Professional Authors

ရွှေမြန်မာ

ရွှေမြန်မာ
ဘာကြောင့် ရွှေမြန်မာလို့ ခေါ်တာလဲ?
တချို့တွေက သူများတွေ ခေါ်နေလို့သာ သူတို့ကိုယ်သူတို့ ရွှေရွှေနဲ့သာ ပြောနေကြတာ ဘာကြောင့် ရွှေလို့ ခေါ်ကြတာလဲ? ငါတို့က တကယ် ရွှေတွေမှ ဟုတ်ရဲ့လားလို့? စဉ်းစားကြည့်ကြမယ်လို့ မထင်ပါဘူး။
ကျွန်တော် သိရသလောက်ပြောရရင်တော့ ကျွန်တော်တို့ မြန်မာတွေကို ရွှေတွေလို့ ခေါ်ရတဲ့အကြောင်းရင်းက အရင်တုန်းက နိုင်ငံရပ်ခြားမှာ အလုပ်လုပ်တဲ့ မြန်မာလုပ်သားတွေဟာ အရမ်းကို အရည်အချင်းပြည့်မှီကြတယ်၊ လူတော်တွေများတယ်ပေါ့လေ ဒါကြောင့် အလုပ်ရှင်တစ်ယောက်ဟာ မြန်မာလုပ်သားတစ်ယောက်ကို ရလိုက်ရင် ရွှေလိုပဲ တန်ဖိုးရှိလို့ ရွှေလို့ တင်စားခေါ်ဝေါ်ခဲ့ကြတာပါ။
ခု ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့ မြန်မာတွေကို အရည်အချင်းမရှိဘူးလို့ ပြောနေတာမဟုတ်ပါဘူး။ အရည်အချင်းရှိကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ ရွှေတော့ မဟုတ်တော့ဘူး။ ကော်တွေ ဖြစ်နေကြပြီ။
ဘာလို့လဲ???
နိုင်ငံရပ်ခြားမှာ ရရာလခနဲ့ ၀င်လုပ်တာတွေကိုတော့ ကျွန်တော် မပြောတော့ဘူး။ ကျွန်တော်တို့ နိုင်ငံအုပ်ချုပ်သူတွေက အသုံးမှ မကျတာ၊ ကိုယ်စီကိုယ်စီ အိမ်တွင်းရေး အခြေအနေတွေကို ကျွန်တော်တို့မှ မမြင်နိုင်တာဘဲလေ။
ကျွန်တော် တော်တော်ရွံပြီး တော်တော် အထင်သေးတဲ့ ကိစ္စတစ်ခုရှိတော့ အဲဒါကတော့ ကိုယ့်ကိုယ်ကိုယ် မြန်မာလို့ အထင်ခံရမှာ ရှက်နေတဲ့ သူတွေကိုပါဘဲ။ တော်တော်ရွံ့ဖို့ ကောင်းတဲ့သူတွေပဲ။
နိုင်ငံခြားရောက်လို့ ရွှိုင်းနင်းဂွိုင်းနင်း လုပ်လိုက်တာနဲ့ပဲ ငပိစားတဲ့ မြန်မာရုပ်တွေက ပျောက်ရောလား?
မြန်မာနိုင်ငံသာ လွတ်လပ်ရေးရပြီး ကောင်းသတင်းတွေ ထွက်ကြည့်ပါလား ဒင်းတို့တွေ ငါတို့က ရွှေတွေဆိုပြီး
သူများတွေထက် ပိုဂုဏ်ယူကြဦးမှာ။ သူများနိုင်ငံသားတွေကို အထင်ကြီးတွယ်ကပ်နေလို့ ကော်လို့ ပြောချင်တာပါ။ လူနည်းစုကို ပြောချင်တာပါ။ လူများစုကတော့ ကျွန်တော့်လို လူမျိုးတွေလို့ ထင်တာပဲလေ။
ကျွန်တော်ကတော့ ကျွန်တော့်ကို ကြည့်လိုက်ရင် မြန်မာမှန်းသိအောင် တစ်ခုခုတော့ ဆောင်ထားတယ်။ ကျွန်တော် မြန်မာဖြစ်ရတာ ဂုဏ်ယူတယ်။ ဒီလောက် အသုံးမကျတဲ့ စစ်အစိုးရရဲ့ အုပ်ချုပ်မှုနဲ့တောင်မှ ငါတို့ ရင်ဘောင်တန်းနိုင်တယ်ဆိုပြီး ပိုဂုဏ်ယူတယ်။ လက်ရှိ နိုင်ငံခြားသားတွေကို သနားတယ် ဘာလို့လဲ ဒင်းတို့တွေ မြန်မာပြည်အစိုးရနဲ့ တွေ့ရင် တော်တော် သနားစရာကောင်းမှာပဲလို့ဆိုပြီး သဘောထားတယ်။ ရယ်စရာတော့ ကောင်းသားနော်. . .
ကျွန်တော့်အဖွားပြောဖူးတဲ့ စကားပုံလေးတစ်ခုတော့ရှိတယ် “လက်သမားတစ်ယောက်က သူအသုံးမကျရင် အသုံးမကျဘူးလို့ မပြောဘူးတဲ့ ဆောက်က မကောင်းလို့ တူက မကောင်းလို့” ဆိုပြီး အပြစ်တင်တတ်တယ်တဲ့ ကျွန်တော်လည်း အဲလို ဖြစ်နေပြီလား မပြောတတ်တော့ပါဘူးဗျာ။
အင်း ဒါနဲ့ ဆက်ပြောပြရဦးမယ် ကျွန်တော် ခုတစ်လော ဆောင်းပါးတွေ သိပ်မရေးဖြစ်တာလဲ ဒီရွှေမြန်မာ တစ်ယောက်ကြောင့်ပါပဲဗျာ။  အေးအေးချမ်းချမ်း ဒီနေရာလေးမှာ ကိုယ့်ခံစားချက်တွေ ထင်မြင်ချက်တွေ ချရေးပြီး အားလုံးနဲ့အတူ ခံစားချက်တွေ မျှဝေပါတယ်ဆိုမှ ဘသားချောတစ်ယောက်က copy ကူးပြီး ဒီနေရာလေးမှာပဲ နာမည်လေးပြောင်းပြီး တင်လိုက်တယ် ကျွန်တော်ရေးထားတဲ့ ဆောင်းပါးကို ပြောပါတယ်။ ရွှေတွေ လုပ်ပုံ။ အလကားရနေတဲ့ နေရာမှာတောင်မှ လူလည် လုပ်ချင်သေးတယ်။
ပထမတော့ ကျွန်တော် စိတ်ကသိကအောက်ဖြစ်သွားတယ်။ နောက်တော့မှ သြော် . . ထားပါတော့လေလို့။ ရွှေမြန်မာ အချင်းချင်းပဲဟာ။ အမေစု ပြောသလိုပေါ့ ဘာတွေပဲ ပြောင်းလဲ ပြောင်းလဲ တကယ့်အမှန်တရားနဲ့ မိမိ ယုံကြည်ချက်ကိုတော့ ဘယ်အရာမှ ပြောင်းလဲလို့ မရဘူး ဆိုသလိုပေါ့။
ကျွန်တော် အဲလို ဖြစ်သွားတဲ့ ခံစားချက်ကို ခု ပြန်တွေးကြည့်တဲ့အခါမှာ ရှက်မိတယ်။ ငါ တော်တော် လိုသေးတာပဲလို့။ ပြီးတော့ ကျွန်တော်အပါအ၀င် ကျွန်တော်တို့ရွှေတွေအားလုံး စိတ်ဓါတ်ရဲ့ ကြံ့ခိုင်မှုနဲ့ ယုံကြည်ချက်ကို တော်တော်လေး ပြောင်းလဲရဦးမှာလို့ပေါ့။

(26-11-2010)
လိပ်ပြာ

Comment #1

တို့မြန်မာ………….။ရွှေမြန်မာ ပါပဲ

commentinfo By: အောင်ရဲသူ at Jul 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment