Follow us on Facebook Follow us on Twitter Subscribe RSS Feed
Birthday

Total Masterpieces11613 masterpieces

Total Comments 34823 comments

Total Members3729 members

Total Authors974 pc authors

Follow US!

Followers
23
Fans
1,013
Subscribers
108

Support Us!

Choose donation amount:

$ 10 raised.

Professional Authors

PoemsCorner Authors

ကျွန်ုပ်တို့ နှင့် ငွေ စက္ကူ

ကျွန်တော် ဒီအကြောင်းကို ရေးချင်နေတာကြာပါပြီ။ တကယ် တမ်းတော့ ကျွန်တော် ရေးတတ်လို့ ရေးတာမဟုတ်ပါဘူး ထင်တာမြင်တာ
မျိုးတွေ တွေ့နေ မြင်နေတာတွေကို မနေနိုင်လွန်းလို့ ရေးကြည့်တာပါ။ ရေးတာမကောင်း ရင်တော့သီးခံ ကြပါခင်ဗျာ။
          ငွေကြေးဟူပြီးပေါ်ပေါက် လာခဲ့တာက ကြာပါပြီ။ ဟိုးအရင် ငွေကြေး မသုံးစွဲခင် ကတော့ ထုတ်ကုန်တွေ ထွက်ကုန်တွေ ကိုလှဲလည် သုံးစွဲခဲကြတာပေါ့။အဲ့ ဒီနောက်မှာ တန်ဖိုးမြင့်မားတဲ့ ကျောက်သံပတ္တမြားနဲ့ရွှေငွေ တို့ကို အစားထိုးသုံးစွဲလာကြတယ်လို့ သိရတယ်။ အရင်ခောတ်တုံးက (ကျောက်ခေတ်ကိုပြောတာပါ)ကျောက်တုံးတွေကို ငွေကြေး အဖြစ်နဲ့သုံးကြတယ်တဲ့။ အဲ့ဒီ ထင်မြင် ယူဆချက်ကိုတော့ ကျွန်တော်သိပ်လက်မခံ ချင်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျောက်တုံးတွေက နေရာတကာ တွေ့နေရတာလေ
အဲ့ဒီ အလွယ်တကူတွေ့နေရတာကို ငွေကြေး အဖြစ်သုံးစွဲ ခဲ့ပါက ငွေကြေးဖောင်းပွမှု့ တွေဖြစ်လာနိုင်တယ်လေ။ အဲ့ ပြီးတော့ ငွေကြေးနဲ့ပါတ်သတ်ပြီးရန်ဖြစ်လာခဲ့လို့ရှိ ရင် အဲ့ ဒီကျောက်တုံးတွေက အလွယ်တကူ ကောက်ထားကြတာဆိုတော့ တစ်ယောက်နဲ့တစ်ယောက်ဒေါသထွက်ရင် ကောက်ပေါက်နိုင်ပါတယ်။  ဒီကြားထဲမှာတော့ငွေဒင်္ဂါးသွန်းလုပ်မှု့တွေလည်းရှိခဲ့တယ်။
ဒါ့ကြောင့်ငွေဒင်္ဂါးတွေကို အဆင့်သွန်းလုပ်လာကြတယ်။ဒါပေမယ် ငွေဒင်္ဂါးသွန်းလုပ်တဲ့ဈေးနှုန်းက ငွေကြေးဈေးနှူန်းနဲ့ မညီမျှဘူးဖြစ်နေတယ်လေ။
                   တဖြည်းဖြည်းနဲ့ခေတ်တွေပြောင်းလာခဲ့တယ်လေတီထွင်မှု့တွေ  ပေါ်ထွန်းလာခဲ့တယ်လေ။ စက္ကူပြုလုပ်ပုံ ကို တရုတ်လူမျိုးတို့ က စတင်တွေ့ရှိခဲ့တယ်။တဖြည်းဖြည်းနဲ့ ငွေကြေးကို စက္ကူ ပေါ်မှာ အမှတ်အသားစည်းတံဆိပ် တို့ပြုလုပ် ပြီးငွေပေါင်တင် ကာ ငွေကြေးပြုလုပ်ကာ သုံးစွဲခဲ့တာယခုထက်ထိတိုင်ပေါ့။ဒါပေမယ့် ငွေစက္ကူသုံးစွဲမှု့မှာလည်း အားနည်းချက်တို့ ရှိလာပြန်တယ် အဲ့ဒါကတော့ ကျွန်တော်တို့ အခုကြုံတွေ့နေရတဲ့ ပြသာနာပဲပေါ့။ ဒါကတော့ ငွေစက္ကူ ဟာဆွေးမြေ့ဟောင်းနွမ်းပြီး
ရေစိုမခံ ကြာရှည်မခံ ခြင်းတို့ပဲဖြစ်ပါတယ်။ ဒီပြသာနာကို ဖြေရှင်းဖို့စဉ်းစား ကြတာနည်းလမ်းကောင်းအချို့ထွက်လာကြတယ်။
အဲ့ဒါတွေက တော့ ငွေစက္ကူ ကို ပလတ်စတစ် လောင်းကာ သုံးစွဲလာကြတယ် ဒီသုံးစွဲနည်းကို စင်ကာပူ နိုင်ငံငွေကြေးဖြစ်တဲ့ စင်ကာပူဒေါ်လာတွင်တွေ့နိုင်ပါတယ်။ နောက်တစ်နည်းက တော့ ငွေစက္ကူ တွန့်ခေါက်ကြေသွားပါက လက်မခံခြင်းပဲဖြစ်ပါတယ်။
ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံအတွက်က တော့ ထိုနည်းလမ်းက အလွန်သင့်တော်တယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးများမှာ အလွန်အားနာတတ်ပြီး  အလွယ်သုံးတတ်တဲ့လူမျိုးများဖြစ်ပါတယ်။ ကျွန်တော်တို့ ပါတ်ဝန်းကျင်မှာတွေ့နေရတဲ့ ငွေစက္ကူအချို့ မှာ တော်တော် ကြီး ဟောင်းနွမ်းယို့ယွင်းနေတာ ကိုတွေ့ရပါတယ်။ဒါကတော့ ကျွန်တော် သာမက မိဘပြည်သူအပေါင်းတွေ့နေရတဲ့ ငွေစက္ကူနဲ့ပါတ်သတ်တဲ့ အဓိက ပြသာနာလို့ပဲ ကျွန်တော်ထင်ပါတယ်။ ဒီလို ဟောင်းနွမ်းသွားတာဟာသူ့(ငွေစက္ကူ)ဟောင်းနွမ်းပျက်ဆီးသင့်တဲ့ အချိန်မဟုတ်ဘဲ အချိန်မတန်ဘဲ စောစော ပျက်ဆီးရတဲ့ အကြောင်းအရင်း ငွေစက္ကူ ကို ပြီးစလွယ်ကိုင်တွယ်သုံးစွဲ ခြင်းကြောင့်ဖြစ်ပါတယ်။
                    ကျွန်တော်တို့ သုံးစွဲ ပုံနည်းမှန်ကန်ပါက ငွေစက္ကူ ယခုကဲ့သို့ ပျက်ဆီးချိန်မတန်ဘဲ ဟောင်းနွမ်းယို့ယွင်းမှု့ ၊ဟိုလူမယူ
ခြင်၊ဒီလူမယူခြင် ဖြစ်လိမ့်မည်မဟုတ်ဟု ကျွန်တော်ထင်ပါသည်။ ကျွန်တော် တို့ လေ့လာကြည့်ပါက ငွေစက္ကူ ကိုင်တွယ် အသုံးပြုရာတွင် ဥပမာ သားငါဈေးသည်တို့ ဆိုလျှင် သားငါးခုတ်ရန် ရှိသည့် အတွက် ငွေစက္ကူ ကို ရေ၊သွေးအညှီ စသည်တို့ ပေရေနေသောသူ့ ဈေးခုံပေါ်သို့ လွယ်လင့်တကူတင်ကာ ဈေးရောင်းဝယ်လေ့ရှိသည်။ပြီးတော့ သူတို့သည် ငွေကို လုံးကျစ်ပြီး ရင်ဘတ်ကြားထဲ ထည့် ချွေးတစ်လုံးလုံးနဲ့ပေါ့ ကျွန်တော်သာ ငွေစက္ကူသာ ဖြစ်လို့ရှိရင် တော့ မစဉ်းစားဝင့်စရာပဲ။အဲ့ ပြီးတော့ အချို့ ယာဉ်နောက်လိုက်များ က ခရီးသည်များသည့်အခါများတွင် ပိုက်ဆံ(ငွေစက္ကူ)သိမ်းရန်အတွက် အချိန်မရသည့် အတွက်လွယ်လင့်တကူ  ဆုပ်ကိုင် ထားလေ့ရှိသည့်။ ထိုအချက်များ သည် ငွေစက္ကူ များကို အပြစ်တစ်ရာ အဖာဗရပျစ် ဖြစ်စေလေသည်။
                      ထိုသို့ ငွေစက္ကူကို လွယ်လင့်တကူသုံးစွဲ မှု့သည် ငွေစက္ကူ ကိုသာ မက ကျွန်ုပ်တို့ ကျန်းမာ ရေးကို ထိခိုက်စေနိုင်
လေသည့် အထိ ဖြစ်ပေါ်လာလေသည်။ ယခု ရှာဖွေတွေ့ ရှိချက်များအရ ငွေစက္ကူ တွင် တီဘီ နှင့် အခြားကျန်းမာရေးကိုဆိုးဝါးစွာ
ထိခိုက်စေနိုင်သော ဗိုင်းရပ်စ် ပိုးများဖြစ်ပွားခို အောင်းနိုင်လေသည် ။ ထိုပိုးများသည် ငွေစက္ကူ တွင်ခိုအောင်းကာ လူတစ်ဦးဆီ မှ နောက်တစ်ဦးဆီသို့ ဖြန့်ဝေနေလေသည်။ ကျွန်တော် ကိုယ်တိုင်တွေ့ ကြုံခဲ့ရသော အဖြစ်အပျက် တစ်ခုကို တင်ပြချင်သေးပါသည်။
စူပါမားကတ်ကြီး တစ်ခုတွင် ကျွန်တော်နဲ့ အတူ ငွေရှင်းကောင်တာတွင် ရပ်နေ သော တိုးရစ် စုံတွဲ နှစ်ယောက်လဲ ရှိသည်။ ကောင်တာမှ ကောင်မလေးက ကျသင့်ငွေကို ပြောသောအခါ သူတို့ အိတ်ထဲ တွင်ပါသော စာအုပ်ကိုထုတ်လေသည်။ ကျွန်တော်က စဉ်းစားတာပေါ့နော် နားမလည်လို့ အဘိဓာန်ရှာတာပေါ့နော် ဘယ်ဟုတ်မလဲ သူ့စာအိတ်ထဲ မှာ က တစ်ထောင်တန် အသစ်ချွတ်ချွတ်လေး ကို ထုတ်ကာ ကျသင့် ငွေကို ရှင်းလေသည်။ တယ် စည်းကမ်း ရှိတဲ့ လူတွေပေပဲ အဲကောင်တာ က ကောင်မလေး က ကျသင့်ငွေကို ယူကို ပိုငွေကို ပြန်အမ်းလိုက်လေသည် ။ ထိုအခါမှာ ပြသာနာ က စတာပါပဲ ကောင်းမလေး အမ်းလိုက်တဲ့ ငွေအကြွေတွေ က တော်တော်လေး နွမ်းနေတယ်လေ အဲ့ဒီ အကြွေငွေစက္ကူ ကို အမ်းတော့ တိုးရစ်ကြီး တွေ က အဲ့ ဒီ ငွေစက္ကူ တွေကို မယူဘူး ဘေး ကို တွန်းပယ်လိုက်တယ် ပြီးတော့ ပြန်အမ်းငွေတောင်မယူဘူး ထွက်သွားကြတာပါပဲ။
                  ထိုအဖြစ်အပျက် မှာ တွေ့ ရတာ ကကျန်းမာရေးနဲ့ ပါတ်သတ်ပြီး  နားလည် တဲ့လူတွေလို့ သိနိုင်ပါတယ်။
ကျွန်တော်တို့ အထူးသဖြင့် ထိုငွေစက္ကူတွေကို တယုတယ နဲ့တောင်နမ်းကြသေးတယ်လေ။ ဘယ်လောက်တောင်ကူးလိုက်မလဲ ဗျာ။
ကျွန်တော် တို့ သတိမပြု စည်းကမ်းမရှိမှု့ ကြောင့် ရောဂါဘယတွေ ထူပြောမယ်ဆိုဘယ်ကောင်းပါမလဲ။ဒါကြောင့် အသေးအဖွဲ ကစပြီး အကုန်အကျ မများရအောင် ငွေစက္ကူ များကို ဂရုတစိုက် ကိုင်တွယ်သင့်ပါတယ်။ စည်းကမ်း ကျန စွာကိုင်တွယ် မှ ကိုယ်လည်းစိတ်ချမ်းသာ ကျန်းမာရေးအတွက်လည်းဂရု စိုက်ပြီးသားဖြစ်သွားမှာပေါ့။

In: ဆောင်းပါး Posted By: Date: Aug 25, 2010
Comment #1

100% right

commentinfo By: ei lay at Jan 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment


Most Commentators

  • ei lay (3940)
  • အသဲကွဲမိုး (1957)
  • May Kha (1444)
  • poem.poem28 (1300)
  • လုလင်ငယ်သွေး (1112)