုတ်ပါဘူးနာကျင်မှုကို မမေ့နိုင်တာပါ။

တွန်.ဆုတ်ငါးကအစာကိုမတပ်မက်တာမဟုတ်ပါဘူးငါးမျှားချိတ်မှာ မိဘူးလို.ပါ။

မင်းဆီကို ၀ံ့ကြွားတဲ့ခြေလှမ်းနဲ.လာခဲ့သူမှ မဟုတ်တာပဲဖုန်တွေ သဲတွေ သွေးတွေနဲ.တောင်ပံတွေဒရွတ်ဆွဲဝင်လာခဲ့တာပဲသေချာပြုစု စောင့်ရှောက်ပြီးမှဒဏ်ရာရခဲ့ရကောင်းလားလို.ဒေါမနဿဖြစ်နေရင်ငါဘယ်လိုနေတတ်မှာလဲ။

ပါးပြင်ပေါ်က အမာရွတ်လေးကိုခဏခဏပွတ်သပ်နေသူအမာရွတ်ပေးခဲ့သူကို လွမ်းလို.လားချောမွေ.မှုကို ပြန်လိုချင်တာလားအဖြေက ရှင်းရှင်းလေးပါကွယ်။

သူ.ကိုတစ်ခါ သတိရတိုင်းစိတ်ထဲက မင်းကို ငါးခါတောင်းပန်ခဲ့ပါတယ်ဒါလည်း မင်းကို သတိရခြင်းတမျိုးမဟုတ်ဘူးလား။

မင်းအတွက်နဲ.ငါတန်ဖိုးအထားဆုံးတစ်ခုကိုတောင်မေ့ပစ်နိုင်ဖို. ကြိုးစားနေပါတယ်လို.ပြောရင်မင်းပိုငိုရမှာပါ။

မင်းအတွက်နဲ.ငါ့မှာနောက်ဆုံးကျန်တဲ့ သတိရခြင်းကိုတောင်ငါမုန်းမိနေပြီလို. ပြောရင်မင်းပိုကြေကွဲမှာပါ။

တစ်ခုတည်းသော ငါပြောနိုင်တာကအသစ်ဖြစ်သောတစ်ခုကို နေရာအားလုံးပေးဖို.အဟောင်းကို အမြစ်ပါမကျန် ရှင်းနိုင်အောင်ငါအားထုတ်နေတယ် ဆိုတာပါပဲ။

အဖြစ်အပျက်တွေရဲ.အဆုံးသစ္စာတရားကို မေးခွန်းထုတ်ကြည့်မြူတစ်စိတ်စာတောင် မလျော.ခဲ့ဘူးအပ်တစ်ထောက်စာတောင် မပွန်းခဲ့ဘူးကျီးပေါင်းတက်သစ်ပင်မှာလည်းအသန်.စင်ဆုံး ပန်းတစ်ပွင့် သိမ်းဝှက်ထားနိုင်တာနည်းနည်းလေး ယုံပေးပါ။

နင်လည်း ခိုးမငိုပါနဲ.တော.ငါလည်း ခိုးသတိမရတော့ပါဘူးနောက်ဆုံးအကြိမ် အားရအောင်ငိုပစ်လိုက်ပြီးငါ့ရင်ခွင်မှာ ပါးအပ် သက်ပြင်းလေးချအသစ်သောဘ၀ကို “စ” ရအောင်။     ။

 

In: စကားပြေ Posted By: Date: Aug 25, 2011
Comment #1

အဖြစ်အပျက်တွေရဲ.အဆုံးသစ္စာတရားကို မေးခွန်းထုတ်ကြည့်မြူတစ်စိတ်စာတောင် မလျော.ခဲ့ဘူးအပ်တစ်ထောက်စာတောင် မပွန်းခဲ့ဘူးကျီးပေါင်းတက်သစ်ပင်မှာလည်းအသန်.စင်ဆုံး ပန်းတစ်ပွင့် သိမ်းဝှက်ထားနိုင်တာနည်းနည်းလေး ယုံပေးပါ

အင်းယုံပါတယ်ဗျာ။ကောင်းတယ်နော်။

commentinfo By: yelaylover2010 at Aug 25, 2011
Comment #2

င်လည်း ခိုးမငိုပါနဲ.တော.ငါလည်း ခိုးသတိမရတော့ပါဘူးနောက်ဆုံးအကြိမ် အားရအောင်ငိုပစ်လိုက်ပြီးငါ့ရင်ခွင်မှာ ပါးအပ် သက်ပြင်းလေးချအသစ်သောဘ၀ကို “စ” ရအောင်။ ။

commentinfo By: ဆည်းဆာ at Aug 25, 2011
Comment #3

“thu ko 1 khar ta ti ya tine sate hte ka min ko 5 khar taung pan ke par de.”

he,,he,,,
tate p nar ma le bu phyit nay de,fri.
kha na kha na,,,tay tay char char phat par de.
u mean u have bf (2) at the same time pop naw.
e loh pyaw tar lar?

commentinfo By: ei lay at Aug 26, 2011
Comment #4

ပါးပြင်ပေါ်က အမာရွတ်လေးကိုခဏခဏပွတ်သပ်နေသူအမာရွတ်ပေးခဲ့သူကို လွမ်းလို.လားချောမွေ.မှုကို ပြန်လိုချင်တာလားအဖြေက ရှင်းရှင်းလေးပါကွယ်။”
ကြိုက်တယ်…. ဖတ်လို့ကောင်းတယ်…. အားပေးနေမယ်….

commentinfo By: Pyae at Dec 14, 2011
Comment #5

ma soe par buu .taw taw lay phat pe nar lal ag loat ya tal………but like******

commentinfo By: shwe sin at Jul 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment