Professional Authors

လှပသော အလုပ်ခွင်တစ်ခု ဖန်တီးခြင်းအတတ်ပညာ အချို့ 

၁)
            အသေးမွှား တခုခု ဖြည့်ဆည်းကြည့်ပါ။
ဒီနေ့ လုပ်ငန်းခွင်မှာ ဘာများလိုသလဲ လို့  သတိထားကြည့်လိုက်ပါ အသေးမွှားလေးပဲ သေသေချာချာကြည့်ပါ ရှာ၇လွယ်အောင် ဥပမာတခုပြပါမယ်……..စာသင်ခန်းတခု မှာ ကလေးတွေကိုပါးစပ်ဟခိုင်းပြီး ကြည့်ဖို့ လိုတယ် ဆိုကြပါစို့ ……..ကလေးဆိုတာက ကိုယ်ပြောသလို လိုက်လုပ်ချင်မှ လုပ်တာလေ ပါးစပ်ကြီးကြီးဟပါ ….ကဲ…..သူတို့ က ဟချင်မှ ဟမှာ အဲဒီတော့ ကျနော်တို့ ဘာလုပ်ကြမလဲ ……..ပါးစပ်ကြီးဟထားသော ကျားကြီးတစ်ကောင်ရဲ့ ပုံ ကိုဝယ်မယ် ပြီး၇င် နံ၇ံမှာ ကပ်ထားမယ် ဒီလိုလေးဟ ကြည့် …ကြည့်…….ဆိုပြီးပေါ့။ဒီလိုပိုစတာလောက်ကတော့ အားလုံးဝယ်နိုင်ပါတယ် အသေးအမွှားပေမယ့် အထင်မသေးပါနဲ့ အလုပ်လုပ်နေချိန် ………….သြော် ……….ဒါက င့ါရဲ့ ကောင်းမူပါလားဆိုပြီး စိတ်ချမ်းသာ ကြည်နူးမူတခုပါ။

၂)
           လုပ်ဖော်ကိုင်ဖက်တွေရဲ့ မျက်နှာ အမြဲအပြုံးဆောင်နေဖို့ ရယ်စ၇ာတွေကို မျက်စိရှင်ရှင်ထားပါ။
ဘာမဟုတ်တဲ့ ရယ်စ၇ာလေးကိုပဲ ဖော်ပြီး အားလုံးသိအောင် လုပ်ပါ။

၃)
          အလုပ်ကို အသေးမွှားကအစ အတိအကျ လုပ်တတ်အောင် ကျင့်ပါ။
ဥပမာ ဒီပစ္စည်း ကို ဒီနားကနေ ဟိုနားရွှေ့ မယ် ဆိုကြပါစို့ ……..မ နေတဲ့အချိန်ကစပြီး ပြန်ချတဲ့အချိန်ထိ အသိနဲ့ အတိကျ သေသေချာချာလုပ်ပါ ပြီးဆုံးအောင်လုပ်ပါ ကိုယ်ကစယူလိုက်တဲ့ ဘယ်လိုအသေးမွှားအလုပ်မျိုးကို မဆို ဆုံးခန်းတိုင်အောင် တာဝန်ယူလုပ်ပါ။

၎)
          အလုပ်တခုခု ပြီးမြောက်သွား၇င် Good Job ပြောဖို့ မမေ့ပါနဲ့ ။
လုပ်ဖော်ကိုင်ဖက်က သူလုပ်နေကျ အလုပ်တခုကို ပြီးမြောက်သွား၇င်လဲ ပြောပါ Good Job…ကိုယ့်ကိုကိုလဲ ပြောပါ ပြောမဲ့လူမရှိ၇င် မှန်ထဲကြည့်ပါ ကိုယ့်ပုခုံးကိုယ်ပုတ်ပါ ပြီးတော့ ပြောပါ Good Job!!!!!!!
အလုပ်သိမ်းချိန်အားလုံးပြန်ခါနီး ပြောပါ Good Job….Thank U for today..ကျေးဇူးတင်ချင်တင် မတင်ချင်နေပြောဖို့ မမေ့ပါနဲ့ …သူဒီမှာ ရှိနေခဲ့ခြင်းကလဲ ကျေးဇူးတင်စ၇ာပါပဲ။

၅)
       လုပ်ငန်းခွင်မှာ ဘယ်သူက နံပါတ်တစ်လဲသိထားပါ ထိုသူကို လေးစားပါ။
ဥပမာ ကုန်ပစ္စည်းေ၇ာင်းဝယ်ေ၇းမှာ ၀ယ်သူက အဓိက….ဆေးရုံ ဆေးခန်းမှာ လူနာက အဓိက..စာသင်ကျောင်းမှာ ကျောင်းသူကျောင်းသားတွေ………..စသဖြင့်ပေါ့။(ကျနော် အတိကျမသိတော့လို့ စသဖြင့် သွားတာပါ)။လူတိုင်းမေ့တတ်ပါတယ် ကိုယ်ကမေ့တဲ့အခါဖြစ်ဖြစ် တယောက်ယောက်က မှားတဲ့အခါဖြစ်ဖြစ် ထိုအတွက် တယောက်ယောက်က ဒေါသနဲ့ ပြူးတူး ပြဲတဲ ဖြစ်နေ၇င် သူက ဒီမှာ သူသာလျှင်အဓိကလို့ ထင်နေပုံပေါက်နေ၇င် ထိုသူကို ကြည့်ပြီး ရင်ထဲမှာ ပြုံးပါ …….မျက်နှာမှာ ပြုံးဖြီးဖြီး ဖြစ်၇င် လှောင်တာဖြစ်သွားတတ်ပါတယ်…
“ဘယ်အ၇ာမှ မမြဲတာ ဘာ့အတွက် ဒီလူဒေါသထွက်နေပါလိမ့် “လို့ တွေးပြီး ပြုံးပါ။

6)
       ကိုယ်မဖြေချင်တာ ကိုယ့်ကို အနှောက်ယှက်ဖြစ်မဲ့ မေးခွန်းမျိုး လုပ်ဖော်ကိုင်ဖက်မှ မေးလာ၇င် ဘာလို့ သိချင်တာလဲလို့ ပြုံးပြီးမေးပါ……..ဒါမှမဟုတ် ဒီလိုပြောလဲ ဖြစ်တာပဲ Excuse me ! Message sending failed!….ခပ်တည်တည်ပေါ့။

၇)
      အိမ်က ပြဿနာ စိတ်ညစ်စ၇ာ အလုပ်ထဲသယ်မသွားပါနဲ့ ။
အလုပ်ထဲက ပြဿနာလဲ အိမ်ကို သယ်မသွားပါနဲ့ ။ ဥပမာပြပါမယ် သူငယ်ချင်းတစ်ယောက်ရှိတယ် အဆောင်ရောက်၇င် အလုပ်ကအကြောင်း သူပြောသမျှ ရယ်စ၇ာကြီးပဲ ဘယ်လိုရယ်စ၇ာကောင်းခဲ့တာ, ဘယ်လို အဆင်ပြေတာ ….ပြောနေတဲ့လူလဲ စိတ်ချမ်းသာတယ် ကြည့်နေ နားထောင်နေတဲ့လူလဲ ….သြော် သူ့ အလုပ်က အတော် အဆင်ပြေပါလား လို့ အားကျတယ်…သူ့ မှာလဲ မပြေတာရှိမှာပဲ………ဒါပေမဲ့ အခု သူရပ်နေတာက အိမ် …အလုပ်ထဲ မဟုတ်တော့ဘူးလေ။ဆိုလိုချင်တာကို ၇မယ်လို့ ကျနော်ထင်ပါတယ်။

၈)
         အလုပ်ကို ခင်မယ်…..ဘောစ့် ခုံမှာ ထိုင်ကြည့်မယ်။
အခုဆို ကင်မရာ ကနေပြီး အကုန်မြင်နေရတဲ့ ဘောစ့်ပေါ့ ……….ဟိုတစ်ယောက်လေကန်နေတယ် ဟိုတယောက်မုန့် စားလိုက်ေ၇သောက်လိုက် ဟိုလျှောက်လိုက် ဒီလျှောက်လိုက် ဘာတခုမှ မယ်မယ်ရရ မလုပ်ရသေးဘူး……..ကဲ အဲလိုလူကို လကုန်ရင် လခထုတ်ပေးချင်မလား…….ဒီလိုလေးတွေးကြည့်ကြပါ…….”သြော် ဘောစ့်က ငါ့ ယောက်ခမမှ မဟုတ်တာ။”

9)
       မျက်နှာကို ပြုံးပြုံးလေးထားပါ။
ဘာတွေ့ တွေ့ ဘာဖြစ်ဖြစ် အပြုံးမပျက်ပါနဲ့ .ဂျပန်လူမျိုးတွေ ပြုံးတာ မတတ်လို့ သင်တန်းတတ်ကြရတယ်…တူကို သွားမှာကိုက်ပြီး ပြုံးတယ်.. ပြုံးတယ်..။.မြန်မာတွေကတော့ မလိုပါဘူး ပြုံးတတ်လိုက်တာများ ….ဟီးခနဲ……….ဟီး…..ခနဲ။ကျနော်ဆို ခဏ ခဏ ပါးစပ် မျက်မှန်တပ်ချိတ်တယ်။
 
၁၀)
      အလုပ်ထဲ မပြောသင့် တဲ့ စကား ရန်ဖြစ်စေမဲ့ စကားတစ်ခွန်းကို ပြောရတော့မယ် ဆို၇င် ပြောမဲ့အစား ပြုံးကြည့်ပါ။
ပြောလိုက်၇င် သာယာနေတဲ့ လုပ်ငန်းခွင် ရုတ်တရပ် မှောင်အတိကျသွားပါမယ် ၁၀မိနစ်အကြာမှာ သင်တွေ့ ပါလိမ့်မယ် ခြားနားမူကို။

၁၁)
       အလုပ်မသွားမီ ဗိုက်ဖြည့်ပါ အရေးကြီးဆုံး အချက်ပါ။
hypoglycaemia က ဒေါသကို ဖြစ်စေပါတယ် ဦးနှောက် ကြည်လင်ဖို့ glucose လိုတယ် မြင်မြင်သမျှ ထုလိုက်ရ ဒေါသက ထွက်လာပြီနော် ….ဆိုတာတွေက လောလောဆယ် ဗိုက်ထဲမှာ အစာမရှိလို့ ပါ။
 

ပြောလို့ ကုန်မည်မထင်။ဆက်ပြောရရင် ……..ဒီမှာ ရပ်ပါမယ်။
ကျေးဇူးပါ……….မင်္ဂလာပါ။
ဖန်တီးနိုင်ကြပါစေ။

Dan
10:24PM

In: ဆောင်းပါး Posted By: Date: Jan 28, 2011
Comment #1

ဟားး…ကောင်းတယ် ဒန် အားပေးသွားတယ်… ကိုယ့်ကိုယ်ကိုယ်လည်း မြင်သွားတယ်ဗျာ…

Comment #2

ကောင်းပါတယ်…ကိုယ့်ကိုယ်ကိုလည်းဆင်ခြင်လို့ရတာပေါ့……
ဒန်ရေ..အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Jan 29, 2011
Comment #3

GOOD JOB DAN !
HAVE A NICE EMOTION !

Comment #4

Good Idea! I like your article.

commentinfo By: manawphyulay at Mar 20, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment