Professional Authors

ဒို့ဗမာ

စာေ၇းချင်တာတော့ ဘယ်ကစေ၇း၇မှန်းမသိပါ.ကျေးဇူးပြုပြီးသည်းခံ ဖတ်ပေးပါ.ပြောချင်တဲ့ အကြောင်း၇ာက အဓိကက ပြည်ပေ၇ာက်မြန်မာ မိန်းကလေးတွေ၇ဲ့ ဝတ်စားဆင်ယင်မှုနဲ့ မြန်မာယဉ်ကျေးမှုပါ…လူကြီးသူမများ အဆို၇    မြန်မာ့ယဉ်ကျေးမှုအ၀တ်စားက သဘာဝကပေးထားတဲ့ အစိတ်ပိုင်းအ၇ အ၇ှက်ကြောက်တ၇ားနဲ့ အညီ ဖုံးကွယ်၇န် အမျိုးသမီးများက ထဘီသုံးလွှာ ဖုံးပါတယ်။အမျိုးသားဆို၇င် အရှေ့ ဖက်မှာ အထုံးပြုလုပ်ပြီးဝတ်ပါတယ်.ဒါက မြန်မာတွေ၇ဲ့ ချစ်စ၇ာ့ယဉ်ကျေးမှုပါ.ယနေ့ ခေတ် ကျွန်တော်တို့ မြင်နေ၇သော မြန်မာ မိန်းကလေးများ၇ဲ့ ဝတ်ပုံလေး..

ဥပမာ စင်္ကာပူေ၇ာက် မြန်မာမိန်းကလေး အများစုမှာ ပေါင်တ၀က် ဘောင်းဘီအတို များမ၀တ်၇င်တောင် ခေတ်မမှီနိုင်သလိုလို နှင့် မြင်မြင်သမျှ အဖွေးသား အညိုသား စုံလ့ိုပါပဲ..ထိုမြန်မာမိန်းကလေးများ မြန်မာပြည် ပြန်ေ၇ာက်၇င် ဘယ်လို ဘယ်ပုံ ၀တ်ကြမှာပါလိမ့် စဉ်းစား၇င်း ၇င်လေးမိပါတယ်..

နောင်၁၀နှစ်အကြာ မြန်မာပြည် ယဉ်ကျေးမှုအတွက်စဉ်းစားစ၇ာပါ။ဒါတွေကိုပြုပြင်ဖို့ ဆိုတာ လူတစ်ယောက်ချင်းစီ၇ဲ့ concept ပေါ်မှာ မူတည်ပါတယ်..ငါ့ရဲ့ ဖော်ပြပါ နေ၇ာတွေကို လမ်းတကာလူတွေ ကြည့်နေတာ ငါကျေနပ်တယ်..အင်းအဲလိုဆိုလဲ ဆက်ပြပေါ့ဗျာ စိတ်ချမ်းသာဖို့ က အေ၇းကြီးတယ်မဟုတ်လား.အင်း ..ပြော၇င်းပြော၇င်း ဘယ်တောင်ေ၇ာက်ကုန်ပါလိမ့်………..တော်ကာမှပဲ။

(မေ၇းတတ်ေ၇းတတ်နဲ့ေ၇းထားခြင်းပါ မှားတာရှိက ၀န္ဒာမိပါ)

In: ဆောင်းပါး Posted By: Date: Sep 6, 2010
Comment #1

**နေပါစေဗျာ…
ယိုသူမရှက်.. မြင်သူရှက် ဆိုတာမျိုးပေါ့…
စိတ်မကောင်း ဖြစ်မိတာက သူတို့ရဲ့ မိဘတွေနဲ့ သူတို့ရဲ့ အသိ၊အတတ်ပညာပါ..။**

commentinfo By: sorrower.kl at Sep 8, 2010
Comment #2

ကြည့်ရတာစာရေးသူကမြန်မာပြည်မှာမရှိတာပဲနေမှာပါ……… ခုဒီမှာလဲဒီလိုတွေပဲဝတိနေကြပါတယ်……. စ မှာဆိုတာနဲနဲတော့တော်သေးတယ်…………..ဒီမှာပိုဆိုးပါတယ်…….. မမြင်သငိ့်တဲ့နေရာပြနိုင်တဲ့သူတွေကိုလဲချီးကျုးပါတယ်…….

commentinfo By: May Kha at Sep 9, 2010
Comment #3

ဟာ ဟုတ်လား ဘယ်လိုပြော၇မှန်းတောင် မသိတော့ပါ..ဟုတ်ပါတယ် ကျွန်တော်က ပြည်ပမှာပါ။ကြား၇တာ စိတ်မကောင်းပါ…ဘယ်လိုလုပ်ကြ၇မလဲ ဆိုတာလေး..

commentinfo By: dan at Sep 11, 2010
Comment #4

ဘယ်လိုမှ လုပ်လို့မရတော့ဘူး…
ကို Dan ရေ…..
ဗိုလ်ချုပ်ပြောခဲ့တဲ့… ကန်တော့ပါရဲ့
ဖာနိုင်ငံကြီး ဖြစ်မှန်းမသိ ဖြစ်နေပြီလေ…
ွကျွန်တော် လုပ်နိုင်တာကတော့..
မိန်းမယူရင်..သမီးမိန်းမလေး မမွေးမိအောင် ကာကွယ်ယုံပါပဲ…
ဟားဟားဟား….။

နောက်တာပါဗျာ….
ဒီကိစ္စဆွေးနွေးသင့်တဲ့ ကိစ္စပါ…
အဓိက ကတော့ဗျာ….
အသိပညာ ခေါင်းပါးမှုလို့ပဲ ယျေဘူရ ပြောရမှာပဲ
်ကလေးတွေကို အပြစ်ပြောဖို့ကြပြန်တော့လဲ ခက်ခက်ခက်ပဲလေ..
သူတို့ ဦးနောက်နဲ့ ဒါတွေကို ဘယ်စဉ်းစားနိုင်ပါ့မလဲ…
ဒီတော့.. ကျွန်တော်တို့ လက်လှမ်းမှီသလောက်…
သူတို့တွေကို… အသိပညာဖြန့်ဝေပေးနိုင် ရမှာပေါ့…ဟုတ်တယ်မလား…
ဆရာ့ဆရာ ကြီးတွေ ရဲ့ အဆုံးအမတွေ တစ်ပုံတစ်ပင်ကြီးပါ…
မဂ္ဂဇင်း ဆိုလဲ မင်းသားမင်းသမီးတွေ ပုံလောက်၊ အကြောင်းလောက်လေး ဖတ်ကြတာကိုးဗျ..
ဆောင်းပါးဆို… အများစုက ယောင်လို့တောင် လှန်ကြည့်ကြတာ မဟုတ်တော့…
သူတို့ ဦးနောက်ထဲကို မရောက်ဘူးဖြစ်နေတယ်လေ….
ဒီတော့…ဒီနေ့ internet ခေတ်ကြီးမှာ online ပေါ်မှာတော့ သူတို့တွေ အရှိများတယ်လေ….
ဒါကျွန်တော်တို့အတွက်..နည်းလမ်းကောင်းပဲပေါ့…
online ပေါ်က ပညာဖြန့်ဝေဖြင်းသာ… သူတို့ကို အဆင်သင့် ခူးခပ်ကြွေးမွေး ရာရောက်မလားလို့ပါ…
ဒီမှာက သိတဲ့အတိုင်းပဲ media လောက က ပညာပေးတာက နဲနဲရယ်…
မြှောက်ထိုးပင့်ကော် လုပ်နေတာ များများရယ်….
ဒါက… ကျွန်တော် စဉ်းစားမိတဲ့ နည်းလမ်းလေးတွေထဲက တစ်ခုပါ….

နောက်မှ အေးဆေးတိုင်ပင်ကြတာပေါ့ဗျာ…..

commentinfo By: sorrower.kl at Sep 11, 2010
Comment #5

ကျွန်မပြောတာမလွန်ပါဘူးနော်ကိုဒန် ……….. ခုဆိုနောင်လာနောက်သားတွေကိုစာဖတ်စေချင်လို့ကျွန်မတောင်မတက်တခေါက်နဲ့ ဆောင်းပါလေးရေးထားပါတယ်. အားပေးပီးဖတ်ပေးပါနော်.

commentinfo By: May Kha at Sep 11, 2010
Comment #6

ဟုတ်ကဲ့ပါ မမေခ အားပေးနေပါတယ်။ ကို sorrower ပြောတာလည်း ထောက်ခံပါတယ်။နောက်မှအေးဆေးမလုပ်ပါနဲ့ ဗျာ…အခုပဲ gmail လိပ်စာလေး ပေးလိုက်ပါလား။

commentinfo By: dan at Sep 22, 2010
Comment #7

right !တချို့  ဆိုရင် ရှက်ပြုံးတောင် မပြုံးတတ်ကြတော့ဘူးတဲ့

commentinfo By: master at Nov 10, 2010
Comment #8

အေးဗျာ … ရင်းမြစ်ကို လိုက်ကြည်.လိုက်တော. အဓိက တရားခံ တွေက ရုပ်ရှင် သရုပ် ဆောင် တွေ ဗျ..
ခင်ဗျား တို. တွေးကြည်.ရင် သိသာ ပါတယ် .. သူတို.ပဲ မြန်မာ ယဉ်ကျေးမှု. ကို ဖျက်ဆီးနေ ကြတာလို.ယူဆရမလို ဖြစ်နေတယ်။
လူငယ် ဆိုတာ အတုမြင် အတတ် သင်တတ် တဲ. အရွယ်လေးတွေလေ ..ကောင်းလား ဆိုး လား သေချာ မဆုံးဖြတ်တတ်ကြသေးတဲ. အရွယ် မှာ သူတို. အားကျ တဲ. သူ တွေက ဒါမျိုး တွေ ၀တ်တော. လိုက်ဝတ်ပြီပေါ.ဗျာ..အဲ..လူငယ်တိုင်း တော. မဟုတ်ပါဘူး …တချို. ကလေး တွေ ဆို ကိုယ်တွေ ထက်တောင်သိတတ်ကြသေးတယ်…
ပြီးတော. လူငယ် တွေ တွေးတာက နိုင်ငံခြားမှာ လည်း ဒါမျိုးတွေ ပဲ ၀တ်ကြ တယ် လို. ထင်နေကြ လား မသိပါဘူး ….
အဓိက က တော. ကျွန်တော် တို.ဆီက လူငယ်တွေ စာဖတ်အားနည်းတာလည်းပါတယ်။
စာဖတ်အား နည်းတော. မှား ? မှန်? မခွဲခြား တတ် တော.ဘူး ..။အုပ်ထိန်းသူ ပေါ် မှာ လည်း မူ တည် သေးတယ်။ ပြီးတော. ..
အင်း ..ရေးတာ နည်းနည်း များနေပြီ ..နောက်မှ ပဲ ထပ်ရေးတော.မယ်..
အဲ…ကျွန်တော် လည်း လူကြီး တယောက် မဟုတ်ဘူး နော်….လူငယ်ပါပဲ

commentinfo By: layaung at Dec 3, 2010
Comment #9

ကိုလရောင် ပြောချင်တာ ကို ဆက်ရေးပါ ဘာမှ အားနာစရာမရှိသော် ကိုယ်ပိုင်စာမျက်နှာလေးတွေပါ။

commentinfo By: dan at Dec 3, 2010
Comment #10

ကိုလရောင် ပြောချင်တာ ကို ဆက်ရေးပါ ဘာမှ အားနာစရာမရှိသော ကိုယ်ပိုင်စာမျက်နှာလေးတွေပါ။

commentinfo By: dan at Dec 3, 2010
Comment #11

ကိုဒန်ရေ လာဖတ်သွားတယ် . ..
မရေးတတ်တာ ရေးတတ်တာက အကြောင်းမဟုတ်ပါဘူးဗျ . . အကျိုးရှိတာ မရှိတာကသာ အကြောင်းဗျ။ ဒါကြောင့် ဆက်ရေးပါ ဒီလို ပညာပေးလေးတွေကို .. . .
ကျွန်တော့် ထင်မြင်ချက်လေး ချရေးခဲ့မယ်ဗျာ..
ကျွန်တော် ကိုလရောင်ပြောခဲ့တာလေးတချို့တ၀က်ကို ထောက်ခံတယ် ခင်ဗျ . . . လူငယ်တွေ အများစုက စာဖတ်အားအရမ်းနည်းကျတော့ ကောင်းတာဆိုးတာ ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိကြတော့ဘူး၊ အနုပညာရှင် အများစုက မကောင်းဘူးဆိုတာ လူတိုင်းသိနေကြတာချည်းပါပဲဗျ။ မကောင်းတာကို လိုက်အတုခိုးနေပါတယ် ဆိုမှတော့ ဒီလူငယ်တွေ ကိုယ်တိုင်ကိုက အသိဥာဏ်တွေ နိမ့်ဆင်းကုန်တာဗျ။
ဒါတွေကို လိုက်ဆက်စပ်နေရင် နိုင်ငံရေးတွေ ပါလာတော့မယ်ဗျာ ဒါကြောင့် ကျွန်တော်တို့လို ရှေ့ရေးကို ရင်လေးတတ်ကြသူအဖို့ကတော့ မိမိနိုင်သလောက်လေးတွေကို အကျိုးပြုမျှဝေကြတာပေါ့ဗျာ . ..
အမြဲအားပေးနေမယ်ဗျာ….
ကျွန်တော်လည်း ကိုလရောင်လို လူငယ်ထဲက လူငယ်တစ်ယောက်ပါဘဲဗျာ . . .

Comment #12

Right! မိန်းကလေး တစ်ယောက်ဖြစ်ပေမယ့် ခုခေတ်မိန်းကလေးတော်တော်များများရဲ့ ၀တ်စားဆင်ယင်ပုံကို လိုက်မမီနိုင်တော့ပါဘူး။ ဒီလိုပြောလို့ ရှေးခေတ်အဖွားကြီးလို့တော့ ထင်တော်မမူလိုက်ကြပါနဲ့။ အများတကာနည်းတူ ခေတ်မီမီလူငယ်ပါပဲရှင်။ ခေတ်တော့မလွန်ဘူးပေါ့ရှင်။ ယခုလို post များကို တတ်အားသမျှ ရေးစေချင်ပါတယ်။

commentinfo By: Htoke Htoke at Dec 28, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment