Professional Authors

တာဝန်

ခု ကျွန်တော် ဒီဆောင်းပါးလေးကို ရေးဖြစ်တာက ကျွန်တော် ဒီရက်ပိုင်းလေးတွေမှာ လူတော်တော်များများ တာဝန်မဲ့တဲ့ လုပ်ဆောင်မှုလေးတွေကို သတိထားမိလို့ပါဘဲ . . . တော်တော်ဆိုးတယ်ဗျာ ခု လက်ရှိ အခြေအနေက လူတွေ တာဝန်မဲ့ ကုန်ပြီ
တာဝန်မဲ့တာဟာ အသိစိတ်ဓါတ်တွေ မရှိတော့တာနဲ့ အတူတူပါဘဲ . . . တာဝန်ဆိုတာက လူသားတိုင်း ကျေပွန်သင့်တယ်လို့ ထင်တယ် . . တာဝန်တွေ အပြန်အလှန်ထားမှလည်း အပေးအယူတည့်မှာပေါ့ ကိုယ့်အလုပ်ကိုယ်လုပ်ပြီးဖို့ အရေးကြီးတယ်
တခြားဘာမှ အရေးမကြီးဘူးဆိုတဲ့ သူတွေ အတွက် ကိုယ့်အတွေးနဲ့ကိုယ်မှန်ချင်မှန်မယ် ဒါပေမယ့် ဘေးနားမှာ ကိုယ့်ရဲ့ လစ်ဟင်းမှုတွေကို မသိမသာ ဖြေရှင်းလိုက်ရတဲ့ လူတစ်ယောက်အတွက် အနည်းနဲ့အများ စေတနာယုတ်လျော့မှုတွေ
တာဝန်မဲ့မှုတွေကို ယဉ်ပါးသွားအောင် လုပ်ပေးလိုက်သလို ဖြစ်သွားမယ်ဆိုရင် မကောင်းတော့ဘူး ထင်တယ်နော်..

တာဝန်ဆိုတာ ကိုယ်လုပ်တဲ့ ကိစ္စတစ်ခုကို အစကနေ လုံးဝ အပြီးသတ်သွားတဲ့အထိ တာဝန်ယူရတယ် . . ငါ့အပိုင်းပြီးရင်
ပြီးရော ကျန်တာ ငါနဲ့မဆိုင်ဘူးလို့ သဘောထားလို့မရဘူး . . ဒါမှလည်း ကိစ္စတိုင်းကို သေသေချာချာ ချုံငုံမြင်နိုင်မယ် သုံးသပ်နိုင်မယ် အလုပ်ကိစ္စကို အမှန်တကယ် ပြီးမြောက်ခြင်းမည်မယ်။ ဒီခေတ်လူငယ်ပိုင်းတွေမှာ တာဝန်မဲ့မှုတွေ ပိုများလာတာကို မြင်ရတယ် . . . အားလုံးကို မဆိုလိုပါဘူး .. . မျိုးဆက်သစ်တွေ တော်တော်ပျက်ပြားလာတယ် ဆိုတာကိုတော့ သတိထားမိတဲ့ အထိပေါ့ မျိုးဆက်သစ်ဆိုတာ ခု 21 ရာစုမှာ အသက်ရှင်နေထိုင်တဲ့သူတော်တော်များများ အကျုံးဝင်တယ်လို့ ထင်တယ် .

တာဝန်မဲ့မှု အသိစိတ်ဓါတ်မဲ့မှုဟာ မိမိရဲ့ အချိန်အပိုင်းအစတစ်ခုအထိ ကောင်းချင်ကောင်းလိမ့်မယ် ဒါပေမယ့် ဘ၀တစ်ခုလုံးနဲ့
လူ့ပတ်ဝန်းကျင်အတွက် မကောင်းဘူး ဒါဟာ အမှိုက်တစ်စပါဘဲ အညစ်အကြေးတစ်ခုပါဘဲ တာဝန်မဲ့သူတစ်ယောက်ကို အမှိုက်နဲ့ နှိုင်းရတာက ဒီလူဟာ အချိန်တစ်ခုအတွက် အသုံးဝင်ချင်ဝင်လိမ့်မယ် ဒါပေမယ့် မလိုအပ်တော့ရင် လမ်းဘေးရောက်သွားမှာဘဲ ဘယ်သူမှ သူ့ကို မလိုချင်ကြဘူး . . အမှိုက်တစ်စလိုဘဲ အသုံးမ၀င်ဘူး. . . သူ့ရဲ့ မိသားစု နဲ့ လူ့ပတ်ဝန်းကျင်တစ်ခုလုံးမှာ သူက အမှိုက်တစ်စဘဲ . . တာဝန်ဆိုတာ ဘာလဲ ??? . . ဘယ်လို မွေးမြူရမှာလဲ??? . . .အဲလိုမေးလာခဲ့တယ်ဆိုရင် ကိုယ်ချင်းစာစိတ်နဲ့ မွေးမြူပါလို့ အကြံဥာဏ်ပေးချင်ပါတယ်။

ငါ ဒီတစ်ခု လုပ်လိုက်ရင် တခြား ဘယ်သူထိခိုက်နိုင်လဲ၊ ငါသာ သူ့နေရာမှာဆို ဘယ်လိုများ ခံစားရမလဲ၊ ငါကော လက်ခံနိုင်ရဲ့လား အစသဖြင့်ပေါ့လေ ငါဆိုတဲ့ ဘက်ကနေ ဦးစားပေးစဉ်းစားပေးရင် ပိုကောင်းလိမ့်မယ် . . ကိုယ်မကြိုက်တာကို ကိုကိုယ်တိုင် မလုပ်တာဟာ အကောင်းဆုံးပါဘဲ . . .ပြီးတော့ အဲလိုလေး စဉ်းစားပေးတဲ့အတွက် မတရားမှုတွေကို လျော့နည်းအောင် လုပ်ပေးရာလည်း ရောက်ပါတယ် . . အနည်းဆုံးတော့ ကိုယ့်လိပ်ပြာ ကိုယ်သန့်တယ်လို့ ထင်တယ် . . လိပ်ပြာသန့်မှလည်း
ကိုယ့်ကိုကိုယ်ယုံကြည်မှုလည်း ကောင်းမယ်၊ အမှားလည်း ကင်းမယ် ဒါမှ ကိုယ့်လမ်းကို ရှင်းရှင်းလင်းလင်းလျှောက်နိုင်မယ် . . လမ်းတွေက အများကြီးရှိတယ် လျှောက်လည်း လျှောက်ဖို့လိုအပ်တယ်… လူတိုင်း လျှောက်ရမှာဘဲ . . ယုံကြည်မှုရှိတဲ့သူကတော့ မြန်မြန်နဲ့ မှန်မှန်လျှောက်နိုင်မယ် . . ဒါလောက်ပါဘဲ
ပြောရင်တော့ အများကြီးပေါ့နော် ဒါပေမယ့် ကျွန်တော် အတိုချုံးဘဲ ပြောလိုက်တော့မယ် . . . တာဝန်နဲ့ ၀တ္တရားလေးတွေကို တတ်နိုင်သလောက် ထမ်းဆောင်ကြပါလို့ ပြောချင်တာပါဘဲ ဆုတ်ယုတ်မှုတွေ ရှေ့ရှုမလာစေချင်ဘူး တိုးတက်မှုတွေကိုဘဲ ကျွန်တော်တို့အားလုံး တောင့်တကြတာပါ . . လုပ်ကြည့်ရအောင်ဗျာ နော် …

(8-11-2010)
လိပ်ပြာ

Comment #1

Yes Sir, I support your responsibility. It can be advice me what i need to do

commentinfo By: phoe kyaw at Nov 9, 2010
Comment #2

လူတွေက သတိမမူမိတဲ့ ကိစ္စလေးတွေ ရှိတတ်ကြတယ်။ မဆိုးပါဘူး၊ ဖြစ်တတ်တာလေးတွေကို ရေးထားတာပဲ။ ဘယ်လိုပြောပြော ဒီဆောင်းပါးလေးကို ဖတ်လိုက်ရတော့ အသိတစ်ချက်ဝင်သွားတာတော့ အမှန်ဘဲ။ မဆိုးပါဘူး၊ ဆက်ကြိုးစားပါ။

commentinfo By: မြင့်မြတ် at Nov 19, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment