Professional Authors

လူ . . .

လူ…….
လူဆိုတဲ့ လူတွေဟာ ကိစ္စတွေ အများကြီးကို တစ်စုတစ်စည်းတည်း လုပ်လေ့ရှိတယ်…. တစ်ခါတစ်ရံမှာ လိုတာထက်ပို အားထုတ်ကြပြီး တစ်ခါတစ်ရံမှာ လစ်ဟင်းမှုတွေ ပြုလုပ်တတ်ကြတယ်…
တစ်ယောက်နဲ့ တစ်ယောက် ခံစားချက်ခြင်း တူဖို့ဆိုတာကလည်း မလွယ်ကူပါဘူး………..

မိမိကို နားအလည်ဆုံး လူဟာလည်း မိမိကိုယ်တိုင်ပါဘဲ .. .
တခြားတစ်ယောက်က ဘယ်လိုဘဲ နားလည်ပါတယ် ပြောပြော . . . ရင်ထဲက ခံစားရတဲ့ တကယ့်အစစ်အမှန်တရားကိုတော့
မြင်ချင်မှ မြင်ကြမှာပါ . . . တစ်ခါတစ်ရံ မိမိကိုယ်တိုင်ရဲ့ ဘာလုပ်လိုက်မှန်း မသိတာတွေတောင် ရှိတယ်….
အံ့သြစရာပါဘဲ . . .

ဒီကမ္ဘာလောကကြီးတည်တံ့စေဖို့အတွက် လူပေါင်းစုံ စိတ်ပေါင်းစုံ ရှိဖို့ လိုအပ်တယ် . . . လူတွေက ဇာတ်ခုံပေါ်မှာ ဘက်ပေါင်းစုံ
ထောင့်ပေါင်းစုံက သူ့နေရာနဲ့ သူ ကပြ အသုံးတော်ခံရတယ် . . .

ဒါကြောင့် ဒီလောကကြီးမှာ ကောင်းတဲ့သူတွေ ရှိဖို့ လိုအပ်သလို၊ ဆိုးတဲ့သူတွေ ရှိဖို့ လိုအပ်တယ်….. လက်လုပ်လက်စားတွေလည်း ရှိရမယ်၊ သူဋ္ဌေးတွေလည်း ရှိရမယ်။ ဒါမှလည်း ဇာတ်က မြိုင်မယ်လေ။

မိမိရဲ့ ဇာတ်ကွက်ကို မိမိကိုယ်တိုင်ဘဲ ရွေးချယ်ကြရတာဘဲ . . . ဘယ်သူမှ ရွေးချယ်ပေးလို့မရပါဘူး။

တစ်ခါတစ်ရံ လူတွေရဲ့ စိတ်ဟာ ဖောက်ပြန်ပျက်စီးတတ်ကြတယ် . . . ဒါကြောင့် မြတ်စွာဘုရားကလည်း ဟောထားတယ် . .
စိတ်ကို ထိန်းကျောင်းရတာ အခက်အခဲဆုံး အလုပ်လို့ . . . .

စိတ်ကို ထိန်းနိုင်တဲ့သူဟာ အောင်မြင်ကြတယ်လို့ ဆိုတယ် . . . ဘ၀မှာ အခက်အခဲဆုံး အရာတစ်ခုကို ထိန်းနိုင်မှတော့..
လူတိုင်း လုပ်နိုင်တဲ့ အောင်မြင်မှုဆိုတာကို ရယူရတာ သိပ်မခဲယဉ်းဘူးဆိုတာ သဘာဝကျပါတယ်…

စကားလေးတစ်ခွန်းကြားဖူးတယ် . . . လူတွေဟာ တစ်ယောက်တည်းနေရင် ရိုးသားကြတယ်တဲ့ . . အများနဲ့ ပေါင်းစပ်လိုက်ရင်
တော့ မရိုးသားကြဘူးတဲ့ . . . ဟုတ်နိုင်ပါတယ် ဘာလို့လဲဆိုတော့ လူတွေနဲ့ဆက်ဆံမှသာ လောဘ၊ ဒေါသ၊ မောဟတွေ ပေါက်ဖွား
လာတတ်ကြတယ် . . .
ကိုယ့်ကိုကိုယ် ပြန်သုံးသပ်ကြည့်ရင်တော့ ကိုယ့်ရဲ့ အမှားတရားတွေ ပေါ်လာမှာပါ . . . မညှာမတာ သုံးသပ်ဖို့တော့ လိုတယ် . . .
ကိုယ့်အကြောင်း ကိုယ်သာလျှင် အသိဆုံးမို့ သုံးသပ်ကြည့်စေချင်တယ် . . .

လူတိုင်းကတော့ အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် ကိုယ်မှန်တယ် ထင်လို့ လုပ်ကြတာချည်းဘဲ . .. ဘယ်သူမှ မှားတာ မဖြစ်ချင်ကြဘူး . . . ကိုယ့်အတွက်တော့ အကောင်းဆုံးတော့ လုပ်ချင်ကြတဲ့ လူချည်းပါဘဲ . . . အဆိုးကို ဘယ်သူမှ
မလိုလားကြပါဘူး . . .ဒါကြောင့် သူများတွေ မှားယွင်း ကျရှုံးနေချိန်မှာ အတတ်နိုင်ဆုံး နားလည်ပေးသင့်တယ် . ..

အပြစ်မတင်သင့်ဘူး .. . ဘာလို့လဲဆိုတော့ ကိုယ်ကိုယ်တိုင်လည်း အချိန်မရွေး အမှားတွေ ကျူးလွန်နိုင်တဲ့
လူတစ်ယောက်ဖြစ်နေလို့ပါဘဲ….

အလုပ်ကြီးတစ်ခုကို လုပ်ကိုင်မယ်ဆိုတဲ့ လူတစ်ယောက်ရဲ့ အဓိက သော့ချက်ကတော့ သူ့ရဲ့ လူတွေအပေါ်မှာ
ထားရှိတဲ့ နားလည်မှုပါဘဲ။ တစ်ဖက်လူရဲ့ ရင်တွင်းခံစားချက်ကို မျှဝေနိုင်လေ သူ့အပေါ်ကို လွှမ်းမိုးနိုင်လေလို့
ပြောရင်တော့ မမှားပါဘူး။

ပြီးတော့ အမြဲမပြတ် ကြိုးစားအားထုတ်နေဖို့ လိုပါတယ်. .. တစ်ချို့က ပြောတတ်ကြတယ် ကြိုးစားတာဘဲကွာ
အရာမထင်ပါဘူး . . . ကံမကောင်းပါဘူးလို့ ပြောတတ်ကြတယ် . . .ဒါဟာ မှားတယ် . . .ဒါက ကိုယ့်အပြစ်ကို
တနည်းအားဖြင့် ဖုံးကွယ်လိုက်တာပါ. .. လူတိုင်းဆီကို အခွင့်အရေးက ကြိုတင်အကြောင်းမကြားဘဲ လာတတ်ပါတယ်
ဒါပေမယ့် မကိုက်ညီတာ အကြောင်းကြောင်းကြောင့် လွဲချော်သွားတာတွေ ရှိလို့ ဘယ်လောက်ဘဲ ကောင်းတဲ့
အခွင့်အရေးဘဲ ဖြစ်ဖြစ် လက်လွှတ် ဆုံးရှုံးလိုက်ရတာတွေ များနေကြတာပါ.

တစ်ခါတုန်းက သတင်းထောက်တစ်ယောက်ဟာ သူဋ္ဌေးကြီးတစ်ယောက်ကို မေးခွန်းတစ်ခု မေးခဲ့တယ် သူဋ္ဌေးကြီးဘာကြောင့်
ဒီလောက် ချမ်းသာရတာလဲလို့ . . .သူဋ္ဌေးက ပြန်ဖြေတယ် ကျုပ်အမြဲတမ်းခုန်နေတယ်တဲ့ . . . ကျွန်တော်တို့လဲ
အမြဲတမ်း ခုန်သင့်တယ်လို့ ထင်တယ် . . . ဆီပြတ်နေတဲ့ကားတစ်စီးလိုပေါ့ ကားမှာ ဆီမရှိလို့ဆိုပြီး ဒီတိုင်းပစ်ထားလို့မရပါဘူး

ပြင်ပေးဆင်ပေးရမယ် ဒါမှ ဓါတ်ဆီလာရင် တစ်ခါတည်းထည့် မောင်းထွက်သွားလို့ရမယ် . . .ကိုယ်က ဒီအတိုင်းပစ်ထားပြီး . . .
အခွင့်အရေးလာတော့မှ ချက်ချင်းဆီထိုး ချက်ချင်းထွက်ဆိုရင် ဘယ်ဖြစ်နိုင်မှာလဲ တစ်ခုမဟုတ် တစ်ခုတော့ စိတ်အနှောင့်အယှက်
ဖြစ်ကြရမှာဘဲ . . .ကံကောင်းတဲ့ သူကတော့ ဖွတ်ချက် ဖွတ်ချက် ထွက်သွားနိုင်ပေမယ့်၊ ကံမကောင်းတဲ့သူကတော့ ဒီအတိုင်း
လက်ပိုက်ကြည့်ဖို့ဘဲ ရှိတော့တယ် . . ဒါကလည်း ကိုယ်ရွေးချယ်တဲ့ လမ်းပါဘဲ . . .

ဒီနေ့ခေတ် ကျွန်တော်တို့ လူပတ်ဝန်းကျင်မှာ လူငယ်တိုင်းလိုလို ကြိုးစားနေကြတာ အမှန်တော့ ကျေနပ်စရာပါ . . .အတတ်နိုင်ဆုံး
ကိုယ်တတ်နိုင်တဲ့ဘက်က ကိုယ်ကျရာတာဝန်ကို ထမ်းဆောင်နေကြတယ် . . . လေတဲ့သူ အနည်းစုတော့ ရှိတာပေါ့လေ.. ဒါကတော့
ထည့် မပြောတော့ပါဘူး။ အဲ… အဲဒီမှာ ကျွန်တော် တစ်ခု ပြောချင်တာကတော့ လူတွေက ကြိုးစားကြပါတယ် ဒါပေမယ့် စိတ်ဓါတ်တွေ က အောက်ဆုံးကို ထိုးဆင်းနေကြတာတွေလည်း ရှိတယ် . . . လောဘ၊ ဒေါသ၊ အလိုရမ္မက်တွေလည်း ကြီးထွားလာတယ်။ တကယ်ဝေဖန်ရရင်တော့ လူမပီသတော့တာ… လူဆိုတာ ကိုယ့်ကိုယ်ကိုယ် အမြဲကြပ်မတ်ပေးဖို့ လိုအပ်တယ်…

လူ့တာဝန်ကို ကျေပွန်နိုင်ရမယ်၊ နိုင်ငံကြီးသား ပီသရမယ်၊ မျိုးချစ်စိတ်ဓါတ်ရှိရမယ် … အစရှိသဖြင့်ပေါ့လေ..

ကျွန်တော်တို့ လူ့ဘ၀မှာ လုပ်စရာတွေ အများကြီးပါဘဲ ကိုယ့်ရဲ့ သက်တမ်းကို ပိုင်းခြားသတ်မှတ်ပြီး သူ့အစီအစဉ်နဲ့ လုပ်ရမယ်…

ဒါမှလည်း လူပီသမှာပေါ့ (လူ ဖြစ်ချင်တဲ့ သူတွေ အတွက်ဘဲ ရည်ရွယ်တာပါ အမှားပါရင် ခွင့်လွှတ်ပါ)

ဘာမဟုတ်တဲ့ ကိစ္စ္စ္စ္စတွေနဲ့ အချိန်မဖြုန်းသင့်ပြီး . . . အဲ . . .နိုင်ငံကြီးသား ပီသရမယ်၊ မျိုးချစ်စိတ်ဓါတ်ရှိရမယ်ဆိုတာလေး
တစ်ခုလောက် ပြောချင်တယ် ဒီမှာ အဲဒါက မိန်းကလေးတွေကို အဓိက ရည်ညွှန်းပြောချင်တယ် . ..

မိန်းကလေးများ လူမျိုးခြားဆိုတာနဲ့ စွပ်စပ်အထင်ကြီးတာဘဲ၊ အမှန်တော့ လူဆိုတာ အတူတူပါဘဲ . . .သူ့ဟာသူ နိုင်ငံကောင်း၊
အခြေအနေကောင်းမှာ မွေးဖွားလာလို့ နိုင်ငံရဲ့ အခြေအနေကြောင့် အထင်ကြီးစရာဖြစ်နေလည်းစိတ်သဘော
ထား လုပ်ပုံကိုင်ပုံက အားလုံးအတူတူပါဘဲ . . . တော်တဲ့သူတွေလည်း ရှိပါတယ် မရှိဘူးလို့ မပြောပါဘူး . . . ဒါပေမယ့်
အမျိုးဂုဏ်လေးတော့ စောင့်ထိန်းသင့်တယ်လို့ ထင်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေက အစစအရာရာ ဘာမှ ပြည့်စုံမှုမရှိပါဘူး၊ ပညာရေးမှာရော စီးပွားရေးမှာပါ
ကိုယ့်အားကိုယ်ကိုး ကြိုးစားကြရတာပါ။ ဒီလို လူမျိုးတွေက နိုင်ငံတကာ ရင်ဘောင်တန်းနိုင်တယ်ဆိုတာ
လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ တကယ်လို့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အမေရိကန်လို နိုင်ငံမျိုးဆိုရင်တော့
ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေကို စူပါနိုင်ငံသားလို့တောင် ခေါ်လို့ရနိုင်ပါတယ်။ ဒါပေမယ့် စိတ်ဓါတ်လေးတွေတော့
ပြုပြင်ဖို့ လိုအပ်ကြပါတယ်။(စိတ်ဓါတ်ကတော့ သိပ်မကောင်းကြပါဘူး။)

အဲလိုရေးလို့ တစ်မျိုးလည်း မထင်ပါနဲ့ ကျွန်တော်လည်း မြန်မာနိုင်ငံသားတစ်ယောက်ပါ။ ကျွန်တော်က လူသားဆန်ရတာကို
ကြိုက်တယ် လူတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်တွေကို မြတ်နိုးတယ်၊ အလေးအနက်လဲ ထားတယ်….. လိုချင်တာတွေ ရှိသလို
ပြန်ပေးဆပ်ရတာတွေလည်း ရှိမယ် အခြေအနေအကြောင်းကြောင်းကြောင့် နိုင်ငံခြားမှာ အလုပ်လုပ်နေရပေမယ့် …
မျိုးချစ်စိတ်ဓါတ်က ရင်ထဲမှာ အမြဲကိန်းအောင်းနေတာပါ။ လူငယ်အများစုလည်း ကျွန်တော်လိုဘဲလို့ ထင်ပါတယ်။

လူဖြစ်လာပြီဆိုကတည်းက နိုင်ငံရေး၊ စီးပွားရေး၊ လူမှု့ရေးတွေကို သူ့အပိုင်းအလိုက် လေ့လာထားသင့်တယ်။ ဒါမှလည်း
တရားမှု မတရားမှုတွေကို ဝေဖန်ပိုင်းခြားနိုင်မယ်။ ဘာမှ မသိဘူး ပိုက်ဆံရှာမယ် စားမယ် သောက်မယ် ပျော်မယ် ဆိုရင်
လူမဟုတ်တော့ဘူး ကိုယ့်ဟာကိုယ်သာ စဉ်းစားကြည့်တော့ လူဖြစ်လာရတာ ဒါတွေ လုပ်ဖို့လားဆိုတာ . . .

ဒါလုပ်ဖို့ လူဖြစ်လာတယ်ဆိုရင်တော့ . . . ကိုယ်က ဘာအကောင်ဖြစ်သွားပြီလဲဆိုတာ စဉ်းစားကြည့်ပါ..

ဒီလောက သာယာချမ်းမြေ့စေဖို့ လူသားတိုင်းမှာ တာဝန်ရှိပါတယ် . . . ငါနဲ့ မဆိုင်ပါဘူး သူ့ဟာသူ ဘာဖြစ်ဖြစ်
ငါ အဆင်ပြေရင်ပြီးတာဘဲဆိုတဲ့ သူတွေဟာ ကိုယ့်ဟာကိုယ်ဘဲ လူမဟုတ်ကြောင်း သတ်မှတ်လိုက်တာပါ….
ဘယ်သူမှ သတ်မှတ်မပေးပါဘူး။

ိကိုယ့်ရဲ့အမျိုးဂုဏ်ဇာတိဂုဏ်ကို ထိန်းသိမ်းဖို့လိုအပ်ပါတယ်။ နိုင်ငံအုပ်ချုပ်သူတွေမကောင်းလို့ မြန်မာနိုင်ငံသားတွေကို နိုင်ငံတကာ အနှိမ်ခံနေတဲ့ကြားက မြန်မာတွေ လုပ်ပေါက်နဲ့ဆိုတော့ ပိုပြီး အထင်အသေးခံရပြီပေါ့။

တစ်ချို့ မြန်မာတွေ ရှိသေးတယ် ငါ လုပ်တာ ဘယ်သူမှ မသိဘူးဆိုပြီး လုပ်ချင်တာလုပ်တယ် နာမည်ပျက်တော့ မြန်မာအားလုံးက
ခံရတယ် ဒင်းနာမည်ကို ဘယ်သူမှ မမှတ်ထားဘူး၊ နောက်ဆုံး အပြစ်တင်ခံရတာ မြန်မာဘဲ၊ ဒါကြောင့် ကိစ္စတစ်ခုလုပ်တော့မယ်
ဆိုရင် ငါ တစ်ခုခုလုပ်ရင် ငါ့အမျိုးတွေ အပြစ်တင်ခံရတော့မှာပါလား တွေးပေးပါလား၊ ပြောသာ ပြောရပါတယ် စဉ်းစားမိမယ်လို့
ထင်တော့ မထင်ပါဘူး။

တော်ပြီဗျာ ကျွန်တော်ပြောချင်တာကတော့ နိုင်ငံကိုချစ်ပါ၊ အမျိုးကိုစောင့်ထိန်းပါ၊ မိန်းကလေးတွေကို အဓိက မှာချင်တာကတော့
မြန်မာနိုင်ငံသားတွေကို ချစ်ပါ . . . အထင်ကြီးစရာ မရှိလို့ မချစ်နိုင်ဘူးဆိုတဲ့ မမ များကလည်း သေသေချာချာ စဉ်းစားကြပါ။
လူဆိုတာ အားလုံးကောင်းတာချည်းဘဲ မရှိသလို ဆိုးတာချည်းဘဲလဲ မရှိပါဘူး . . .

ဘာဘဲဖြစ်ဖြစ် သေသေချာချာ စဉ်းစား ကြပါလို့ ပြောချင်ပါတယ် ခင်ဗျာ…….

 

(28-10-2010)

ကျွန်တော်စိတ်ထဲကနေ ဖြစ်ပေါ်လာတာကို ရေးလိုက်တဲ့ စာများမှာ အမှားများပါခဲ့ရင် ခွင့်လွှတ်ပေးကြပါ ခင်ဗျာ

ကျွန်တော်မှာ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ရေးလိုခြင်းမဟုတ်ပါဘူး ကောင်းစေချင်တဲ့ ဆန္ဒတစ်ခုတည်းနဲ့မို့ပါ..

 

ကျေးဇူးတင်ပါသည်

လိပ်ပြာ

Comment #1

nyimalay…..very good..

commentinfo By: moehtetarrkar1 at Nov 4, 2010
Comment #2

သူငယ်ချင်း ဒီလို အကြံဥာဏ်ပေးတာကို ကျေးဇူးတင်ပါတယ် . . နောက်တစ်ခါလည်း အလျဉ်းသင့်သလို အကြံဥာဏ်များပေးပါ ခင်ဗျာ . . .

ကျေးဇူးတင်ပါတယ် ခင်ဗျာ
လိပ်ပြာ

commentinfo By: butterfly at Nov 5, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment