Professional Authors

ခေတ်

ယဉ်းကျေးမှုဆိုတာထိန်းသိမ်းသင့် ပါတယ်။
အခုခေတ်မိန်းကလေး၊ယောက်ျားလေးတွေခေတ်မှီလာတာကောင်းပါတယ်။
ခေတ်မှီတယ်ဆိုတာကဟိုးအရင်ကမရှိတာတွေရှိလာတယ်။
မသိတာတွေသိလာတယ်။ဒါကောင်းတဲ့အရာတွေပါ။ခေတ်နဲ့အညီနေတယ်ဆိုတာကောင်းပါတယ်။ဒါပေမဲ့ခေတ်မလွန်ရင်တော့ပိုကောင်းမယ်ထင်ပါတယ်။အရင်ကကောင်မလေးတွေအပြင်သိပ်မထွက်ကြပါဘူး။အခုဆိုနိုင်ငံခြားမှာတောင်ပညာသင်နေကြပါပြီ၊အလုပ်တွေလုပ်နေကြပါပြီဒါခေတ်မှီလာတာပါဘဲ။
အ၀တ်အစားဆိုလဲအရင်ကဆို ခြေမျကိစိတောင်မပေါ်အောင်လုံချည်အရှည်ကြီးဝတ်ကြတယ်။အခုတော့ ဒါတွေမရှိတော့ ပါဘူး။ဒါလဲခေတ်မှိလာတာပါဘဲ။ဒါပေမဲ့တစ်ခုတော့ စဉ်းစားစရာပါ။ပညာရေးမှာခေတ်မှီတာကောင်းပါတယ်။အ၀တ်အစားတွေခေတ်မှိလာတာလဲကောင်းပါတယ်။နိုင်ငံအလိုက်တော့ ခေတ်မှိသင့် တယ်လို့ ထင်မိပါတယ်။မြန်မာနိုင်င့ဆိုတာယဉ်ကျေးမှုကိုမြတ်နိုးတဲ့နိုင်ငံ၊ကိုယ်ကျင့် သိက္ခာကိုတန်ဖိုးထားထိန်းသိမ်းတဲ့နိုင်ငံတစ်ခုပါ။သူများနိုင်ငံတွေဘယ်လိုဘဲဝတ်စားဆင်ယင်နေပါစေ ကိုယ့် ပတ်ဝန်းကျင်၊ကိုယ့် နိုင်ငံကိုတော့ ကြည့် သင့် တယ်ထင်ပါတယ်။နိုင်ငံခြားတွေမှာအတိုတွေခေတ်စားနေတဲ့အချိန်မြန်မာနိုင်ငံမှာယဉ်းကျေးမှုနဲ့သင့် လျော်တဲ့အ၀တ်တွေဝတ်နေချိန်အထူးအဆန်းလေးတောင်ဖြစ်နေမှာပါ။အတိုဝတ်မှလှမယ်ဆိုရင်အတိုဝတ်သင့် တာပေါ့။လူတိုင်းလှချင်ကြတာဘဲလေ။ဒါအပြစ်မှမဟုတ်တာ။တစ်ခုတော့ စဉ်းစားသင့် တာကတကယ်စစ်မှန်တဲ့အလှလား။ခဏတာအလှလားဆိုတာပါဘဲ။အလှတခုကြောင့် ဘ၀တခုပျက်စီးသွားမယ်ဆိုရင်မလှတာမှပိုကောင်းမယ်ထင်မိပါတယ်။ယောက်ျားလေးတွေအခုခေတ်ဝတ်ကြတာတချို့လဲကြည့် ကောင်းပါတယ်။တချို့ ကြတော့ လဲတည်ကြည်ခန့် ငြားမှုတွေဟာအ၀တ်အစားကြောင့် ရုပ်ဆိုးသွားတာလဲရှိပါတယ်။အလှတရားဟာလူတိုင်းမှာရှီပြီးသားပါ။အတုယူချင်တယ်ဆိုရင်တော့ ကိုယ့် အတွက်ကောင်းတာ၊ကိုယ့် အတွက်အကျိုးရှိတာဘဲအတုယူပြီး၊မကောင်းတာတွေကိုတော့ ဝေးဝေးကရှောင်သင့် ပါတယ်။.လူတိုင်းအတွက်အရေးကြီးဆုံးအရာဟာကိုယ့် အရည်အချင်းကိုယ်သိဖို့ နဲ့ကိုယ်မကျွမ်းကျင်တာကိုယ်မလုပ်သင့် တာကိုမလုပ်မိဖို့ ပါဘဲ။ ဖားတွေကိုတုပြီးခရုတွေလိုက်ခုန်နေရင်အိုင်ပျက်ရုံဘဲရှိသလိုမတူတာကိုမတုမိဖို့ နဲ့တုတိုင်းလဲမကောင်းနိုင်ဘူးဆိုတာကိုသတိထားဆင်ခြင်နိုင်တဲ့ခေတ်မှီတဲ့လူသားတွေဖြစ်နိုင်ကြပါစေ။

In: ဆောင်းပါး Posted By: Date: Dec 27, 2010
Comment #1

ဒီဆောင်းပါးလေးအတွက်…..ဂုဏ်ယူမိပါတယ်အမဖြူဖြူရေ……

commentinfo By: moehtetaung18 at Dec 27, 2010
Comment #2

Thanks for this post….we must obey.

commentinfo By: pannei at Dec 27, 2010
Comment #3

ဖြူအားလုံးကိုကျေးဇူးတင်ပါတယ်။

commentinfo By: phyuphyu at Dec 27, 2010
Comment #4

အမဖြူ အ၇မ်းကောင်းပါတယ်

commentinfo By: genius.jinx28 at Dec 27, 2010
Comment #5

Right!!!!!!!!!

commentinfo By: Demon 13 at Dec 27, 2010
Comment #6

အ၀တ်အစားဟာ သူများကို ၀တ်ပြတာမဟုတ်ပါဘူး။ ကိုယ့်အတွက် ကိုယ်ဝတ်တာပါ။ ဒါကြောင့် ကိုယ့်အ၀တ်အစားပေါ် ယုံကြည်မှုနဲ့ လုံခြုံမှုရှိရမယ်လို့ ဆိုချင်ပါတယ်။ တချို့မိန်းကလေးများ သူ့ဟာသူ ၀တ်ချင်ရာ ၀တ်လာပြီး ဟိုဟာဖိရတာနဲ့ ဒီဟာဖုံးရတာနဲ့တင် တော်တော် ရုပ်ဆိုးနေပါပြီ။ ဒါကြောင့် ကိုယ်ပိုင်စတိုင် ကိုယ်ပိုင်ဟန်နဲ့ ယုံကြည်မှုအပြည့်အ၀ ရှိကြပါစေလို့ လိပ်ပြာ အထွန့်တက်ပြီး comment လေး ရေးသွားတယ်နော် မဖြူ….

ကောင်းပါတယ်ဗျာ။။။ အားပေးနေမယ်နော်………

Comment #7

(တောင်ပံမဲ့ လိပ်ပြာ)
ပြောသလိုပဲ
ကျွန်တော်လည်း ကွန့်မက်ရေးသွားတယ်
ကောင်းပါတယ်ဗျာ
ဒီဆောင်းပါလေးကို ဖတ်လိုက်ရတော့
ကိုယ့်ကိုကိုယ်တောင် အားတတ်သွားတယ်

commentinfo By: မင်းခန့်သူ at Dec 28, 2010
Comment #8

ဒါနဲ့ စကားမစပ် ကိုမင်းခန့်သူက ဘာကို အားတက်ရတာတုန်းဗျ………….

Comment #9

ကောင်းတဲ့ post လေးပါပဲ အမဖြူ။ ဟုတ်ပါတယ် ခုခေတ်မှာမြင်နေရတာတွေကသိပ်တော့ မကောင်းလှပါဘူး။ ဒါပေမယ့် မိန်းမတွေ လည်း ယောက်ကျားတွေလိုအများတကာနဲ့ ရင်ဘောင်တန်းဖို့ဆိုရင် ရှည်လွန်းလှတဲ့ အ၀တ်အစားတွေက သိပ်အဆင်မပြေတော့ပါဘူး။ ဘောင်းဘီရှည်ကလွဲလို့ပေါ့လေ။ တိုလွန်းတော့လည်း သရုပ်ပျက်တာပေါ့။ အမဖြူရေးထားတာ ကောင်းပါတယ်။ အမဖြူကလောင်ရေးဖို့ မင်တစ်စက် အဖြစ် comment ရေးလိုက်တယ်နော်။

commentinfo By: Htoke Htoke at Dec 28, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment