Professional Authors

ငါသာလျှင် အားအကြီးဆုံး

တစ်ခါက နေနတ်သား၊ မိုးနတ်သား၊ မြေနတ်သား၊ လေနတ်သား နဲ့ လူသားတို့  ထိုင်တဲ့ ထမင်းဝိုင်း မှာ

နေနတ်သား က အရင်စပြောတယ် …
“ကမ္ဘာကြီး တစ်ခုလုံးကို အလင်းရောင် ပေးနိုင်လို့ ငါသာလျှင် အားအကြီးဆုံးကွ”

မိုးနတ်သားကလည်း …
“ဘယ်ဟုတ်မလည်း … ကမ္ဘာကြီး တစ်ခုလုံးကို ရေပြင်ကြီး ဖြစ်သွားအောင် လုပ်လို့ရလို့ ငါသာလျှင် အားအကြီးဆုံးကွ”

မြေနတ်သားက အားကျမခံ …
“တော်ပါကွာ… ကမ္ဘာကြီး တစ်ခုလုံးကို လှုပ်ခါရမ်းပစ်နိုင်တဲ့ ငါ့အစွမ်းမှ အားအကြီးဆုံးကွ”

ငြိမ်နေတဲ့ လေနတ်သားကလည်း …
“အပိုတွေ မပြောပါနဲ့ကွာ … ကမ္ဘာကြီးတစ်ခုလုံးကို လေမုန်တိုင်းတွေနဲ့ ဖျက်စီးပစ်နိုင်တဲ့ ငါ့ကသာ အားအကြီးဆုံးကွ”

အဲ့ဒီလို တစ်ယောက် တစ်ပေါက် ငြင်းခုံ နေချိန်မှာ
လုံးဝမငြင်းပဲ ငြိမ်ငြိမ်လေးနေတဲ့ လူသား ရဲ့ ပန်းကန်ထဲမှာ ထမင်းဝိုင်းက ကောင်းပေ့ဆိုတဲ့ ဟင်းလျာတွေ ပြည့်လို့ …….

In: စကားပြေ Posted By: Date: Jul 27, 2011
Comment #1

ဟုတ်သည် မှန်သည်….။

commentinfo By: ဆည်းဆာ at Aug 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment